Thursday, December 11, 2014
ဒေါသစိတ်နဲ့ ကျန်းမာရေး
(၁) နေပူရှိန် ပြင်းလွန်းခြင်း
တောက်ပလွန်းတဲ့ နေရောင်ခြည်ဒဏ်ကြောင့် ဒေါသနဲ့ စိတ်တိုစိတ်ဆတ်တဲ့ ခံစားချက်ကို ၄၄
ရာခိုင်နှုန်း မြင့်တက်စေနိုင်ပါတယ်။ အီတလီ လေ့လာမှုအရ စိတ်ခံစားမှုနဲ့ မျက်နှာကြွက်သားတွေက
ဆက်စပ်မှုရှိတဲ့အတွက် နေပူရှိန်ကြောင့် မျက်မှောင်တွန့်တဲ့အခါ ဒေါသစိတ်ကို တိုးမြင့်ဖြစ်ပေါ်စေပါတယ်။
ဒီလို မဖြစ်စေဖို့ နေပူထဲသွားတဲ့အခါ နေကာမျက်မှန် တပ်ပါ၊ ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ။
(၂) အဆိုးမြင်စိတ်ရှိသော လုပ်ဖေါ်ကိုင်ဖက် သို့မဟုတ် အခန်းဖေါ်
မကောင်းတဲ့ စိတ်ခံစားမှုက ကူးစက်လွယ်ပါတယ်။ အဆိုးမြင်တတ်တဲ့ အခန်းဖေါ်နဲ့ ၃ လ
လောက်အတူတူနေရင်တောင် အဆိုးမြင်တတ်တဲ့ သဘောထား ကူးစက်တတ်ပါတယ်။ ဟားဗတ်
လေ့လာမှုအရ စိတ်ထားမကောင်းတဲ့ မိတ်ဆွေသူငယ်ချင်း ဒါမှမဟုတ် လုပ်ဖေါ်ကိုင်ဖက်နဲ့
တွေ့ရရင် ဒေါသ အထွက်များတတ်ကြောင်း သိရပါတယ်။
(၃) အခြားသူတို့၏ ဖေ့စ်ဘွတ်ခ် ဓာတ်ပုံများ
ဖေ့စ်ဘွတ်ခ် သုံးသူ ၃၅၀ ဦးအနက် ၉ ရာခိုင်နှုန်းဟာ တခြား သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေကြောင့်
စိတ်အနှောက်အယှက် ဖြစ်နေရကြောင်း ဂျာမန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။
တခြားသူတွေကမိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူ ပျော်ရွှင်ပျော်ပါးနေတာ၊ မိသားစုတွေ အတူ
ဆုံဆည်းတာ.... အဲဒါတွေ မြင်ရတဲ့အခါ အထီးကျန်စိတ်၊ အားကျစိတ်နဲ့ စိတ်တိုတာတွေ
ခံစားရတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီစိတ်ခံစားချက် ပြေပျောက်စေဖို့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံတွေကို ကြည့်ပေးပါ။ ကိုယ်ပိုင် စာမျက်နှာကို ၀င်ကြည့်တာကြောင့် ဒေါသ ပြေလျော့စေပါတယ်။
(၄) ရေပုလင်း အလွတ်
ရေဓာတ် ခန်းခြောက်မှုဟာ ပျော်ရွှင်မှုကိုလည်း ဆိတ်သုဉ်းစေတယ်လို့ ဗြိတိန် အာဟာရဂျာနယ်ရဲ့
လေ့လာမှုအရ သိရပါတယ်။ အလုပ်လုပ်ရင်း တွေးခေါ်မြော်မြင်နိုင်စွမ်း ကျဆင်း လာတာဟာ
သင့်မှာ ရေဓာတ်ခန်းခြောက်နေကြောင်း ဖေါ်ပြတဲ့ လက္ခဏာပါ။ ဒ့ါကြောင့် သင့် အလုပ်စားပွဲပေါ်က
ရေပုလင်းကို အမြဲရေဖြည့်ထားသင့်ပါတယ်။
ဇွန်
Ref; Good Health Journal (18.9.2013)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment