Tuesday, March 24, 2015

သံလိုက် ကို စတင် တွေ့ရှိခြင်း





       သံလိုက်ကို ရှာဖွေတွေ့ရှိပုံသည် မထင်မှတ်သော အကြောင်းအရာ တစ်ခုဖြစ်သည်။ ဘီစီ ၆၀၀



ပြည့်နှစ်များက ဖြစ်သည်။ အာရှတိုက် မက်ဝ်နီးဆီးယားဟု ခေါ်တွင်ခဲ့သော တိုင်းပြည်ရှိ မတ်ဝ်နီးမြို့တွင်

သိုးထိန်းသမား လူငယ်တစ်ဦးက အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။ “သားလ်စ်” အမည်ရှိ

အဆိုပါ သိုးကျောင်းသမားလေးသည် သူ၏သိုးများကို ထိန်းကျောင်းနေစဉ်တွင် သူကိုင်တွယ်နေသော

သံချောင်းတံသည် ကျောက်တုံးတစ်တုံးကို ထောက်မိခဲ့သည်။ ၎င်းကျောက်တုံးသည် သံလိုက်ရိုင်းများဖြင့်

ပြည့်ဝင်နေသည့် ကျောက်တုံးဖြစ်ပြီး သိုးကျောင်းသမားလေး၏ လက်ကိုင်တံနျင့် ကပ်ညိနေသည်ကို

အံ့သြဖွယ် တွေ့ရှိခဲ့သည်။ သို့သော် အဆိုပါ ကျောက်တုံးမျိုးကို မည်ကဲ့သို့ အသုံးပြုရမည်ကို မသိကြ

သေးပါ။ အေဒီ ၁၂၀၀ ပြည့်နှစ်များတွင် ဥရောပတိုက်သားတို့က ၎င်းကျောက်တုံးများကို လွပ်လပ်စွာ

ချိတ်ဆွဲထားလျှင် ကမ္ဘာ့မြောက်ဘက်နှင့် တောင်ဘက်အရပ်များသို့ ညွှန်ပြနေသည်ကို သိရှိခဲ့ရပါသည်။

၎င်းကို လမ်းပြကျောက်တုံးဟုပင် ခေါ်ခဲ့ကြပါသည်။ ထိုစဉ်က ရေကြောင်းခရီး သွားလာရာများတွင် များစွာ

အထောက်အကူဖြစ်စေခဲ့သည်။ ၎င်းတို့၏ ကွန်ပက်ခေါ် လမ်းပြ အိမ်မြှောင် ကိရိယာများတွင် ထည့်သွင်း

အသုံးပြုခဲ့ကြပါသည်။ အဆိုပါ လမ်းပြအိမ်မြှောင် ကိရိယာကိုပြင်သစ်လူမျိုး Petrus Peregrinus က စတင်

တီထွင်ခဲ့သည်။ သံလိုက်ဓါတ်နှင့် လျှပ်စစ်ဓါတ်တို့ ဆက်သွယ်မှုရှိကြောင်းကို ၁၈၂၀ ပြည့်နှစ်တွင် ပြင်သစ်

လူမျိုး ရူပဗေဒ ပညာ၇ှင် Andre Marie Empere က ဖေါ်ထုတ်ခဲ့ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...