Sunday, August 30, 2015
ယင်ကို ရိုက်ခြင်း
ယင်တစ်ကောင်ကို ရိုက်ဖို့ ကြိုးစားဖူးခဲ့ရင် ဘယ်လောက် ခက်ခဲတယ်ဆိုတာ သိပါလိမ့်မယ်။
နောက်ကနေ အသာလေးချောင်းပြီး ချဉ်းကယ်မယ် ဆိုရင်တောင်မှပေါ့။ အဲဒီကိစ္စအတွက် အကြောင်းအရင်း
နှစ်ခုရှိတယ်။ အင်းဆက်များ အားလုံးလိုလိုပဲ ယင်ကောင်တွေဟာ အမြင်ဆိုင်ရာ အချက်အလက်ကို အလွန်
လျှင်မြန်စွာ ရရှိတယ်။ သူတို့ဟာ အရာဝတ္ထုတွေကို အလွန် လျှင်မြန်စွာ တုံ့ပြန်နိုင်တယ်လို့ ဆိုလိုပါတယ်။
ယင်ကောင်တွေမှာ ကြီးမားပြီး ခုံးနေတဲ့ မျက်လုံးက ဘေးပတ်ပတ်လည်ကို မြင်နိုင်တယ်။ ဒါ့ကြောင့် သင်
ဘယ်ဘက်ကလာလာ သူတို့က သင့်ကို မြင်နိုင်တယ်။ သူတို့က ဒီလို လှမ်းရိုက်မှုမျိုးကို ရှောင်နိုင်ပေမယ့်
အင်းဆက်တွေက ကောင်းကောင်းမြင်နိုင်တာတော့ မဟုတ်ဘူး။ သူတို့ရဲ့ မျက်လုံးတွေဟာ သေးငယ်သော
မှန်ဘီလူးလေးပေါင်းများစါာနဲ့ ပြုလုပ်ထားတယ် ဒ့ါကြောင့် သူတို့က ကမ္ဘာကို အစက်ကလေးပေါင်း
ရာနှင့်ချီပြီး ပြုလုပ်ထားသည်ကို မြင်ရပါတယ်။
သိပ္ပံနှင့် နည်းပညာ ဂျာနယ်မှ
ကိုသန်းဇော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment