စုံကိန်းတစ်လုံး နဲ့ ၅ ဂဏန်းနဲ့ အလွယ်မြှောက်နည်းလေးပါ သူငယ်ချင်းတို့။
ဒီနည်းလေးက အင်မတန်မှကို လွယ်ပါတယ်
၁။ ၅ နဲ့ မြှောက်မဲ့ စုံကိန်းကို ၂ နဲ့ စားလိုက်ပါ။
၂။ ပြီးရင် အဲဒီ ၂ နဲ့စားလို့ ရလာတဲ့ ရလဒ်ရဲ့ နောက်ဆုံးက ၀ (သုံည) တပ်ပေးလိုက်ပါ။
ဒါဆိုရင် အဖြေရပါပြီ။ ရှင်းသွားအောင် ဥပမာလေးနဲ့ ပြပေးပါမယ်။
၂၄၂ × ၅ = ၁၂၁၀
ဒီပုစ္ဆာမှာ ၅ နဲ့ မြှောက်မဲ့ စုံကိန်း ၂၄၂ ကို ၂ နဲ့ စားလိုက်ရင် ၁၂၁ ရတယ်လေ။
အဲဒီ ၁၂၁ ရဲ့ နောက်ဆုံးကနေ ၀ (သုံည) တပ်ပေးလိုက်ရင် ၁၂၁၀ ဆိုပြီး အဖြေရတော့တာပါပဲ။
သိပ်ကို လွယ်တာပဲနော်။
အဲဒီလိုပဲ ၅၀ ၊ ၅၀၀ ၊ ၅၀၀၀ စသည်တို့နဲ့ မြှောက်မည်ဆိုရင်လည်း အဖြေရဲ့ နောက်ဆုံးက
(၀) သုညတွေ တပ်လေးလိုက်ရုံပါပဲ။
ဥပမာ။
၂၄၂ × ၅၀ = ၁၂၁၀၀
၂၄၂ × ၅၀၀ = ၁၂၁၀၀၀
သူငယ်ချင်းတို့ ဗဟုသုတ တိုးပွားနိုင်ကြပါစေ။
လေးစားစွာဖြင့်
ကိုသန်းဇော်
No comments:
Post a Comment