Tuesday, March 3, 2015
လယ်တီဆရာတော်ဘုရားကြီး၏ ကြုံးဝါးသံ တေးထပ်
ဒလ တောတန်းကြီး ဆပဂံတောရ၌ အာနာပါန ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်တော်မူ၍
ကမ္မဋ္ဌာန်းအလုပ်စခန်းလိုအင်ပြီးမြောက် ခရီးရောက် အောင်မြင်တော်မူရာ အားရနှစ်သက် ပီတိအဟုန်
ကိုယ်လုံး ထုံစဉ်အခါ ရေးသားတော်မူအပ်သော ကြုံးဝါးသံ တေးထပ်ဖြစ်သည်။
သာသနာနောက်ဖျား၊ ပေါက်ဖွားကြဆူဆူ၊
ယောက်ျားပ ငါလိုလူ၊ ဇမ္ဗူမှာရှာစမ်း၊
အားလုံ့လ အလံထူ၊ စံမတူ ထိုးတော့ ဥဒါန်း။
ယောဂီမှု ထွေလာ၊ ပဒေသာဉာဏ်ဆန်း၊
ကေသရာ ဉာဏ်အစွမ်းဟာမို့၊ ဈာန်လမ်းကိုပြီးတိုင်၊
ဝသီတော် အစုံငါး၊ အကုန်သား စိုးရပိုင်ပိုင်။
ဗြဟ္မာအောက် ထက်မိုးခရိုင်မှာ၊ တန်ခိုးမြိုင်မြိုင် အလံစိုက်လို့၊
စံလိုက်မယ်ပ အကျော်အမော်၊ ငြီးဘူ့ ပျော်ပျော်၊
မိတေးသခင့် အောင်ပွဲတော်မှာ၊ နောင်ရဲအမော် လုပ်စမ်းမယ်ပလေး။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment