Tuesday, August 27, 2013
န၀မ လယ်တီ ဆရာတော် ဦးကေလာသ၏ ထပ်တွန့် ရှစ်ဆယ်ပေါ် သံဝေဂတေးထပ်
ကံနှစ်ဖြာ ဖန်လာ ခန္ဓာဝဋ်၊ မာန်တဏှာ ညွတ်ဝိုင်းလှည့်ကာ၊ ရန်ဘယာ မလွတ်၊ သိုင်းဖွဲ့ကာငယ်၊
စိုင်းခဲ့ ဖန်ခါ၊ သံသရာတွင်း၊ အိုဘေး အထပ်ထပ်၊ နာဘေး အရပ်ရပ်၊ သေဘေး မပြတ်မလပ်၊
ဆုံရပါသည်၊ ဘုံဘ၀ ဓမ္မတာ ကြုံရပါကြ မယွင်း။
သုတ္တေ အဘိဏှ၊ ဗုဒ္ဓေအစိန္တေယျ၊ နှုတ်ချွေ မိန့်ဟ ကျူးမြွက်အင်ကို၊ နဖူးလက်တင် ဉာဏ်မှာသွင်း၊
သုံးလူ့ မျက်ရှင် အရဟံ ဘဂ၀ါသနင်းတောင်မှ၊ စံမတာတွင်း ၀င်ရချေ၊ သူရော ငါပါ သတ္တ၀ါ
ခပင်းမတော့၊ ဓာတ်မရဏာတွင်း ဆင်းရမည် မသွေ။
မရဏာ တရားအစု၊ ဘာဝနာပွားမှု၊ ခါခါမနားရှု၊ ပြုကြပါဟေ၊ ပုထုကလျာဏေ သဟာဆွေ အများသို့၊
စာခွေသား လို့ ရေးသည့် ကဗျာယဉ်၊ ပေးသတိ မှာချင်။
ကိုယ်ရေ အဆင်းကွဲ့ စိုပြေ၀င်းလှဲ့ ပျိုနေခြင်းရဲ့၊ နောက်ဆုံးမှာတွင်၊ ရောက်အုံးမှာပင် အိုခြင်း
သာပ လေး။
ပန်းပမာ လန်းလှ၊ လန်းဖြာ ကြွရွ ကျန်းမာကြရ နောက်ဆုံးမှာတွင်၊ ရောက်အုံးမှာပင် နာခြင်း
သာပ လေး။
မက်မပြေ ပါကြ၊ ကရမက်ရေ နံ့သာသ၊ အသက်ရှည်လာကြ နောက်ဆုံးမှာတွင်၊ ရောက်အုံးမှာပင်
သေခြင်း သာပ လေး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment