Tuesday, March 24, 2015
အမျိုးသမီးများအပေါ် ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ ပြတဲ့ အမျိုးသားများရဲ့လက်
သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အမျိုးသားတွေရဲ့ လက်ချောင်းတွေကိုကြည့်ပြီး
အမျိုးသမီးတွေအပေါ် ကြင်နာတတ်သူ၊ ယဉ်ကျေးပျူငှာသူ၊ ခေါင်းမာတတ်သူ၊ ရိုင်းစိုင်းတတ်သူ
အစရှိသဖြင့် စရိုက် ပုံသဏ္ဍာန် အမျိုးမျိုးကိုခွဲခြား သိနိုင်တယ်လို့ဆိုပါတယ်။ ကနေဒါနိုင်ငံ မက်ဂေး
တက္ကသိုလ်ရဲ့ သိပ္ပံ လေ့လာချက်တွေအရ လက်ညှိုးထက် လက်သူကြွယ်ရှည်သူ အမျိုးသားတွေက
အမျိုးသမီးတွေကို ကြင်နာတတ်သူဖြစ်ပြီး တန်းတူညီနေမယ်ဆိုရင်တော့ မိန်းခလေးတွေနဲ့
အပြိုင် စကားများ ရန်ဖြစ်တတ်သူလို့ဆိုပါတယ်။ မိခင်ဝမ်းထဲမှာ သန္ဓေသားလောင်းအဖြစ် ရှိစဉ်
လက်ညှိုးနဲ့ လက်သူကြွယ်အဖြစ် ကွဲထွက်သွားတဲ့အချိန်မှာ ဟော်မုန်း ထိတွေ့သိရောက်မှုကြောင့်
အရှည်အတိုကို ကွာခြားသွားစေတာလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ သန္ဓေသားက မိခင်ဗိုက်ထဲမှာ
ကျားဟော်မုန်းနှင့် ထိတွေ့မှုများလေ လက်သူကြွယ် ပိုရှည်လေဖြစ်ပါတယ်။
ကျားဟော်မုန်း ထိတွေ့မှု ပမာဏကြောင့် မွေးဖွားကြီးပျင်းခဲ့ချိန်မှာ လက်သူကြွယ် ပိုရှည်နေသူ
အမျိုးသားတွေကအမျိုးသမီးတွေနဲ့ အတူရှိနေချိန်မှာ ပိုပြီး စိတ်ရှည်လို့ သဘောထားပြည့်ဝသူ
ဖြစ်နေတတ်ကြပါတယ်။ ဒီအချက်အလက်ကိုသေချာစေဖို့ လက်ညှိုးထက် လက်သူကြွယ်ပိုရှည်သူ
အမျိုးသားတွေကို အမျိုးသမီးတွေနဲ့ အတူထားပြီး စစ်ဆေးကြည့်ရာမှာတော့ ဒီအမျိုးသားတွေ အားလုံးက
အမျိုးသမီးတွေရဲ့ စကားအခွန်းတိုင်းကို သေချာအာရုံစူးစိုက် နားဆင်ပေးတတ်ပြီး အလိုက်သင့်
ပြုံးရယ်တာတွေနဲ့ အလိုက်တသိ ကူညီဆောင်ရွက်ပေးတတ်ကြတဲ့အပြင် စိတ်ရှည် သည်းခံနှိုင်စွမ်း
အတော်လေးကောင်းတယ်ဆိုတာ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ အမျိုးသား ၁၅၅ ဦးကို ရက်
၂၀ ကြာ စောင့်ကြည့်လေ့လာခဲ့ပြီးချိန်မှာ ဒီအချက်ကို ကနေဒါ သိပ္ပံပညာရှင်များက အတည်ပြုပေးခဲ့တာ
ပဲဖြစ်ပါတယ်။
Ref ; pyimyanmar (26.2.2015)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment