Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Tuesday, March 3, 2015

လယ်တီဆရာတော်ဘုရားကြီး၏ ကြုံးဝါးသံ တေးထပ်



    ဒလ တောတန်းကြီး ဆပဂံတောရ၌ အာနာပါန ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်တော်မူ၍

ကမ္မဋ္ဌာန်းအလုပ်စခန်းလိုအင်ပြီးမြောက် ခရီးရောက် အောင်မြင်တော်မူရာ အားရနှစ်သက် ပီတိအဟုန်

ကိုယ်လုံး ထုံစဉ်အခါ ရေးသားတော်မူအပ်သော ကြုံးဝါးသံ တေးထပ်ဖြစ်သည်။


Saturday, September 28, 2013

လယ်တီဆရာတော်ကြီး ရေးသားတော် မူအပ်သော သံဝေဂ လင်္ကာများ



     လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော သံဝေဂ လင်္ကာများ

      ၁။ နုနည် ရုပ်ဆင်း၊ ပျို မြစ်ခြင်းကား၊ အိုမင်း နောက်ဆုံး ရှိချေ၏။

      ၂။ ဥစ္စာ ဆင်, မြင်း၊ ပေါများခြင်းကား၊ ယိုယွင်း နောက်ဆုံး ရှိချေ၏။

Sunday, September 22, 2013

မဟာလယ်တီ ဆရာတော်ဘုရာကြီး၏ ၀ိပဿနာ အားထုတ်နည်း




      မဟာလယ်တီဆရာတော်ဘုရားကြီးသည် တပည့် သာဝကတို့အား ၀ိပဿနာအလုပ်ကို အထူး

အားထုတ်စေလိုသည်။ သို့အတွက်ကြောင့် ဆရာတော်ကြီးသည် ဤသို့ မိန့်တော်မူသည်။

Thursday, September 19, 2013

အံ့ဖွယ်အလီလီ မြတ်လယ်တီ



                             အံ့ဖွယ်အလီလီ မြတ်လယ်တီ

    သက္ကရာဇ် ၁၂၄၁ ခုနှစ် ဖြစ်ပါသည်။
   
    မဟာလယ်တီ ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့ စံကျောင်းဆရာတော်ထံ ပညာသင်ကြား

နေဆဲ အချိန်တွင် စံကျောင်းဆရာတော်ကြီး၏ အန္တေ၀ါသိက တပည့်ကြီးများ ဖြစ်ကြသော လုံပဏ်

လင်းပဏ် ဤနှစ်တန် ဘယ်ပဏ်သာ၍ တတ်သနည်း ဟု ပညာရှိများ နှုတ်၌ အထပ်ထပ် ရွတ်ဆို

ခံရသော စလင်း ဦးပဏ္ဍိစ္စနှင့် အလုံဦးပဏ္ဍိစ္စ နှစ်ပါးတို့အတွက် ဖြစ်ပေါ်လာသော အမေးပုစ္ဆာ


Monday, September 16, 2013

ကျေးဇူးရှင် လယ်တီဆရာတော်ကြီးရေးသားတော်မူသော သတ္တဌာန ဘုရားရှိခိုး


    မဟာဗောဓိပင် အပရာဇိတ ပလ္လင်တော်မှ စ၍ သတ္တဌာန စမ္ပယ်တော်မူနေပုံကို ရည်စူး၍ ဖွဲ့နွဲ့

သီကျူးအပ်သောသတ္တဌာန ဘုရားရှိခိုး



Monday, September 9, 2013

လယ်တီဆရာတော်ကြီး ရေးသားတော်မူသော ပိဋကတ် အစွယ်ချိုး တေးထပ်



    ပိဋကတ် အစွယ်ချိုး တေးထပ်

    (မုံရွာမြို့အနီး ဆားထုံးရွာနေ တပည့် မောင်ရောင်နီကို ဆုံးမသော တေးထပ်)




    တစ်ပိုင်းကြောင် ကျက်စာရရုံနဲ့၊ ခက်ပါလှ သဘောဉာဏ်၊

    ထက်မာန အပြောသန်တယ်၊ ဒေါသမာန် ထူပွား၊

    စောဒက တုဖက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့ လူစား။


လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူသော “နွားမေတ္တာစာ”




        ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားတော်မူသော နွားမေတ္တာစာ မှ ကောက်နှုတ်ချက်

         ၁၂၄၇ ခုနှစ်၊ အင်္ဂလိပ်မင်း ၀င်စတွင်၊ မုံရွာမြို့၊ လူကြီး လူကောင်းအပေါင်းတို့တောင်းပန်ချက်

အရ၊ ရေးသားတော်မူအပ်သော မေတ္တာစာ

Wednesday, September 4, 2013

ကျေးဇူးရှင် လယ်တီဆရာတော်ကြီးက တပည့်မောင်သြဇာကို ဆုံးမခဲ့သော တေးထပ် (၃)



  

    မတူတန် တုဘက်က၊ မှုအချက် မှားရန်၊

    လက်ပန်မြိုင် ဌာနစံငယ်၊ အာဂမာန် ပိတ်ဖုံး၊

    ရှားတောငှက် ဂနိုင်စံကို၊ မပြိုင်တန် သင်းပြိုင်လို့ရှုံး။


Saturday, August 31, 2013

ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားတော်မူသော ဒီပယင်း သေရည်သေရက် မေတ္တာစာ



            လယ်တီဆရာတော်ဘုရားကြီးသည် ဒီပဲယင်းသေရည်သေရက် မေတ္တာစာကို ဒီပဲယင်း ဒါယကာ၊

ဒါယိကမများ လျှောက်ထားတောင်းပန်ချက်ကြောင့် ၁၂၄၉ ခုနှစ်တွင်ရေးသားတော်မူခဲ့ပါတယ်။ ဤမေတ္တာ

စာတွင် လောကအကြောင်း၊ ဓမ္မအကြောင်း၊ သမိုင်းကြောင်းတွေကို ပြည့်စုံစွာ ဖေါ်ပြထားပါတယ်။ သေရည်

သေရက်သောက်သုံးသူများ အပြစ် ၆ ပါးနှင့် ကြုံတွေ့ရကြောင်း၊ ပစ္စုပ္ပန်မျက်မှောက်ဘ၀မှာ ဆင်းရဲဒုက္ခ

ခံစားရသလို နောင်သံသရာမှာလည်း မကောင်းနိုင်ကြောင်းကို ယခုလို ရေးသားဖေါ်ပြထားပါတယ်။


Friday, August 30, 2013

ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားတော် မူသော နိဗ္ဗိန္ဒ တေးထပ် (၁)



    အ၀ိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ပြင်ပြင်၊
   
    ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊

    အရွတ်စု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဖို့ ဖန်နဲ။


Tuesday, August 27, 2013

ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးက တပည့် မောင်သြဇာကို ဆုံးမခဲ့သော တေးထပ် (၁)




    ပစ္စည်းရှာ အလုပ်နှင့်၊ နေ့ပုပ်လို့ ရက်ဟုန်၊

    နှမျောလို့ အသက်ကုန်တယ်၊ တွက်ပုံဖြင့် မကောင်း၊

    ခုလိုနှင့် သံသာဗွေမှာ၊ ခန္ဓာတွေ များခဲ့စတောင်း။


န၀မ လယ်တီ ဆရာတော် ဦးကေလာသ၏ ထပ်တွန့် ရှစ်ဆယ်ပေါ် သံဝေဂတေးထပ်

   
       ကံနှစ်ဖြာ ဖန်လာ ခန္ဓာဝဋ်၊ မာန်တဏှာ ညွတ်ဝိုင်းလှည့်ကာ၊ ရန်ဘယာ မလွတ်၊ သိုင်းဖွဲ့ကာငယ်၊

 စိုင်းခဲ့ ဖန်ခါ၊ သံသရာတွင်း၊ အိုဘေး အထပ်ထပ်၊ နာဘေး အရပ်ရပ်၊ သေဘေး မပြတ်မလပ်၊

ဆုံရပါသည်၊ ဘုံဘ၀ ဓမ္မတာ ကြုံရပါကြ မယွင်း။



Saturday, August 24, 2013

လယ်တီ ဆရာတော်ကြီး ရေးသားတော်မူသော စိုင်ပြင် သေရည်သေရက် မေတ္တာစာ



              ကျေးဇူးရှင် ပထမ လယ်တီဆရာတော်ဘုရားကြီးသည် သေရည်သေရက် မေတ္တာစာ နှစ်ပုဒ်

ရေးသားခဲ့ပါတယ် ပထမမေတ္တာစာကတော့ ၁၂၄၈ ခုနှစ်မှာ ရေးသားတော်မူတဲ့ “စိုင်ပြင် သေရည်သေ

ရက် မေတ္တာစာ” ဖြစ်ပြီး၊ ဒုတိယ မေတ္တာစာကတော့ ၁၂၄၉ ခုနှစ်မှာ ရေးသားတော်မူသော “ဒီပဲယင်း

သေရည်သေရက်မေတ္တာစာ” တို့ ဖြစ်ပါတယ်။
   

ကျေးဇူးတော်ရှင် ပထမ လယ်တီဆရာတော်ကြီး၏ ၀ါဆိုစဉ်နှင့် ၀ါဆိုတော်မူခဲ့ရာ ဌာနများ




 ၁၂၀၈ ခုနှစ်၊ နတ်တော်လဆန်း (၁၃) ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ 

          စိုင်ပြင်ရွာတွင် ဖွားမြင်။

၁၂၂၃ ခုနှစ်၊ အသက် (၁၅) နှစ်သား သာမဏေအဖြစ်သို့ ရောက်သည်။

၁၂၂၈ ခုနှစ်၊ အသက် (၂၀) ရဟန်းအဖြစ်သို့ရောက်သည်။

၁၂၂၉ ခုနှစ်ထိ စိုင်ပြင်ရွာ။  (၁) ၀ါ။

၁၂၃၀ မှ ၁၂၄၄ ခုနှစ်ထိါ မန္တလေးမြို့ မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်၍ ထိုထို

ပိဋကတ်

          များကို သင်ယူတော်မူသည်။ (၁၆) ၀ါ။

၁၂၄၅ ခုနှစ်၊ မုံရွာမြို့ တောင်ကုန်းဘုရားအနီး ၀ါဆို၏။ (၁၇) ၀ါ။

၁၂၄၆ - ၁၂၄၇ - ၁၂၄၈ ခုနှစ်၊ မုံရွာမြို့၊ ညောင်တစ်ပင်ရပ် သင်္ဂြိုဟ် ဦးဝိုင်းကျောင်း။ (၂၀) ၀ါ။

၁၂၄၉ မှ ၁၂၅၇ ခုနှစ်အထိ၊ မုံရွာမြို့ မဟာလယ်တီတိုက်ကြီးအတွင်း (၉) ၀ါ ဆိုတော်မူသည်။  (၂၉) ၀ါ။

၁၂၅၈ ခုနှစ်၊ ဒလမြို့၊ ဆပဂံတောရ။ (၃၀) ၀ါ။

၁၂၅၉ - ၁၂၆၀ ခုနှစ်၊ မုံရွာမြို့ မဟာလယ်တီတိုက်။ (၃၂) ၀ါ။

၁၂၆၁ ခုနှစ်၊ မုံရွာမြို့အနီး လယ်ဇင်ရွာ ဓမ္မိကာရုံတိုက်။ (၃၃) ၀ါ။

၁၂၆၂ ခုနှစ်၊ မဟာမြိုင်တော။ (၃၄) ၀ါ။

၁၂၆၃ - ၁၂၆၄ ခုနှစ် အလုံမြို့တစ်ဖက်ကမ်း ရွှေတောင်ဦး။ (၃၆) ၀ါ။

၁၂၆၅ ခုနှစ်၊ မုံရွာမြို့ အနောက်ဘက် လက်ပန်တောင်းတောင်။ (၃၇) ၀ါ။

၁၂၆၆ ခုနှစ်၊ ပျဉ်းမနားမြို့ အင်ကြင်းမြိုင် တောရ။ (၃၈) ၀ါ။

၁၂၆၇ ခုနှစ်၊ မြင်းခြံမြို့။ (၃၉) ၀ါ။

၁၂၆၈ ခုနှစ်၊ ပြည်မြို့ ၀ိပဿနာကုန်း တောရ။ (၄၀) ၀ါ။

၁၂၆၉ ခုနှစ်၊ မင်းလှမြို့ ပက်တန်းတောရ။ (၄၁) ၀ါ။

၁၂၇၀ ခုနှစ်၊ မော်လမြိုင်မြို့၊ အလန်တိုင်တောင်ထိပ်၊ ကျိုက်သံလံ ဘုရားအနီး ၀ါဆိုကျောင်း။ (၄၂) ၀ါ။

၁၂၇၁ ခုနှစ်၊ သာပေါင်းမြို့။ (၄၃) ၀ါ။

၁၂၇၂ ခုနှစ်၊ မုံရွာမြို့ မဟာလယ်တီတိုက် (၄၄) ၀ါ။

၁၂၇၃ ခုနှစ်၊ ရန်ကုန်မြို့ ညောင်ကုန်းတိုက်။ (၄၅) ၀ါ။

၁၂၇၄ ခုနှစ်၊ စစ်ကိုင်းမြို့။ (၄၆) ၀ါ။

၁၂၇၅ - ၁၂၇၆ - ၁၂၇၇ ခုနှစ်၊ မန္တလေးမြို့၊ လယ်တီစံကျောင်း။ (၄၉) ၀ါ။

၁၂၇၈ ခုနှစ်၊ ပျဉ်းမနားမြို့ ၊ အင်ကြင်းမြိုင် တောရ။ (၅၀) ၀ါ။

၁၂၇၉ ခုနှစ်၊ မုံရွာမြို့၊ မဟာလယ်တီတိုက်၌ နောက်ဆုံး ၀ါဆိုတော်မူသည်။ (၅၁) ၀ါ။

၁၂၈၀ ခုနှစ်၊ မြစ်သားမြို့။ (၅၂) ၀ါ။

၁၂၈၁ ခုနှစ်၊ ရန်ကုန်မြို့ ကျောက်ဝိုင်းကျောင်း (၅၃) ၀ါ။

၁၂၈၂ ခုနှစ်၊ ကတွန် သတ္ထုတွင်းတိုက်။ (၅၄) ၀ါ။

၁၂၈၃ ခုနှစ်၊ စစ်ကိုင်းမြို့ ဇေတ၀န် ဆေးတိုက။် (၅၅) ၀ါ။

၁၂၈၄ ခုနှစ်၊ ပျဉ်းမနားမြို့၊ လယ်တီစံကျောင်း။ (၅၆) ၀ါ။

         သက်တော် (၇၇) နှစ်၊ ၀ါတော် (၅၆) ၀ါအရတွင် ပျဉ်းမနားမြို့၊ လယ်တီစံကျောင်း၌ ၁၂၈၅ ခုနှစ်၊

ပဌမ၀ါဆိုလပြည့်နေ့

         နေ့လည် (၂) နာရီ၊ မိနစ် (၃၀) အချိန်တွင် ပျံလွန်တော်မူသည်။

Friday, August 23, 2013

မဟာလယ်တီ ဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့သော ခုနှစ်နေ့ ဘုရားရှိခိုး လင်္ကာ




                                     ကြာသပတေးနေ့ ပဋိသန္ဓေယူ

၁။ သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင်၊ သောင်းခွင် စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊

    တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့

    ကြည်ဖြူ၊ သန္ဓေယူသည်။    ။ နတ်လူငြိမ်းဖို့ ကိန်းပါကို။ 


Monday, August 19, 2013

မုံရွာမြို့ မဟာလယ်တီ ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာပုံ အကျဉ်း

    


       မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၈၆ ခုနှစ် တပို့တွဲလ ဥပုသ်နေ့ တစ်နေ့တွင်

မဟာလယ်တီဆရာတော် လောင်းလျာ ဦးဥာဏဓဇသည် မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ် ကုလုပ်

ကျေးဇူးတော်ရှင် ပထမ မဟာလယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်း

    ဆရာတော်ကြီး ဖွားတော်မူစဉ်က နိမိတ်ပြခဲ့သော မန်ကျည်းပင်ကြီးအား ယခုထက်ထိတိုင်

               နှစ်ပေါင်း (၂၀၀) ခန့် စည်ပင် ဝေဆာလျှက်ရှိကြောင်း တွေ့ရသည်။

    လယ်တီ ဆရာတော်ကြီး မွေးဖွားစဉ်က ထူးဆန်းသော နိမိတ်ကြီးပြခဏ်း သရုပ်ဖေါ် ပန်းချီကား



 ဒီပဲယင်းမြို့

   
 မဟာလယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီကျမ်းအဆိုအရ ဇမ္ဗူဒီပါကျွန်းနေသူ အပေါင်းတို့

ရွှင်ပြုံးကြည်လင်စေနိုင်ရန် ဆွဲဆောင်မှုအား ရှိသောမြို့ဟု အဓိပ္ပါယ် ရသည်။


Friday, August 16, 2013

မြင့်မိုရ်တောင် ဘယ်မှာရှိသလဲ

အမေး(၃) တပည့်တော်စိုးမင်းနိုင် (soeminnaing@gmail.com)

အရှင်ဘုရား

              မြင့်မိုရ်တောင် ဘယ်မှာ ရှိလဲ ဘုရား..တစ်ယူဇနာက ဘယ်လောက် ရှိလဲ၊ကမ္ဘာကနေ နေဆီ

Tuesday, August 13, 2013

ငါးပါးသီလ မလုံရင် ငရဲကို သေချာပေါက် ကျမှာလား

အမေး(၂) မနန်းကြူကြူလွင် (virtueloyalty@gmail.com)

        အရှင်ဘုရား ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်အရှင်ဘုရား။ တပည့်တော်သည်

နိုင်ငံခြားသားခရစ်ယာန်တစ်ယောက်နှင့်ဘာသာရေးအကြောင်း ပြောဖူးပါသည်။ ထိုသူက ငါးပါးသီလ

Related Posts Plugin for WordPress, Blogger...