အမေး(၃) တပည့်တော်စိုးမင်းနိုင် (soeminnaing@gmail.com)
အရှင်ဘုရား
မြင့်မိုရ်တောင် ဘယ်မှာ ရှိလဲ ဘုရား..တစ်ယူဇနာက ဘယ်လောက် ရှိလဲ၊ကမ္ဘာကနေ နေဆီ
အကွာအဝေး၊ လဆီအကွာအဝေး က တစ်ခါက တပည့်တော်တွက်ကြည့်တာမကိုက်ဘူး ဘုရား။ ဘုရား
ကိုတော့ ယုံတယ် ဘုရား မှတ်တမ်းတွေကများ လွဲလို့လား ဘုရား. .....
ကိုစိုးမင်းနိုင်၏မေးခွန်းကိုဖြေဆိုခြင်း (ဒေါက်တာ နန္ဒမာလာ ဘိဝံသ အဖြေ)
မြင့်မိုရ်တောင်ဘယ်နားရှိလဲဆိုတာကို…ကိုယ်တိုင်သိချင်နေတာကြာပြီ၊ တကယ်တော့ လူသားတွေ
ကိုယ်တိုင်မြင့်မိုရ်တောင်၏ပတ်ဝန်းကျင်တွင်နေထိုင်လျက်ရှိသည်ဟုသတိပြုသင့်သည်။စာပေကျမ်းဂန်၌
မြင့်မိုရ် တောင်ထိပ်၌ တာဝတိံသာနတ်ပြည်ရှိသည်။ အောက်ခြေ၌ အသူရာပြည်ရှိသည်။ အလယ်တွင်
ကျွန်းကြီး လေးကျွန်းပါဝင်သော လူ့ဘုံရှိသည်။ကမ္ဘာလုံးကြီးကိုကြည့် မြောက်ဝင်ရိုးစွန်းထိပ်သည်
မြင့်မိုရ်တောင်ထိပ်၊ တောင်ဝင်ရိုးစွန်းအခြေသည် အသူရာနတ်ပြည်၊ အလယ်မှာလေးကျွန်းဖြင့် ဖွဲ့စည်း
ထားသော လူ့ဘုံရှိသည်။ ဤသို့ပင်ထင်မြင်ယူဆပါသည်။ ယူဇနာဆိုသည်မှာ (Measurement)
တစ်ခုသာဖြစ်သည်။ အတိုင်းအတာ ဆိုသည်မှာကွာခြားနိုင်သည်။ အနေအထားဆိုသည်မှာပြောင်းလဲ
နိုင်သည်။ပဲခူးမြို့တည်ရာမြေသည် ရှေးယခင်ကရေအောက်တွင်ရှိပြီး ဟင်္သင်္င်္င်္ာ ငှက် (၁)ကောင်နားယုံသာ
ကုန်းပေါ်သည်ဟုဆိုသည်။ အဲ့ဒါကို ယခုလူတွေ ယုံနိုင်ပါ့မလား၊ တကယ်တော့ ပြောင်းလဲမှုနိယာမ၏
ဖြစ်စဉ်မျှသာဖြစ်သည်။ မနေ့က အခြေအနေနှင့် ယနေ့ မတူဘူးဆိုတာ ထင်ရှား၏။ ပြောင်းလဲမှု၏
သဘာဝအတိုင်းမှတ်ရမည်သာ ဖြစ်သည်။ငြင်းဆိုဖွယ်မရှိ။
No comments:
Post a Comment