Sunday, August 30, 2015

နပိုလီယန်ရဲ့ ဘောင်းဘီရှည်


        အသက် (၉) နှစ်အရွယ်ကတည်းက သူဖတ်ခဲ့ရတဲ့ သမိုင်းစာအုပ်တွေထဲမှာ နပိုလီယန် ဘာ့ကြောင့်

သေဆုံးခဲ့ရတယ်ဆိုတာကို သို့လောသို့လော ရေးသားတင်ပြထားတာကြောင့် အဖြစ်မှန်ကို သိလိုစိတ်

 ပြင်းပြနေခဲ့တဲ့ Allesaudroluli ဟာ ဆွစ်ဇာလန်မှာ ရောဂါရှာဖွေရေး ခွဲစိတ်ဆရာဝင် ဖြစ်တော့မှ သူ

သိချင်တာကို သိခွင့်ရတော့တယ်။

    ၁၈၂၁ ခုနှစ်မှာ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ နပိုလီယန်ဟာ ပြည်ပြေးဘ၀နဲ့ ကွယ်လွန်ခဲ့ပေမယ့်

သေဆုံးရခြင်း အကြောင်းအရင်းကို ခွဲစိတ်စစ်ဆေးတဲ့ autopsy က ယခုခေတ်မှာလိုပဲ ပြည့်ပြည့်စုံစုံ ဖေါ်ပြ

ထားတယ်။ သူ့ရဲ့ ကိုယ်ရေးဆရာဝန်ကိုယ်တိုင် ဆောင်ရွက်ခဲ့တဲ့ autopsy က နပိုလီယန်ဟာ အစာအိမ်

ကင်ဆာကြောင့် သေဆုံးရကြောင်း အစီအရင်ခံထားပါတယ်။ ဒါပေမယ့် ၁၉၆၁ ခုနှစ်မှာ နပိုလီယန်ရဲ့

ဆံပင်ထဲက အာဆင်းနစ်ဓါတ် ပါဝင်မှုဟာ သဘာဝထက် လွန်ကဲနေတာကို တွေ့ကြရတဲ့အတွက် အဆိပ်

ခတ်ပြီး သတ်တာ ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်ထွက်လာခဲ့တယ်။ ပုံတူပန်းချီ ကားတွေထဲမှာ

လည်း နပိုလီယန်ဟာ အစာအိမ်ကင်ဆာ ရောဂါဘယရဲ့ အသွင်အပြင်ကို ဆန့်ကျင်ပြီး ၀၀ဖြိုးဖြိုး

 ဖြစ်နေခဲ့တယ်။

      အဲဒီနောက်ပိုင်း လေ့လာမှုများအရ သူ့ဆံပင်ထဲက အာဆင်းနစ် ပါဝင်မှုဟာ အစဉ်အမြဲ မြင့်တက်

နေတာကို တွေ့ရှိကြတဲ့အတွက် အဆိပ်ခတ် သတ်တယ်ဆိုတဲ့ အယူအဆကို ပယ်ဖျက်ခဲ့ကြတယ်။

အဲဒီအပြင် မျက်မြင် သက်သေများရဲ့ မှတ်တမ်းထဲမှာလည်း အာဏာရှင်ကြီးဟာ အန်ကြောင်း၊

 သွေးဆုံးရှုံးမှုဖြစ်ကြောင်းနဲ့ကွယ်လွန်ခါနီးမှာ အစာမစားလိုသော အကြောင်းများကို ဖေါ်ပြထားတယ်။

Lugli က autopsy ကို အထပ်ထပ်အခါခါ ဖတ်ပြီးတဲ့အခါမှာ ၎င်းရဲ့ တိကျမှုကို ယုံကြည်စိတ်ချ

လာခဲ့ပေမယ့် သက်သေထူနိုင်မယ့် အကြောင်းအရာများကို ဆက်လက် ရှာဖွေခဲ့တယ်း။ အာဏာရှင်ကြီး

 မကွယ်လွန်မီမှာ သူ့ရဲ့ ဘော်ဒီဝိတ် ကျဆင်းလာခြင်းဟာ ခိုင်မာတဲ့ အထောက်အထား တစ်ရပ်

 ဖြစ်လိမ့်မယ်လို့ Lugli က ယူဆခဲ့တယ်။

     Autopsy နဲ့ တခြားမှုခင်းဆိုင်ရာ အစီအရင်ခံစာများကို ထည့်သွင်း အသုံးပြုပြီး Lugli ရဲ့ University

Hospital in Basal က သူ့ရဲ့ ရောင်းရင်းများက ကွယ်လွန်ချိန်မှာရှိတဲ့ နပိုလီယန်ရဲ့ ဘော်ဒီဝိတ်ကို

တွက်ချက်ကြတယ်။ ပထမ သူဝတ်ခဲ့တဲ့ ဘောင်းဘီရှည် ၁၂ ထည်ရဲ့ ခါးအကျယ်ကို တိုင်းယူကြတယ်။

(အဲဒီ ဘောင်းဘီရှည်တွေမှာ နောက်ဆုံးဝတ်ခဲ့တဲ့ တစ်ထည်လည်းပါတယ်။) နောက်ပြီးတော့မှ

ခါးအတိုင်းအထွာကနေ ဘော်ဒီဝိတ်ကို ပြောင်းလည်း တွက်ချက်ယူကြတယ်။

    Human Pathology ဂျယ်နယ်ထဲမှာ ဖေါ်ပြထားတဲ့ သူတို့ရဲ့ အစီအရင်ခံစာက နပိုလီယန်ဟာ

ပြည်ပြေးဘ၀မှာ ဘော်ဒီဝိတ် တက်လာခဲပေမယ့် ကွယ်လွန်ခါနီး ၆ လအတွင်းမှာ ၀ိတ် တဖြည်းဖြည်း

ကျဆင်းလာခဲ့ကြောင်း တင်ပြထားတယ်။ ခါးအတိုင်းအထွာ ၅ လက်မ သေးငယ်သွားခြင်းကို အခြေခံပြီး

ကိုယ်အလေးချန်ပေါင် ၂၀ မှ ၃၀ ထိ လျော့နည်းသွားခဲ့တယ်လို့ တွက်ချက်ကြတာဖြစ်တယ်။

        ကျွန်တော်တို့ရဲ့ တွေ့ရှိချက်များက အစာအိမ်ကင်ဆာ ဖြစ်ပွားခဲ့ကြောင်း အခိုင်အမာ သက်သေ

မပြနိုင်ပေမယ့် ကိုယ်အလေးချိန် လျော့နည်းလာခြင်းဟာ အဲဒီရောဂါရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်လို့

Lugli က တင်ပြသွားခဲ့ပါတယ်။


                                                                     သိပ္ပံနှင့် နည်းပညာဂျာနယ်မှ


                                                                                 ကိုသန်းဇော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...