Monday, August 19, 2013

မုံရွာမြို့ မဟာလယ်တီ ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာပုံ အကျဉ်း

    


       မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၈၆ ခုနှစ် တပို့တွဲလ ဥပုသ်နေ့ တစ်နေ့တွင်

မဟာလယ်တီဆရာတော် လောင်းလျာ ဦးဥာဏဓဇသည် မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ် ကုလုပ်
လေးတာ အပြန်ငါးရာမျှ ဝေးကွာသော အရပ်တွင် အလွန်ကြမ်းတမ်းသည့် အစိမ်းသရဲများ ပေါများသည့်

တောအုပ်တစ်ခုသို့ နောက်ပါ ဥပုသ်သည် ၃-၄ ယောက်နှင့်အတူ ကြွသွားတော်မူသည်။

       ထိုတောအုပ်သည် ခတက်၊ ထနောင်း၊ ဇောင်းကျမ်း၊ ဇီးခံ စသောအပင်များ၊ မွန်းနံပင် (မိုးနံပင်)၊

ကျားလျာပင်၊ ကြောင်ပန်း၊ မိကြောင်း၊ တန်ဆောင်းပြဿဒ် စသည့်အပင်များ ပေါများသော တောဖြစ်

သည်။

             တန်ဆောင်းပင်(တဇောင်းပင်) ကြီးတစ်ပင်အောက် အရောက်တွင် ဆရာတော်ကြီးသည်

နောက်ပါ ဥပုသ်သည်များအား ဤသို့ အမိန့်ရှိလေသည်။

           “ယခု ငါလာခြင်းကား အလည်အပတ် လာခြင်းမဟုတ်၊ တောထွက်မည့်အကြံနှင့် လာခဲ့သည်

မင်းတို့ ပြန်ကြပေတော့ ငါ သည်တောမှာ နေရစ်တော့မည်။ ဦးပဉ္ဇင်းများအား အကြောင်းကိုသာ ဟော

ကြားလိုက်ပေတော့” ဟု မိန့်တော်မူ၍ ပြန်လွှတ်လိုက်လေသည်။ ဆရာတော်သည် ထို တန်ဆောင်းပင်

အောက်၌ပင် သပိတ်တစ်လုံး၊ သုံးထည်သော သင်္ကန်းဖြင့် ကမ္မဌာန်းအလုပ် အားထုတ်တော်မူသည်။

       တပို့တွဲလ၏ ညနေ ၆ နာရီ၊ ၇ နာရီအချိန် အတွင်း တစ်ပါးတည်း တောကြီးမျက်မည်း တောနက်

ထဲမှာ နေရသည့်အတွက် ကြက်သီးမွေးညှင်းများ တဖြန်းဖြန်း ထ ခြင်း၊ ပြင်းထန်သော လေးများတိုက်

ခတ်ခြင်း စသည့် ထူးခြားမှုများ တွေ့ကြုံရသည်။ ထိုအခါ ဆရာတော်ကြီးသည် တောသူတောင်သား

အမနုဿများအား မိတ်ဖွဲ့၍ အမိန့်တော် ပြန်ရလေသည်။

      ဆရာတော်ကြီး တောရဆောက်တည်သော ထိုတောသည် လယ်ယာမြေများ တီထွင်ဖန်တီးကြ

သောကြောင့် လယ်တီတော ဟု ခေါ်ဝေါ်ကြသည်။

          ဆရာတော်ကြီး သီတင်းသုံးရာ လယ်တီတောရကျောင်းသို့ တပည့် သံဃာတော်များ တဖြည်း

ဖြည်း များပြားလာသောကြောင့် ကုသိုလ်ရှင်များမှ နေထိုင်စရာများ၊ ကျောင်း၊ အဆောက်အဦး စသည်

ဆောက်လုပ် လှူဒါန်းကြသည်။

            တပည့်သံဃာများသည် ဆရာတော်ကြီး၏ သြ၀ါဒနှင့်အညီ ပရိယတ္တိ၊ ပဋိပတ္တိ စာပေသင်ကြား

ခြင်း၊ ကမ္မဌာန်း တရားများ ပွားများအားထုတ်ခြင်း စသည့် သာသနာတော် လုပ်ငန်းဆိုင်ရာများ ပြုလုပ်အား

ထုတ်ကြသည်။

        ဆရာတော်ကြီး သတင်းသုံးရာ လယ်တီတောရကျောင်းတိုက်ကို ဆရာတော်ကြီးသည် သာဓုဇန

ပါသာဒိကာရာမ (သူတော်ကောင်းတို့အတွက် ၀မ်းမြောက်ဖွယ်ရာ ကျောင်း) ဟုခေါ်ဝေါ် သမုတ်ခဲ့သည်။

         ထိုကျောင်းတိုက်အတွင်း၌ သာသနာတော်တွင် အလွန်အရေးကြီးသော သာသန၀ုဍ္ဎ သာသန

ဝေပုလ္လ၊ သာသနာသောဘိဏီ ခဏ္ဍ သိမ်တော်ကြီးကို သက္ကရာဇ် ၁၂၅၀ ပြည့်နှစ်တွင် ဆောက်လုပ်ရန်

 မြေကို ပိုင်းခြား သတ်မှတ် သမုတ်ခဲ့သည်။

            ထိုသိမ်ကိုလည်း “သာသနာသောဘိဏီ သိမ်” (သာသနာတော်ကြီး တင့်တင့်တယ်တယ် ရှိရန်

အတွက် သတ်မှတ်လှူဒါန်း) ဟု မှည့်ခေါ်ခဲ့သည်။

            ဆရာတော်ကြီးနှင့် ဆရာတော်ကြီး သီတင်းသုံးတော်မူရာ ကျောင်းတိုက်ကိုလယ်တီဆရာတော်၊

လယ်တီကျောင်းတိုက် ဟုသာ မြန်မာပြည်မှအစ ကမ္ဘာသို့တိုင် ထင်ရှား ကျော်ကြားလာခဲ့သည်။

           ဆရာတော်ကြီး မှည့်ခေါ်ခဲ့သည့် ကျောင်းတိုက်အမည်၊ သိမ်တော်အမည်နှင့် လိုက်လျောညီစွာ

သာသနာတော်မှာ ထူးဆန်းအံ့သြဖွယ်များ ဖြစ်ထွန်း ပြောင်မြောက်လာခဲ့သည်။

             ဆရာတော်ကြီးသည် လယ်တီကျောင်းတိုက်ထဲ၌ နံနက်တိုင်း ၄ နာရီအချိန် အိပ်ယာမှ ထ၍

တစ်တိုက်လုံး နှံ့စပ်အောင် တံမြက်လှည်းခြင်း၊ သံဃာတော် သောက်ရေ သုံးရေ ကုဋီရေ မှအစ ပြီးပြည့်

စုံလင်စွာ ရေ၀တ် ဖြည့်ကျင့်တော်မူသည်။

          ကျောင်းတိုက်တာ ၀တ်ကြီး၊ ၀တ်ငယ် အသွယ်သွယ်ကို သံဃာတော်များအတွက် လိုလေသေး

မရှိရလေအောင် အနှစ် (၂၀) ကျော်တိုင်တိုင် စွဲမြဲစွာ ပြုလုပ် ဆောင်ရွက်တော်မူခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...