Tuesday, March 24, 2015
ဂက်စ် မီးတောက်လေး မြောက်တက်သွားအောင်
ပုံမှာ ပြထားတဲ့အတိုင်း ဂက်စ်မီးခြစ်လေးကို ခြစ်လိုက်တဲ့အခါ မီးတောက်လေးဟာ ပုံမှန်အတိုင်း
မတောက်ဘဲအပေါ်ကို ၄ လက်မလောက် မြောက်တက်ပြီး တောက်လောင်နေတာကို တွေ့ရပါမယ်။ အဲဒါ
ဘယ်လိုလုပ်တာလဲ။သိချင်ရင် အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး ကြည့်လိုက်ပါနော်
ပထမဆုံး ဘောလ်ပင်ထဲက မင်ချောင်းတစ်ချောင်းကို ထုတ်ယူပြီး ထိပ်က tip ကို ဆွဲဖြုတ်လိုက်ပါ။
ပြီးရင် မင်ချောင်းကို ဂစ်စ်မီးခြစ်လေးရဲ့ ဂက်စ် ထွက်တဲ့အပေါက်မှာ စွပ်ပြီး မင်အနည်းငယ်ကို ပါးစပ်ဖြင့်
မှုတ်ထုတ်လိုက်ပါ။ ဒါဆိုရင် ဂက်စ်ထွက်တဲ့ အပေါက်လေးထိပ်မှာ မင်အနည်းငယ် ပိတ်ဆို့သွားပါမယ်။
ဒါဆိုရင် ရပါပြီ။ မီးခြစ်လေးကိုခြစ်ကြည့်လိုက်ပါ။ မီးတောက်လေး မြောက်တက်လာတာကို တွေ့ရမှာပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ။
Subscribe to:
Post Comments (Atom)


No comments:
Post a Comment