Saturday, September 28, 2013

လယ်တီဆရာတော်ကြီး ရေးသားတော် မူအပ်သော သံဝေဂ လင်္ကာများ



     လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော သံဝေဂ လင်္ကာများ

      ၁။ နုနည် ရုပ်ဆင်း၊ ပျို မြစ်ခြင်းကား၊ အိုမင်း နောက်ဆုံး ရှိချေ၏။

      ၂။ ဥစ္စာ ဆင်, မြင်း၊ ပေါများခြင်းကား၊ ယိုယွင်း နောက်ဆုံး ရှိချေ၏။
      ၃။ ၀ိညာဏ် ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်း နောက်ဆုံး ရှိချေ၏။

      ၄။ ချစ်ခင် ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်း နောက်ဆုံး ရှိချေ၏။

      ၅။ တက်ကြွား ကြွကြွ၊ မြင့်သမျှကား၊ လျောကျ နောက်ဆုံး ရှိချေ၏။

      ၆။ ခုံမင် ခယ၊ ချစ်သမျှကား၊ သောက နောက်ဆုံး ရှိချေ၏။

     ၇။ ပွဲလယ် ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချ နောက်ဆုံး ရှိချေ၏။

     ၈။ ကြည်သာ ရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခ နောက်ဆုံး ရှိချေ၏။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...