ကြာသပတေးနေ့ ပဋိသန္ဓေယူ
၁။ သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင်၊ သောင်းခွင် စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့
ကြည်ဖြူ၊ သန္ဓေယူသည်။ ။ နတ်လူငြိမ်းဖို့ ကိန်းပါကို။
သောကြာနေ့ ဖွားမြင်
၂။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊
သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ ။ နတ်လူ
အောင်မြို့ လမ်းပါကို။
တနင်္လာနေ့ တောထွက်
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊
တောရပ်လှုံသည်။ ။ စုံမြိုင်ပင်ရိပ် ခန်းမှာကို။
ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်
၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊
ဆင်မင်းနေ့ဝယ်၊မြေ့ပရမေ၊ ပလ္လင်ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျှက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊
အလင်း ပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်။ ။
သုံးဘော်လူတို့ ငြမ်းပါကို။
စနေနေ့ ဓမ္မစကြာဟော
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊မိန့်မြွက်ထွေပြား၊ ဟောဖေါ်ကြားသည်။ ။
တရားနတ်စည် ရွမ်းတယ်ကို။
အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက် သ သူ၊ နတ်လူ ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖေါင်ကူးတို့ဖြင့်၊
ဆောင်ပို့ပြီးခါ၊ ၀ါ လေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊
အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။ ။ ၀ှမ်းဆူသောင်းလုံး ကျော်တယ်ကို။
တနင်္ဂနွေနေ့ တေဇောဓါတ်လောင်
၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရောက်ကဆုန်၊ လဆုတ်ကြုံ၍၊
ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓါတ်တေဇောလျှင်၊ ရှင်စောဥာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊
လျှံတက်ကော်ရော်၊ မီးပူဇော်သည်။ ။ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
ဆုတောင်း
ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျှက်၊ သုံးလူတို့နတ်၊
မြတ်ထက်မြတ်သား၊ ကိုတော်ဖျားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်။
ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်ဝ်။
အဆုံးဘ၀ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို၊
“ တရားစည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆယ့်တစ်ဖန်၊ ငြိမ်းရာမှန်သည်။ ။ နိဗ္ဗာန်အောင်မြို့
ရောက်စေသော်ဝ်။
သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို ၊ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၍၊
ရှိခိုးပါရ၊ ဤပုညကြောင့်၊ ဒိဌမျက်မြင်၊ ဘ၀တွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုး
ကြွယ်လျှက် ဆယ်ဖြာအညီ၊ ပါရမီနှင့်၊ ဆယ်လီပုည၊ မြတ်ဓမ္မလည်း၊ နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်။
သက်ဇိုးဝ်ကြာမြင့် ရှည်စေသော်ဝ်။
ဘ၀တစ်ဘန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်
စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်လင်း၊ လင်းရာတမူ၊ လူကောင်း နတ်ကောင်း၊ ဘ၀ကောင်း၌၊
ညွတ်ညောင်းသန္ဓေ၊ တိဟိတ်နေ၍၊ ဆွေလယ်မျိုးလယ်၊ တန်ခိုးကြွယ်သည်။ ။ လ နှယ်ထွန်းတင့်
ပါစေသော်ဝ်။
အသိအလိမ္မာ၊ ဥာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဘော်၊
သတင်းကျော်လျှက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက်စင်ဖြူ၊ အလှူရေစက်၊
လက်နှင့်မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွှန်းစိုသည်။ ။ကုသိုလ်
ကိုယ်လုံး ထုံစေသော်ဝ်။
ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်မာရ်စစ်၊ အောင်ပွဲလှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့်
ချုံးလျှက်၊ ရွှေဘုန်းစိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊
အထူးကြည်ညို၊ ဘုန်းရိပ်ခိုသည်။ မဂ် - ဖိုလ် - နိဗ္ဗာန် ရောက်စေသော်ဝ်။
အမျှဝေ
သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ အရိယာအား၊ ရတနာမိုဃ်း၊ ရွာသွန်းဖြိုးသို့၊
ကိုးပါးခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံ ချီးကျူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှိခိုးရသည့်၊
ပုညကုသိုလ်၊အဘို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင်ဆရာ၊ ဉာတကာက၊ သတ္တ၀ါအများ၊ နတ်တို့
အားလည်း၊ ရငြားပါစေ၊ မျှဝေပေးသည်။ ။ ကောင်းထွေ သာဓု ခေါ်စေသော်ဝ်။ ။
No comments:
Post a Comment