Tuesday, March 3, 2015
ပိုးထည် ဘယ်ကစ
အချို့သော ရှာဖွေတွေ့ရှိမှုများသည် အံ့သြဖွယ် ကောင်းလှပါသည်။ ဥပမာအားဖြင့် ပိုးထည်
ရက်လုပ်သည့် ပိုးချည်မျှင်ကို စတင်တွေ့ရှိပုံမျိုးဖြစ်သည်။ အချိန်ကာလအားဖြင့် ဘီစီ ၁၅၀၀ နှင့်
၂၀၀၀ ပြည့်နှစ်များတွင် ဖြစ်သည်။ တရုပ်ပြည်မှ မင်းသမီးတစ်ပါးသည် ဥယျဉ်တော်အတွင်း
အပန်းဖြေနေခိုက် သူမ၏ အစေအပါးတို့က လက်ဖက်ရည်ကြမ်း ဆက်ခဲ့ပါသည်။ မင်းသမီးသည်
ပိုးစာပင်တစ်ပင်အောက်တွင် ထိုင်ကာလက်ဖက်ရည်ကြမ်းကို သောက်နေခဲ့သည်။
ထိုစဉ် ပိုးအိမ်တစ်ခုသည် မင်းသမီး၏ လက်ဖက်ရည်ကြမ်း ပန်းကန် အတွင်းသို့ ကျလာခဲ့သည်။
လက်ဖက်ရည်ကြမ်း၏ အပူဒဏ်ကြောင့်အဆိုပါ ပိုးအိမ်သည် နူးညံ့သွားခဲ့သည်။ မင်းသမီးက ၎င်းပိုးအိမ်ကို
ကိုင်ကြည့်ကာ နူးညံ့မှုအတွက် အံ့အားသင့် သွားခဲ့ပါသည်။ ထိုအချိန်များမှ စတင်ကာ ပိုးအိမ်ကလေးများမှ
ပိုးချည်မျှင်ကို ထုတ်ယူရခဲ့သည်ဟု ဆိုကြပါသည်။ သို့သော်လည်း ပိုးထည်အဖြစ် ရက်လုပ်ခြင်း
မပြုနိုင်ကြသေးပဲစာများ၊ ပန်းချီကားများ ရေးဆွဲရာတွင်သာ သုံးခဲ့ကြသည်။ နောက်ပိုင်းတွင် ပိုးထည်
ရက်လုပ်နိုင်သည်အထိ ပြုလုပ်နိုင်ခဲ့ကြပါသည်။
တရုပ်ပြည်ထွက် ပိုးထည်များသည် အလွန်နာမည်ကျော်ခဲ့ကာ ရောမနိုင်ငံအထိ ပျံ့နှံ့ခဲ့သည်။
တရုပ်ပြည်မှ ရောမသို့ ကုန်ကူးသန်းရောင်းဝယ်ရာ လမ်းကြောင်းခရီးကိုပင် “ပိုးလမ်းကြောင်း”
ဟု ခေါ်တွင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ပိုးချည်ထုတ်လုပ်သည့် အကောင်လေးများကို မွေးမြူကာ
ပိုးထည်များ ထုတ်လုပ်လာခဲ့ကြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment