ပစ္စည်းရှာ အလုပ်နှင့်၊ နေ့ပုပ်လို့ ရက်ဟုန်၊
နှမျောလို့ အသက်ကုန်တယ်၊ တွက်ပုံဖြင့် မကောင်း၊
ခုလိုနှင့် သံသာဗွေမှာ၊ ခန္ဓာတွေ များခဲ့စတောင်း။
သက်မွေးမှု စခန်းပိုအောင်၊ ၀မ်းကိုသာ နင်ကျောင်း၊
လေးဆယ်ကျော် အရွယ်နှောင်းခါမှ၊ သူကြွယ်လောင်း လုပ်ချင်၊
မိုးကုန်ပြီ ထွန်မချချင်နှင့်၊ ရွံစရာ့ မှားဘို့ဖြစ်အင်။
နွားအိုကြီး အမော့သင်သလို၊ မလျှော့လျင် ဘ၀ဆုံးရှာတော့၊
အစတုံး နင့်အဆင်၊ လွဲဖို့သာပြင်၊
တရားသို့ မသက်ဝင်လျှင်၊ အခက်နင် ကြုံတွေ့ဖို့လေး။ ။
No comments:
Post a Comment