ဒီတစ်ခါတော့ မည်သည့် မဂဏန်းမဆို ၅ ဂဏန်းနဲ့ စိတ်တွက် အမြန်မြှောက်နည်းလေးပါ။
ဒီနည်းက အရင် မည်သည့် စုံဂဏန်းမဆို ၅ ဂဏန်းနဲ့ မြှောက်နည်းလိုပါပဲ သိပ်လွယ်တဲ့နည်းကလေးပါ။
တွက်နည်းလေးက-
၁။ မ ဂဏန်းကို ၂ နဲ့ စားလိုက်ပါ ဒါဆို အဖြေက ဒဿမနဲ့ ထွက်လာပါမယ်။
၂။ အဲဒီ ဒဿမကို ဖြုတ်လိုက်ရင် အဖြေရတော့တာပါပဲ။
ရှင်းသွားအောင် ဥပမာလေးနဲ့ ရှင်းပြပါမယ်။
၃၅ × ၅ = ၁၇၅
၃၅ ကို ၂ နဲ့ စားရင် ၁၇.၅ ရပါမယ်။
အဲဒီ ဒဿမကို ဖြုတ်လိုက်ရင် ၁၇၅ ဆိုတာ အဖြေပါပဲ။
အဲဒီလိုပဲ ၅၀ ၊ ၅၀၀ ၊ ၅၀၀၀ စသည်တို့နဲ့ မြှောက်မယ်ဆိုလည်း အဖြေရဲ့ နောက်က
(၀) သုည တွေ တပ်ပေးလိုက်ရုံပါပဲ။
ဥပမာ ၃၅ × ၅၀ = ၁၇၅၀
၃၅ × ၅၀၀ = ၁၇၅၀၀ ပါပဲ။
လေးစားစွာဖြင့်
ကိုသန်းဇော်
No comments:
Post a Comment