Monday, August 19, 2013

ကျေးဇူးတော်ရှင် ပထမ မဟာလယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်း

    ဆရာတော်ကြီး ဖွားတော်မူစဉ်က နိမိတ်ပြခဲ့သော မန်ကျည်းပင်ကြီးအား ယခုထက်ထိတိုင်

               နှစ်ပေါင်း (၂၀၀) ခန့် စည်ပင် ဝေဆာလျှက်ရှိကြောင်း တွေ့ရသည်။

    လယ်တီ ဆရာတော်ကြီး မွေးဖွားစဉ်က ထူးဆန်းသော နိမိတ်ကြီးပြခဏ်း သရုပ်ဖေါ် ပန်းချီကား



 ဒီပဲယင်းမြို့

   
 မဟာလယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီကျမ်းအဆိုအရ ဇမ္ဗူဒီပါကျွန်းနေသူ အပေါင်းတို့

ရွှင်ပြုံးကြည်လင်စေနိုင်ရန် ဆွဲဆောင်မှုအား ရှိသောမြို့ဟု အဓိပ္ပါယ် ရသည်။


စိုင်ပြင်ကြီးရွာ

    
လယ်တီင်္ဒီပနီကျမ်းအဆိုအရ စိုင်သမင်(ဂျီ)၊ ဒရယ်၊ တောခွေးများ၊ တောဆိတ်များ နေထိုင်ကျက်

စားရာ မြေအပြင်၌ တည်ရှိသော ရွာဟု အဓိပ္ပါယ်ရသည်။ (တည်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊


 ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၊ မုံရွာမြို့တောင်ဘက် ၃၄ မိုင်အကွာ၊ မုံရွာ-ရေဦး ကားလမ်းမပေါ်တွင်

တည်ရှိသည်။)
 

လယ်တီလောင်းလျာ ဖွားမြင်ရာ

        
စိုင်ပြင်ရွာ၏ မြောက်ပိုင်း အိမ်ခြေ ၁၂ အိမ်မျှသာရှိသော ကတိုးရပ်ကွက်ရှိ ဦးထွန်းသာ ဒေါ်ကြုံး

တို့နေအိမ်ဝင်း၌ ထူးဆန်းအံ့သြဖွယ်ရာ ကောင်းသော အဖြစ်ဆန်းတစ်ခုကို နီးစပ်ရာ ရွာသူရွာသားများ

မျက်မြင်ဒိဌ တွေ့ကြရသည်။

         ဒေါ်ကြုံးသည် နံနက်ခင်းအချိန်၌ ဘုရားဆွမ်းတော်ကပ်ရန် ဘုရားခန်းသို့ ရောက်ရှိနေသည်။

ဒေါ်ကျုံးသည် ကိုးလကျော် ဆယ်လတွင်းသို့ ရောက်သည့်တိုင် လွယ်ထားရသော ကိုယ်ဝန်ဖြင့် ရင်ထဲမှ

အောင့်လျှက် မူးဝေတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။

        ထိုနေ့ ညချမ်းအချိန်တွင် အချိန်အခါမဲ့ မိုးရွာခြင်း၊ လျှပ်စီးရောင်များ တောက်ပ၀င်းလျက် မိုးထက်


ချုန်းသံများ  ဆက်တိုက်မြည်ဟည်းနေခြင်း၊ ဦးထွန်းသာ ဒေါ်ကြုံးတို့ နေအိမ် ဥပစာအတွင်း ပုဆိုး

တစ်ပတ်ခန့်ရှိ မန်ကျီးပင်၌ စုရုံးထောင်ထားသော ၀ါးလုံးများကြားမှ စို့တံတိုင်း (သက်တန့်) ကြီး၏


 အရောင်မျိုးစုံတို့သည် အိမ်တစ်အိမ်လုံး ရစ်ပတ်ထားသကဲ့သို့ဖြစ်ပြီး စို့တံတိုင်းကြီးသည် အိမ်အတွင်း

သို့ဝင်လျှက် အိမ်ခေါင်မိုးသို့ ဖေါက်ထွက်သွားခြင်း၊ ဒေါ်ကျုံးသည် ဘုရားခန်း၌ပင်လျှင် လွယ်ဆောင်သော

ပဋိသန္ဓေကိုယ်ဝန်ကို မီးရှူးသန့်စင် ဖွားမြင်နေစဉ် ၀တ်ဖြူစင်ကြယ်နှင့် အသက် ငါးဆယ်ကျော်ခန့်ရှိ

လူသူတော် တစ်ဦးသည် အိမ်ဦးဘုရားခန်း၌ တွေ့မြင်ရ၍ မိခင်နှင့် ကလေးကို ပြုစုစောင့်ရှောက်နေခြင်း

စသည့် အဖြစ်အပျက်ဆန်းများကို ဆွေမျိုးများ ရောက်ရှိကာ တွေ့မြင်ရသည်။

         ထိုနေ့သည်ကား ၁၂၀၈ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ အင်္ဂါနေ့ ညဥ့်တစ်ချက်တီးကျော်

အချိန် မဟာလယ်တီလောင်းလျာကို ဖွားမြင်တော်မူသည့် နေ့ထူးနေ့မြတ် အခါသမယပင် ဖြစ်သည်။

    ဤသို့ အတိတ်နိမိတ် ထူးခြားစွာ ဖွားမြင်လာရာ အညစ်အကြေးများ ကင်းစင်၍ ဖြူဖွေးခန့်ညား

သည့် ကိုယ်ခန္ဓာရှိသော လယ်တီလောင်းလျာလေး သူငယ်သည် ငိုကြွေးခြင်းလုံးဝ မရှိသည်မှာ 


အံသြဖွယ်ကောင်း၍ ကလေးငယ်တို့သဘာဝကို ရှေးဦးစွာ တော်လှန်လိုက်ခြင်းဖြစ်သည်။

    လယ်တီလောင်းလျာ ကလေးငယ်အား ထူးဆန်းသော နိမိတ်များကို အစွဲပြု၍ မိဘဆွေမျိုးတို့

သည် “မောင်တက်ခေါင်” ဟု မှည့်ခေါ်ကြသည်။

    ဦးထွန်းသာ ဒေါ်ကြုံးတို့တွင် သားသမီး ၆ ယောက်ထွန်းကားခဲ့ပြီး အကြီးဆုံးသားမှာ ငယ်စဉ်က

ပင် ကွယ်လွန်သွားခဲ့ပါတယ်။ လယ်တီဆရာတော် လောင်းလျာ မောင်တက်ခေါင်မှာ ဒုတိယမြောက်


သားဖြစ်ပြီး ၎င်းအောက်တွင် မောင်တက်စွာ၊ မောင်တက်ပွား၊ မောင်တက်ထွား နှင့် ညီမထွေး မမြလေး

တို့ရှိကြပါတယ်။
  
         မိဘဆွေမျိုးများသည် လယ်တီလောင်းလျာ ၁၀ နှစ်သားအရွယ် မောင်တက်ခေါင်ကို စိုင်ပြင်ရွာ

ကျောင်းမတိုက် ဆရာတော် ဦးနန္ဒအထံ ပညာသင်ကြားရန် အပ်နှံကြသည်။ ၁၅ နှစ်သားအရွယ်တွင် ထို

ကျောင်းမတိုက် ဆရာတော်  ဦးနန္ဒ အထံသို့ ရှင်သာမဏေအဖြစ်ဖြင့် ပညာဆက်လက် သင်ကြားသည်။

 လယ်တီလောင်းလျာ ရှင်သာမဏေအား ပညာတံခွန် ထွန်းပြောင်စိုးနိုင်မည့် အရည်အချင်းကိုသိသဖြင့်


ရှင်ဥာဏဓဇ ဟု ဘွဲ့နာမည် ပေးခဲ့သည်။

        (၁၅) နှစ်သားအရွယ် သာမဏေငယ် အရွယ်ကပင်လျှင် ကစ္စည်း၊ သဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟ၊

ဝီထိလက်ရိုး၊ ဓာတုကထာ၊ ယမိုက်၊ ပဌာန်း စသော နေ့ဝါ ည၀ါကျမ်းများကို သင်ကြားတတ်မြောက်

ခဲ့ပေသည်။

    ၁၈ နှစ်အရွယ် သာမဏေ ရှင်ဥာဏဓဇသည် ရဲထွက်ရွာ အရှေ့ဘက် ဝေဒပါရဂူ ဆရာတော်ဦးဂန္ဓမာ


အထံတော်တွင် ဗေဒင်ဆိုင်ရာ ပညာများ သင်ကြားသည်။ ရှင်သာမဏေဘ၀ဖြင့် မဟာဇတ်ထုတ်၊

မဟာကျေးစေခန်းရတု၊ သျှိုးလိုက်ရတု၊ ကဗျာ၊ လင်္ကာ စသည်တို့ကို ရေးသားနိုင်ခဲ့သည်။
      
           လယ်တီလောင်းလျာ ရှင်ဥာဏဓဇသည် အသက် ၂၀ ပြည့်သော် သက္ကရာဇ် ၁၂၂၈ ခုနှစ်၊

ကဆုန်လဆန်း ၆ ရက်နေ့တွင် စိုင်ပြင်ရွာ၊ ကတိုးရပ်နေ ဦးကံစ၊ ဒေါ်ဖုန်းတို့က ပစ္စည်းလေးပါးဖြင့်

ပစ္စယနုဂ္ဂဟ ခံယူလျှက် စိုင်ပြင်ရွာ ကျောင်းမတိုက်နှင့် မြင်တင်တိုက်ဝန်းအနီးကို သာသနာ့ဝုဍ္ဎိ သာသန


ဝေပုလ္လ သာသနာသောဘိဏီခဏ္ဍ သိမ်တော်မြတ်၌  ကျောင်းမတိုက် ဆရာတော် ဦးနန္ဒကို ဥပဇ္ဈာယ်

ပြု၍ ကာရက သံဃာတော် ၂ ကျိပ် ကျော်တို့သည် ဥပသမ္ပဒကံမြောက် ထောက်ပံချီးမြှင့်တော်မူ

သဖြင့် ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ရဟန်းဒါယိကာမ ဒေါ်ဖုန်းသည် မယ်တော်ကြီး

ဒေါ်ကြုံး၏ ညီမဖြစ်ပြီး “ရှင့်အမ၊ ရဟန်းအမ” ဖြစ်လာသည်။

                  ၁၂၃၀ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော် မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်

သုဒဿန၀ရ ဓမ္မသာမိ မဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဒုတိယစံကျောင်းဆရာတော် ဘုရားကြီး

ထံရင်းသို့ ပညာသင်ကြားရန် ကြွရောက်တော်မူသည်။ ၀ါတော် (၁၆) ၀ါရသည့်တိုင်အောင် ၀ိနည်း

ပါဠိတော်၊ အဌကထာများနှင့် အဘိဓမ္မာပါဠိတော် အဌကထာများကို သင်ကြားတော် မူသည်။

ထိုအချိန်မှာ ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီး ခြေတော်ရင်း၌ -

    (၁) အလုံမြို့နယ် ဇာတိ မိုင်းခိုင်းဆရာတော် ဦးပဏ္ဍိတ

    (၂) စလင်းမြို့ ဇာတိ ဆရာတော် ဦးပဏ္ဍိစ္စ ဟု စာချတပည့်ကြီး နှစ်ပါးတို့ ရှိကြပေသည်။

         ယင်းတပည့်ကြီး နှစ်ပါး တို့တွင် လယ်တီဆရာတော်သည် စလင်းဆရာတော် ဦးပဏ္ဍိစ္စ၏

တပည့်ရင်း ဖြစ်တော်မူသည်။ ၀ိနည်းအဌကထာ၊ အဘိဓမ္မာအဌကထာစသည်တို့ကို အာစရိယမုဌီ

ဆုပ်မိကိုင်မိအောင် သင်ကြားတော်မူသည်။

                ထိုအခါက မန္တလေး ရတနာပုံနေပြည်တော်တွင် ရွှေပြည်ဝန်ကြီးခေါ် ယောအတွင်းဝန်

ဦးဖိုးလှိုင်သည် ဆန်းသစ်ကောင်းမွန်သော အတွေးအခေါ် အယူအဆ၊ အပြောအဆို၊ အရေးအသား

တို့ကြောင့် ထင်ပေါ်ကျော်ကြားလျှက် ရှိပေသည်။ရဟန်းတော် အရှင် ဉာဏဓဇသည် သီတင်းနေ့တိုင်း

ဦးဖိုးလှိုင်ထံ ကြွရောက်ကာ တွေးခေါ် ယူဆ ပြောဆိုရေးသားပုံတို့ကိုလေ့လာ နည်းယူတော်မူလေ့

ရှိသည်။ ဦးဖိုးလှိုင်၏ တိုက်တွန်းလျှောက်ထားမှုကြောင့် အဘိဓမ္မာ ခုနှစ်ကျမ်းတွင် ပါရှိသော

ကထာဝတ္ထုကျမ်းကို နှုတ်တက်အာဂုံ ဆောင်တော်မူသည်။ အဌကထာ အဖွင့်သဘောကိုပါ နိုင်နင်းစွာ

လေ့ကျက်တော်မူသည်။

            မင်းတုန်းမင်းတရားကြီး ပဉ္စမသင်္ဂါယနာ တင်ရာတွင် ဗြဲတိုက်တော် ရာဇပလ္လင်ထက်၌

ကထာဝတ္ထု ပါဠိတော်ကိုကြောက်ရွံ့မဲ့ကင်း ရဲတင်းအောင်မြင်စွာ ပြန်ဆိုကာ သင်္ဂါယနာ တင်တော်

မူခဲ့သည်။ မန္တလေး စံကျောင်းတိုက်မှာပင် ပထမ စာချ ဖြစ်လာသောအခါ၌ စံကျောင်း ဆရာတော်

ဘုရားကြီးက ပါဠိဘာသာဖြင့် မေးတော်မူသော ပါရမီတော်ဆိုင်ရာ ပုစ္ဆာ (၂၀) ကိုဖြေကြားတော်မူသည့်

ပါရမီ ဒီပနီကျမ်းကို ရေးသားခဲ့သည်။ ထို့ကြောင့် “ဒီပနီအစ ပါရမီက” ဟု ဆိုထုံးပြုခဲ့ကြပေသည်။

         မန္တလေးမြို့ကြီး မီးဘေးသင့်သောအခါ တပည့်ရင်းဖြစ်သည့် မုံရွာမြို့၊ ရွှေစည်းခံဘုရား အရှေ့

ဘက်ရှိ ပြဿဒ်ကျောင်းဆရာတော်ဦးဉာဏ၀ံသ၏ ပင့်လျှောက်ချက်အရ ၁၂၄၄ ခုနှစ်၊ တပို့တွဲလဆန်း

(၁၄) ရက်နေ့တွင် ဆရာတော်သည် နောက်ပါသံဃာ တစ်ကျိပ်ကျော်နှင့်တကွမုံရွာမြို့သို့ကြွရောက်

တော်မူခဲ့သည်။

        ၁၂၄၈ - ၁၂၄၉ ခုနှစ်မှစ၍ မုံရွာလယ်တီ တောရတွင် သီတင်းသုံးလျှက် အဘိဓမ္မတ္ထသင်္ဂဟ

ကျမ်း၏ အဖွင့်ဖြစ်သောပရမတ္ထဒီပနီဋီကာခေါ် သင်္ဂြိုဟ် မဟာဋီကာသစ်ကို ရေးသားတော်မူခဲ့သည်။

ထိုအခါမှစ၍ ဒီပနီကျမ်းပေါင်း (၁၂၀) ကျော် ကိုသီတင်းသုံးရာ ဌာနတိုင်းမှာ ရေးသားတော်မူခဲ့သည်။

          ထို့ပြင် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၇၅ ခုနှစ်၊ မန္တလေးမြို့၊ လယ်တီ

စံကျောင်း၌ သီတင်းသုံးတော်မူစဉ် နိုင်ငံခြား ဗုဒ္ဓသာသနာပြု အသင်းကြီးကို ကြီးမှူးတည်ထောင်ကာ

လန်ဒန်မြို့၊ ဂရိတ်ဘရိတန် အိုင်ယာလန် ဗုဒ္ဓသာသနာပြု အသင်းကြီးနှင့်လည်းကောင်း၊ လန်ဒန် ပါဠိ
 

စာပေအသင်းကြီးနှင့်လည်းကောင်း ဆက်သွယ်လျှက် နိုင်ငံရပ်ခြား တိုင်းတပါးသို့ ဗုဒ္ဓသာသနာတော်
 

ပျံ့နှံ့ရောက်ရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူခဲ့သည်။ သို့ဖြစ်၍ ၁၂၇၇ ခုနှစ်၊ မန္တလေး

မြို့ လယ်တီစံကျောင်း၌ သီတင်းသုံးတော်မူစဉ်ပင် တန်ဆောင်မုန်းလဆန်း (၁) ရက်၊ (၇ - ၁၁ - ၁၉၁၅)

တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံတော် အစိုးရ၏ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်

ခြင်းကို ခံယူ ရရှိတော်မူသည်။ ၁၂၈၃ ခုနှစ်၊ နတ်တော်လတွင် စစ်ကိုင်းမြို့၊ ဇေတ၀န်ကျောင်း၌

သီတင်းသုံးတော်မူစဉ် ရန်ကုန်မြို့ တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သည့် အထိမ်း အမှတ် အဖြစ်ဖြင့်

တက္ကသိုလ် အဓိပတိဖြစ်သူ မြန်မာနိုင်ငံတော် ဘုရင်ခံက စာပေပါရဂူ (ဒီလစ်) ဘွဲ့တံဆိပ်တော်

ဆပ်ကပ် လှူဒါန်းသည်ကို ခံယူရရှိတော်မူသဖြင့် “လယ်တီထေရ်မော် ကမ္ဘာကျော်” ဟု ဆိုထုံးပြုကြ

ပေသည်။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...