ဒီတစ်ပတ် သူငယ်ချင်းတို့ကို တင်ပြမှာလေးကတော့ တစ်ဆယ်ကျော်တဲ့ နှစ်လုံးတွဲကိန်းအချင်းချင်း
အလွယ်မြှောက်နည်းလေးပါပဲ။ ဒီနည်းလေးဟာလည်း သိပ်ကို လွယ်တဲ့နည်းကလေးပါ။အရေးကြုံ
လာတဲ့အခါ သုံးလို့ရတာပေါ့နော်။
ကဲ စလိုက်ကြရအောင်ဗျာ......
ဒီနည်းကလေးကို လုပ်ဖို့ဆိုရင်
(၁) ပထမ ကိန်းနဲ့ ဒုတယကိန်းရဲ့ နောက်ဂဏန်းနဲ့ ပေါင်းလိုက်ပြီး ချရေးလိုက်ပါ။
(၂) ပထမကိန်းရဲ့ နောက်ဂဏန်းနဲ့ ဒုတိယကိန်းရဲ့ နောက်ဂဏန်းတို့ မြှောက်လိုက်ပြီး
ဆက်ရေးလိုက်ပါ။
ဒါဆိုရင် အဖြေကို ရတော့တာပါပဲ။
ဒါပေမယ့် ဒီနေရာမှာ ချွင်းချက်တစ်ခုတော့ရှိပါတယ်။ ဘာလဲဆိုတော့ အဲဒီလိုပထမကိန်းရဲ့
နောက်ဂဏန်းနဲ့ဒုတိယကိန်းရဲ့ နောက်ဂဏန်းတို့ မြှောက်ရာမှာ မြှောက်လဒ်ဟာ အဖြေ
နှစ်လုံးထွက်လာခဲ့ရင်တော့ အဲဒီ ထွက်လာတဲ့အဖြေရဲ့ ပထမဂဏန်းနဲ့ စောစောက နံပါတ်တစ်က
ရလာတဲ့ အဖြေနဲ့ ပြန်ပေါင်းရပါတယ်။ ခေါင်းရှုပ်သွားပြီလား ကဲ.....
ရှင်းသွားအောင် ဥပမာ ပုစ္ဆာလေးတွေ တွက်ပြပါမယ်ဗျာ..... အောက်မှာ ကြည့်လိုက်ကြပါ။
ဥပမာ ပုစ္ဆာ (၁)
၁၃ နဲ့ ၁၂ ကိုမြှောက်ပါမယ်။
(၁) ပထမကိန်းနဲ့ ဒုတိယကိန်းရဲ့ နောက်ဂဏန်းနဲ့ ပေါင်းပါမယ်။ ပထမကိန်းက ၁၃ ပါ။
ဒုတိယကိန်းရဲ့ နောက်ဂဏန်းက ၂ ပါ။ အဲဒီ နှစ်ခုပေါင်းလိုက်ရင် ၁၅ ရပါတယ်။ အဲဒါကို ချရေးလိုက်ပါ။
၁ ၅
(၂) ပထမကိန်းရဲ့ နောက်ဂဏန်းနဲ့ ဒုတိယကိန်းရဲ့ နောက်ဂဏန်းတို့ မြှောက်ရပါမယ်။
ပထမကိန်းရဲ့ နောက်ဂဏန်းက ၃ ပါ။ ဒုတိယကိန်းရဲ့ နောက်ဂဏန်းက ၂ ပါ။
အဲဒီနှစ်ခု မြှောက်လိုက်ရင်
၆ ရပါတယ်။ အဲဒီတော့ စောစောက ရထားတဲ့ အဖြေ ၁၅ နောက်မှာ အခုရတဲ့ အဖြေ ၆ ကို
ဆက်ရေးလိုက်ရင်
အဖြေက ၁၅၆ ပေါ့။
ရှင်းရှင်းလေးပါ။ ဒါက နောက်ဂဏန်းနှစ်လုံး မြှောက်လိုက်လို့ ၆ ဆိုတဲ့ အဖြေ ဂဏန်း
တစ်လုံးတည်း ရလာလို့ ဒီလို လွယ်လွယ်လေး ချရေးလိုက်နိုင်တာပါ။ စိတ်တွက်နဲ့တောင် ရပါတယ်။
အောက်က တွက်ပုံကို ကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။
၁၃ x ၁၂ = ၁၃ + ၂ =၁၅
` ၃ x ၂ = ၆
ဒါပေမယ့် တကယ်လို့ နောက်ဂဏန်းချင်း မြှောက်ရာမှာ အဖြေက ဂဏန်း ၂ လုံးထွက်လာခဲ့ရင်တော့
ဘယ်လိုလုပ်မလဲ
ဥပမာ ပုစ္ဆာ (၂)
ဒီတစ်ခါတော့ ၁၄ နဲ့ ၁၃ နဲ့ မြှောက်ကြမယ် ဆိုပါစို့.......
(၁) ပထမကိန်းနဲ့ ဒုတိယကိန်းရဲ့ နောက်ဂဏန်းပေါင်းပါမယ်။ ပထမကိန်းက ၁၄။
ဒုတိယကိန်းရဲ့ နောက်ဂဏန်းက ၃။ အဲဒီနှစ်ခု ပေါင်းလိုက်ရင် ၁၇ ပေါ့။
(၂) ပထမကိန်းနဲ့ ဒုတိယကိန်းတို့ရဲ့ နောက်ဂဏန်းအချင်းချင်း မြှောက်ပါမယ်။
ပထမကိန်းရဲ့ နောက်ဂဏန်းက ၄။ ဒုတိယကိန်းရဲ့ နောက်ဂဏန်းက ၃။ အဲဒီနှစ်ခု မြှောက်လိုက်ရင်
အဖြေက ၁၂ ။ ဒီနေရာမှာတော့ အဖြေက နှစ်လုံးဖြစ်လာတဲ့အတွက် ထွက်လာတဲ့အဖြေရဲ့ ပထမဂဏန်း
၁ နဲ့ စောစောက ရထားတဲ့ အဖြေ ၁၇ တို့ ပေါင်းလိုက်ရပါမယ်။ carry လုပ်တဲ့ သဘောပေါ့။
ဒါဆိုရင် စောစောက အဖြေက ၁၇ မဟုတ်တော့ဘဲ ၁၈ ဖြစ်သွားပါမယ်။ အဲဒါ ဆိုရင် အဖြေက -
၁ ၈ ၂ လို့ ဖြစ်သွားပါတယ်။ အစပိုင်းမှာ မျက်စိ နည်းနည်း လည်ချင်လည်ပါမယ်
နောက်ပိုင်း အလေ့အကျင့်များသွားရင် လွယ်ကူသွားမှာပါ။
သူငယ်ချင်းများ အားလုံး ဗဟုသုတ တိုးပွားကြပါစေ။
56×78 ကျဘယ်လိုလုပ်မလဲအစ်ကို
ReplyDelete