Tuesday, March 24, 2015

ထူးခြားတဲ့ အဘွားအို




    တရုပ်နိုင်ငံ ရှန်တုံပြည်နယ် ပင်ကျိုးမြို့တွင် နေထိုင်သော အသက် ၈၀ နှစ်အရွယ် အဘွားအိုတစ်ဦးသည်

အလေးချိန် တစ်တန်ရှိသော မော်တော်ကားကို သွားဖြင့် ဆွဲပြခဲ့ကြောင်း သိရသည်။ ၀မ်ရှောင်ဘေ အမည်

ရှိ အဘွားအိုသည် ၁၉၃၄ ခုနှစ်တွင် မွေးဖွားသူဖြစ်ပြီး စီစီတီဗီမှ အစီအစဉ်တစ်ခုဖြစ်သော Amazing



Chinese season 2 တွင် ပါဝင်လာခြင်းဖြစ်သည်ဟု သိရသည်။ အဘွားအိုသည် သူငယ်ချင်း၊ မြေးနှင့်

၎င်း၏ဇနီးတို့ တက်ထိုင်နေသည့် မော်တော်ကားကို ၃၈ စက္ကန့်အတွင်း ကြိုးကို အသုံးပြု၍ ကားကို

သွားဖြင့်ဆွဲပြခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အနုပညာဖျော်ဖြေ တင်ဆက်မှုကြောင့် ပရိတ်သတ်ပေါင်း ထောင်ချီ

တို့က လက်ခုပ်သြဘာများ ချီးမြှင့်ခဲ့ကြပြီး ပွဲ၏ ဒိုင်လူကြီးများအဖြစ် အနုပညာရှင်များက ပြုလုပ်ပေးခဲ့ကြ

သည်။ အဘွားအိုက ၎င်း၏ ခန္ဓာကိုယ်သည် လွန်စွာ သန်စွမ်းကျန်းမာပြီး လူငယ်တစ်ဦးကဲ့သို့ သန်မာ

နေကြောင်းကို ဆိုခဲ့သည်ဟု သိရသည်။


                                                                          Ref: pyimyanmar (12.3.2015)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...