Thursday, December 11, 2014
ပထမဆုံး အာကာသရောက် စကားပြော စက်ရုပ်ကလေး ခီရိုဘို
အာကာသတွင်း ပထမဆုံး စကားပြောနိုင်သည့် စက်ရုပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သော
စက်ရုပ်ကလေး ခီရိုဘိုသည် သြဂုတ်လ ၁၀ ရက်က နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိခဲ့ပြီး
ယခုအခါကမ္ဘာပေါ်ရှိ လူများအား နှုတ်ခွန်းဆက်စကား ပြောကြားလိုက်ကြောင်း သိရသည်။
အရှည် ၁၃ လက်မရှိသည့် အဆိုပါ စက်ရုပ်လေးက မင်္ဂလာနေ့ရက် ဖြစ်စေကြောင်း ကမ္ဘာကြီးအား
နှုတ်ခွန်းဆက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် အာကာသတွင် ပထမဆုံး စကားပြောနိုင်စွမ်းရှိသည့် စက်ရုပ် ခီရိုဘို
ဖြစ်ကြောင်း မိတ်ဆက်ခဲ့သည်။ ထို့ပြင် ၎င်း ရိုက်ကူးထားသည့် ဓါတ်ပုံများကို ကမ္ဘာသို့ ပြန်လည်ပို့ဆောင်
ပေးခဲ့ပြီး အာကာသသိပ္ပံစခန်းတွင် ၁၈ လကြာ နေထိုင်သွားမည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် ဇွန်လက
ခီရိုဘိုကို ပထမဆုံးအကြိမ် ဂျပန်နိုင်ငံတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဂျပန်လူမျိုး အာကာသယဉ်မှူးး
ဝါကာတာအတွက် အထောက်အကူဖြစ်စေရန် ဖန်တီးပေးခဲ့ခြင်းလည်း ဖြစ်သည်။ စက်ရုပ်၏ အသံပိုင်း
ဆိုင်ရာအတွက် နည်းပညာနှင့် ဒီဇိုင်းပိုင်းကို တိုယိုတာ ကားကုမ္ပဏီက ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး
ဥာဏ်ရည်တုများကိုလည်း အသုံးပြုထားသည်။ ခီရိုဘို ဆိုသောအမည်မှာ ခီဘို ဆိုသော ဂျပန်ဝေါဟာရမှ
ဆင်းသက်လာခြင်းဖြစ်ပြီး ခီဘိုမှာ မျှော်လင့်ချက်ဟု အဓိပ္ပါယ်ရကြောင်း သိရသည်။ ယခု စကားပြောသော
စက်ရုပ်ကလေးအားအာကာသသို့ ပို့လွှတ်နိုင်ခဲ့ခြင်းသည် ဂျပန်နိုင်ငံအတွင် အကြီးမားဆုံးသော
မျှော်လင့်ချက်ရောင်ခြည် ဖြစ်နေသည်။ ယခု ပရောဂျက်အား အကောင်အထည်ဖေါ်သူ နိရှိဂျိမက
“ရုရှားက အာကာသကို အရင်ဆုံးထွက်ခဲ့တယ်။ အမေရိကန်ကတော့ လကမ္ဘာကို ပထမဆုံး
ရောက်ခဲ့တယ်။ ကျနော်တို့ ဂျပန်တွေကတော့ အာကာသကို ပထမဆုံး စကားပြောတတ်တဲ့ စက်ရုပ်
လွှင့်တင်နိုင်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။
ZZ
Ref: ပြည်မြန်မာဂျာနယ်။ ( ၁၂. ၉ . ၁၃ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment