Wednesday, March 4, 2015

ကျောက်ကပ် ရောဂါ မှ ကာကွယ်နိုင်ရန်

    မကြာခဏ မောပန်းတတ်တာနဲ့ လေပွတတ်တာဟာ ကျောက်ကပ်ပြဿနာကြောင့်လည်း ဖြစ်နိုင်

ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူထဲက ၄၁ သန်းဟာ ကျောက်ကပ်ပြဿနာနဲ့ ကြုံတွေ့နေရပြီး မောပန်းတာ၊

မှတ်ဥာဏ်ကျဆင်းတာနဲ့ ခြေထောက် ဖေါရောင်တာလိုမျိုးလက္ခဏာတွေ ပြတတ်ပါတယ်။ အောက်ပါတို့ဟာ

ကျောက်ကပ်ပြဿနာ ဖြစ်နိုင်ချေကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တာကြောင့် ပြုလုပ်သင့်တဲ့ အကြောင်း

အရာတွေပါ။

(၁) ကျောက်ကပ် ကျောက်တည်ခြင်း မဖြစ်အောင် အချဉ်အရသာရှိတဲ့ သစ်သီးစားပါ။
   
    ကျောက်ကပ်မှာ ကျောက်တည်တဲ့ ပြဿနာရှိရင် သေးငယ်တဲ့ အရွယ်ပမာဏ ကျောက်လေးတွေ

တောင် အညစ်အကြေး သန့်စင်တဲ့ ပြွန်လမ်းကြောင်းလေးတွေကို ပိတ်ဆို့နိုင်တဲ့အတွက် ခန္ဓာကိုယ်မှ

အဆိပ်အတောက်တွေကို ကျောက်ကပ်က သန့်စင်နိုင်စွမ်း လျော့နည်းသွားနိုင်ပါတယ်။ ဗီတာမင် များစွာ

ပါဝင်တဲ့အချဉ်အရသာရှိတဲ့ သစ်သီး ဒါမှမဟုတ် ဘယ်ရီသီးတစ်ခွက်စာကို နေ့စဉ်စားသုံးရင် ကျောက်ကပ်

 ကျောက်တည်နိုင်ချေ ၅၀ ရာခိုင်နှုန်းထိ လျော့ကျနိုင်တယ်လို့ ဆွီဒင်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အစားအစာမှ ရရှိတဲ့ ဗီတာမင် စီ ဟာ ကျောက်တည်စေနိုင်တဲ့ပုံဆောင်ခဲသေးသေးလေးတွေကို

 ပျော်ဝင်စေနိုင်တာကြောင့်ပါလို့ ဆိုပါတယ်။

(၂) သွေးဖိအား ကျဆင်းအောင် နို့နဲ့ နို့ထွက်ပစ္စည်း စားပါ
    သွေးတိုးရောဂါရှိတာဟာ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ သွေးတိုးရောဂါ ရှိတာဟာ ကျောက်

ကပ် ရောဂါဖြစ်စေနိုင်တဲ့ အဓိက အချက်ဖြစ်ပါတယ်။ သွေးဖိအား ကျဆင်းပြီး ကျောက်ကပ် ကျန်းမာရေး

ကောင်းအောင် နေ့စဉ် အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်တစ်ခွက်နဲ့ နွားနို့တစ်ခွက်ကို သောက်ပေးပါ။ ၉၀၀

မီလီဂရမ် ပမာဏရှိတဲ့ ကယ်လ်ဆီယမ်ကို ရရှိစေတာကြောင့် သွေးကြောတွေ relaxရရှိပြီး

 သွေးဖိအားမြင့်တက်နိုင်ခြေ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ကာ သွေးတိုးရှိသူတွေကို သွေးဖိအားအမှတ် ၅ မှတ်

ကျဆင်းနိုင်တယ်လို့ တီးနီးဆီးလ် တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

(၃) ကျောက်ကပ် ပျက်စီးမှုမရှိအောင် စပျစ်သီး အစေ့စားပါ

    နှလုံးသွေးကြောတွေကို ပိတ်ဆို့နိုင်တဲ့ အဆီတွေဟာ ကျောက်ကပ်အတွင်း သွေးကြောတွေကိုလည်း

ပိတ်ဆို့နိုင်ပြီး ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။ နေ့စဉ် Grape Seed Extract 300 mg မှီဝဲပါက ၆

ပတ်အတွင်း အဆီစုဆောင်းမှုကို ဖယ်ရှားနိုင်ပြီး ကျောက်ကပ် စွမ်းအင် ပြန်လည် ပြည့်ဝနိုင်တယ်လို့

သုတေသီတွေကဖေါ်ထုတ်ထားပါတယ်။ Grape Seed Extract ဟာ ဘက်တီးရီးယားတွေကိုလည်း

 သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် သင်ဟာ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တတ်သူ

ဖြစ်ရင်လည်း ရောဂါပြန်လည်ဖြစ်နှုန်း လျော့သွားနိုင်တယ်လို့ အဟာရဆိုင်ရာ ပညာရှင်က ပြောပါတယ်။

(၄) ကျောက်ကပ် ဒုက္ခမရောက်အောင် အသိဥာဏ်နဲ့ ဆေးသောက်ပါ
    မကြာခဏ ကိုက်ခဲတတ်လို့ အက်စပရင် ဒါမှမဟုတ် ပါရာစီတမော ဆေးဝါးလိုမျိုး အကိုက်အခဲ

ပျောက်ဆေးတွေ သောက်သုံးနေရရင် တတ်နိုင်သမျှ ပမာဏ နည်းနည်း သောက်သုံးသင့်ပါတယ်။ ပမာဏ

နည်းတာကြောင့် ကျောက်ကပ်မှာ ဒဏ်ပိနိုင်ခြေ လျော့နည်းသွားတယ်လို့ UCLA မှ သုတေသီတွေက ဆိုပါ

တယ်။ သင်ဟာ အကိုက်အခဲပျောက်ဆေးကို ပမာဏများစွာ သောက်သုံးဖို့ လိုအပ်ရင် ဒါမှမဟုတ် အကိုက်

အခဲပျောက်ဆေးကို လေးရက်ထက်ပိုကြာပြီး သုံးနေရရင် ဒါမှမဟုတ် ဆေးဝါးမျိုးစုံ သုံးနေရရင် ဆရာဝန်နှင့်

တိုင်ပင်ပြီးမှသာ အသုံးပြုသင့်တယ်လို့ နယူးယောက် အမျိုးသား ကျောက်ကပ်အဖွဲ့မှ ဆီးနှင့် ကျောက်ကပ်

ဆိုင်ရာ အထူးကု ဆရာဝန်တွေက ပြောပါတယ်။

(၅) ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ စားပါ

    ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းတွေဟာ ကျောက်ကပ်အတွင်း အဆိပ်

အတောက်တွေကို ပြေစေပြီး အညစ်အကြေးတွေကို ဖြိုခွဲပစ်နိုင်တယ်လို့ သိရပါတယ်။ ကြက်သွန်နီနဲ့

ကြက်သွန်ဖြူမှာ တစ်သျှူးတွေ အနာကျက်စေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများအပြား

ပါဝင်တာကြောင့်သူတို့ကို နေ့စဉ် စားသုံးရင် ကျောက်ကပ် ပျက်စီးနိုင်ခြေ နည်းသွားတယ်လို့

ဆိုပါတယ်။  ကညွတ်ဟာလည်း ကျောက်ကပ် စွမ်းအင် ပြန်ပြည့်နိုင်တဲ့ အစွမ်းထက် ပစ္စည်းဖြစ်တာမို့

တစ်ပတ်ကို နှစ်ကြိမ် စားသုံးပေးရင် ကျောက်ကပ်အတွင်းမှ အဆိပ်အတောက်တွေကို ပျယ်စေနိုင်ပါတယ်။

မှတ်ချက်။    ။ ကိုလာရည် မသောက်ပါနဲ့။ သင်ဟာ ဆိုဒါဖျော်ရည် ကြိုက်တယ်ဆိုရင် ကိုလာကို

သောက်မယ့်အစား ဆော်ဒါရည်ရိုးရိုး (သကြားမပါဝင်တဲ့ အကြည်ရောင်) ကို သောက်ရင် ကျောက်ကပ်

ပျက်စီးနိုင်ခြေထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ အမျိုးသား တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

ကိုလာရည်မှာဖေါ့စဖရပ် အက်စစ်တွေ ပါဝင်တဲ့အတွက် ကျောက်ကပ်ကို ဒဏ်ပိစေတာကြောင့်လို့

ဆိုပါတယ်။

                                      ဒေါက်တာ ခင်မိုးမိုး


                Ref; Good Health Journal 11.9.2013

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...