Thursday, August 29, 2013
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး က တပည့် မောင်သြဇာကို ဆုံးမခဲ့သော သံဝေဂ တေးထပ် (၂)
တပည့် မောင်သြဇာကို ဆုံးမသော သံဝေဂ တေးထပ်
ငါးအာရုံ ဘင်အစု၊ ခင်မှုနဲ့ နေ့ကုန်၊
နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ မခန်း။
အောက်အ၀ိစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်၊
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment