Monday, September 9, 2013

လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူသော “နွားမေတ္တာစာ”




        ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားတော်မူသော နွားမေတ္တာစာ မှ ကောက်နှုတ်ချက်

         ၁၂၄၇ ခုနှစ်၊ အင်္ဂလိပ်မင်း ၀င်စတွင်၊ မုံရွာမြို့၊ လူကြီး လူကောင်းအပေါင်းတို့တောင်းပန်ချက်

အရ၊ ရေးသားတော်မူအပ်သော မေတ္တာစာ


          မြန်မာတို့ဒေသသည်၊ ဇင်္ဂလပီပီ၊ နွားကျွဲကိုအားမှီလျှက်၊ ဘိုးဘေးဘီအစဉ်၊ သက်မွေးမှုတွင်

သည်ကို မျက်မြင်ပင် ဖြစ်ပါသည်။ သို့သနစ်ကြောင်းရင်း၊ သိကြလျှက်အခင်းပါကို၊ သနားခြင်း ကွာဝေး

သည့်၊ ငရဲခွေးအစာ၊ လူဒုဿီပြိတ္တာတို့၊ မာန်မိစ္ဆာယှဉ်ပူး၍၊ ကျေးဇူးပြု စီးပွားဖက်၊ မြန်မာနွယ်အဆက်

ကမ္ဘာက ဖက်ခဲ့၍။ အသက်၏သဏ္ဌာန်၊ မိတ်ရင်းစစ်မှန်လှသော၊ တိရစ္ဆာန်ကျွဲနွားကို၊ သားမယားမွေးမှုနှင့်၊

ကရုဏာမကပ်ဘဲ၊ သတ်ဖြတ်၍ရောင်းသူမှာ၊ လမ်းနှစ်ကြောင်းမရှိ၊ အ၀ီစိအောက်ရွာမှာ၊ ကမ္ဘာကို

ရက်တွက်၍၊ ထောင်တစ်သက် သွားတော့မည်။

     ယုတ္တိနှင့် စဉ်းစားလျှင်၊ ရောင်းသမား ၀ယ်သမား နှစ်ဦးသားသဘောတူ၊ ၀ယ်သူကမူလ၊ ရောင်းသူက

ဘူတ၊ ၀ယ်သူပေါမှ ရောင်းသူရွှင်၊ ရောင်းသူရွှင်မှ တွင်တွင်သတ်၊ နဘေထပ် လွန်းပေါင်းတင်သည့်အတိုင်း၊

 မြင်ကြလျှက်၊ ဇွတ်ငင်သည့် တဏှာကြောင့်၊ ဟင်းလျာသည်ဆိုလျှင်ပင်၊ ခိုပြိုသည့်အတိုင်း၊ ၀ိုင်းကြသည်

ကျွက်ကျွက်ဆူ သူမရ ငါမရ၊ ငွေစကို တပြင်ပြင်၊ ချိန်ခွင်ကို တခါခါ၊ နက်ဖြန်လည်း လာပါနော်၊

သန်ဘက်လည်း မျှော်ပါမည်၊ ခေါ်လိုက်သူတချို့၊ လက်တို့၍ မှာသူ မှာ၊ ဟင်းလျာသည် လာခဲဟု၊

 စိတ်ထဲက တ သူ တ၊ သို့ဖြစ်၍ နေကြလျှက်၊ ပါးစပ်က ပရိယာယ်၊ ရောင်းလာလို့ ၀ယ်ပါသည်၊

ဘယ်အပြစ်ရှိပေါင်လို့၊ ယောင်လို့များ မဟနှင့်၊ ၀မ်းထဲက သဘောကို၊ မပြောဘဲ ကုန်စင်အောင်၊

 မြင်ရင်းစွဲ ဖြစ်ကြသည်။

           လူတို့လို တီတီတာတာ၊ မပြောတတ်ရှာကြလို့၊  ငုတ်တုတ်သာ မပြန်လှန် ပြုသမျှခံရသည်၊

ဌာန်ကရိုဏ်း ပြတ်သား၊ နှုတ်လျှာများ တတ်အားလျှင်၊ နွားတို့က ဆိုရန်ခွင့်ရှိသည် အမှန်မှာ၊ နှစ်ပြည်

ထောင် တိုင်းသားတို့ ဖြစ်ပွားသည့် တွက်တာသည် ငါတို့မှာ သတ္တု၊ အကုန်လုံး စုချေသည်၊ သူတို့ဘေး၊

သူတို့ဘိုး၊ သူတို့နွယ်တစ်ရိုး၊ တစ်မျိုးလုံး တစ်ဆွေလုံး၊ သူတို့တိုင် မဆုံး၊ တို့တစ်တွေ ပခုံးမှာ၊ မီးဟုန်း

ဟုန်း ထ မတတ်၊ တို့လုံ့လ တို့စွမ်းအင်၊ တို့အပင်ပန်း ခံနိုင်လို့၊ ဆန် စပါး ပြောင်း နှမ်း၊ ဗူးခရမ်း ပဲအ

မျိုးမျိုး မြေပြင်လုံး မောက်ဖြိုးအောင် တိုးတက်သည့် ဘဏ္ဍာနှင့် လိုရာတိုင်း ပြည့်စုံ၊ ကုံလုံကြ အသီးသီး၊

ကျောင်းကြီးဆောက် ဘုရားတည်၊ တစ်တိုင်းလုံး ကြွယ်သည်မှာ ဘယ်သူက အရင်းဟု စဉ်းစားဖွယ်မရှိ၊

ထင်လင်းသိပါလျှက်၊ သတိပင် မပေါ်၊ ကျေးဇူးကို မမျှော်၊ စိတ်အချော်တိမ်းပါး၊ မိတ်မတော် စိမ်းကားလျှက်၊

တိုကအသား၊ တို့အသဲ၊ တို့အဆီရွှဲရွှဲကို၊ ထမင်းပွဲအလယ်၊ အနင့်သား ထည့်ပြီးလျှင်၊ ရယ်ကာနှင့် ပြုံးကာ၊

အရသာခံစား၍၊ လင်မယားတစ်တွေ၊ မြုံ့ကြသည့်အနေ၊ မြိန်နိုင်ပေ့ သူတို့ကို၊ မျိုရက်ပေ့ သူခံတွင်း၊ တို့

လုပ်သည့် ထမင်းကို၊ တို့ဟင်းလျာ အသားနှင့်၊ စားကြသည့် ဖြစ်နဲကို၊ တို့အသဲ နာလိုက်ကဲ့။  

        သည်လောက်တောင် ရိုင်းပြသည့် လူသားတို့ လက်ထဲတွင် ဖွဲ ပြောင်းရိုး မြက် ရေ၊ သုံးစား၍

နေသည်ထက်၊ တောကျားတွေ ပါးစပ်မှာ၊ ခေါင်းပြတ်၍ သေရခြင်းသည် အလွန်အမင်း မြတ်သေး၏။



   


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...