မြို့မှာ ကျောင်းတက်နေတဲ့ ချက်ဖေါင်းတစ်ယောက် စိတ်ညစ်နေတယ်။ စိတ်ညစ်ဆို
သုံးစရာ ငွေပြတ်နေပြီလေ။ အဖေ့ဆီ လှမ်းမှာရအောင်ကလည်း အရင်လ ကမှ ပို့ထားတာ
ဆိုတော့ နောက်ထပ် ပေးဦးမယ် မထင်။
ဒါပေမယ့် အဖေက အင်္ဂလိပ်စာ တတ်တယ်၊ ကဗျာ စာပေ ၀ါသနာပါတယ်၊ ပြီးတော့
တိုတိုတုတ်တုတ် ခပ်ပြတ်ပြတ်သမား။ ဒီတော့ အဖေ့အကြိုက် လိုက်ပြောပြီး ပိုက်ဆံ
လှမ်းတောင်းရင်တော့ ရကောင်းရဲ့ ဆိုပြီး အဖေ့ဆီကို ဒီလို စာရေးလိုက်ပါတယ်။
No mon.
No fun.
Your son.
အဓိပ္ပါယ်ကတော့ ပိုက်ဆံမရှိလို့ မပျော်နိုင်ဘူးပေါ့။
သိပ်မကြာပါဘူး နောက်ရက်ကျတော့ သူ့အဖေဆီက ဒီလို ပြန်စာရောက်လာပါတော့တယ်။
Too bad.
So sad.
Your dad. တဲ့...... ။
No comments:
Post a Comment