Wednesday, September 18, 2013

ဆွေမျိုးစပ် ပဟေဠိ

                   မင်္ဂလာပါ သူငယ်ချင်းတို့ ဒီတစ်ခါ ဥာဏ်စမ်း လွယ်လွယ်လေး မေးမယ်နော် ........

    လူတစ်ယောက်ဟာ ပန်းခြံထဲက ခုံတစ်ခုမှာ ထိုင်နေရင်း ဓါတ်ပုံတစ်ပုံကို ကြည့်ရှုနေပါတယ်။

ခဏနေတော့ ဘေးက လူတစ်ယောက်က “ခင်ဗျား ကြည့်နေတဲ့ ဓါတ်ပုံထဲကလူနဲ့ ခင်ဗျားနဲ့

ဘာတော်သလဲ” လို့ မေးလိုက်တော့ အဲဒီလူက ပြန်ဖြေပါတယ်။

      “ကျွန်တော့မှာ ညီအကို မောင်နှမ တစ်ယောက်မှ မရှိပါဘူး။ ဒါပေမယ့် သူ့အဖေက ကျွန်တော့

အဖေရဲ့ သားပါပဲဗျာ” လို့ ဓါတ်ပုံထဲကလူကို ညွှန်ပြရင်း ပြောပါတယ်။ ဒါဆို အဲဒီ ဓါတ်ပုံကြည့်နေတဲ့သူနဲ့

ဓါတ်ပုံထဲက လူနဲ့ ဘာတော်သလဲ ဆွေမျိုးစပ်ပေးကြပါဦးနော်။

    သူငယ်ချင်းတို့ရဲ့ အဖြေကို အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး တိုက်ကြည့်ပါနော်။



         ဓါတ်ပုံထဲက လူဟာ သူ့ရဲ့ သား ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...