Monday, September 16, 2013
တံတားကို ဘယ်လို ကူးကြမလဲ
အ ကာလ ညအခါ၊ လ မသာ ကြယ်မလင်း၊ ဘာအလင်းရောင်မှ မရှိတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ
အောင်အောင်၊ ဘိုဘို၊ ချစ်ထွေးနဲ့ ထွန်းထွန်းတို့ သူငယ်ချင်း (၄) ဦးဟာဟာ မကြာခင်မှာ ပြိုကျတော့မယ့်
တံတားအိုကြီး တစ်စင်းအနီးကို ရောက်ရှိလာကြပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ အဲဒီ တံတားအိုကြီးရဲ့
တစ်ဖက်ကို ဖြတ်ကူးပြီး သွားရမှာပါ။ ခက်တာက.......
(၁) သူတို့မှာ လက်နှိပ်မီး တစ်လက်တည်းပဲ ရှိပါတယ်။
(၂) တံတားဟာ တစ်ခါဖြတ်ရင် လူ ၂ ယောက်အလေးချိန်ပဲ ခံနိုင်ရည် ရှိပါတယ်။
` (၃) တံတားဟာလည်း ၁၇ မိနစ်အကြာမှာ ပြိုကျတော့မှာပါ။
သူတို့တစ်ဦးချင်းစီရဲ့ တံတားပေါ်ကို ဖြတ်သန်းတဲ့ နှုန်းများကလည်း မတူညီကြပါဘူး။
(၁) အောင်အောင်ဟာ တံတားကို ဖြတ်သန်းမယ်ဆိုရင် ၁ မိနစ် အချိန်ယူပါတယ်။
(၂) ဘိုဘို ဟာ တံတားကို ဖြတ်သန်းမယ်ဆိုရင် ၂ မိနစ် အချိန်ယူပါတယ်။
(၃) ချစ်ထွေး ဟာ တံတားကို ဖြတ်သန်းမယ်ဆိုရင် ၅ မိနစ် အချိန်ယူပါတယ်။
(၄) ထွန်းထွန်း ဟာ တံတားကို ဖြတ်သန်းမယ်ဆိုရင် ၁၀ မိနစ် အချိန်ယူပါတယ်။
ကဲ သူတို့ ၄ ယောက်စလုံး တံတားရဲ့ တစ်ဖက်ကို တံတားပြိုမကျခင် အချိန်မီ ရောက်အောင်
ဘယ်လို ဖြတ်သန်းကြမလဲ။ လက်နှိပ်မီး မပါဘဲလည်း ကူးသွားလို့ မရပါဘူး၊ လက်နှိပ်မီးက တစ်ဖက်ကို
ရောက်သွားရင်လည်း တစ်ဖက်ကို ပြန်လာပို့ရပါဦးမယ်။ (လက်နှိပ်မီးက တစ်လက်ပဲ ရှိတာကိုး) ပြောရရင်
တံတားကို ဖြတ်သန်းတိုင်း လက်နှိပ်မီးကို အသုံးပြုရပါမယ်။ ဒီနေရာမှာ ၂ ယောက်ဖြတ်ကူးရင် အချိန်ကို
နှစ်ယောက်ပေါင်းပြီး ယူစရာမလိုပါဘူး၊ အချိန်များများယူတဲ့သူရဲ့ အချိန်ကိုပဲ ယူရမှာပါ။ ဆိုလိုတာက
ဥပမာ ချစ်ထွေး နဲ့ ဘိုဘို ဖြတ်ကူးတယ် ဆိုပါတော့ ချစ်ထွေးက ၅ မိနစ်၊ဘိုဘိုက ၂ မိနစ်ပဲ ကြာတော့
နှစ်ယောက်ပေါင်း ၇ မိနစ် ယူစရာမလိုပါဘူး။ အချိန်ပိုကြာတဲ့ ချစ်ထွေးရဲ့ အချိန် ၅ မိနစ်ကိုပဲ ယူရမှာပါ။
သူငယ်ချင်းတို့ ကြိုးစားကြည့်ကြပါဦးနော်။
ပြီးရင် သူငယ်ချင်းတို့ရဲ့ အဖြေကို အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး အဖြေတိုက်ကြည့်
လိုက်ကြပါနော်။
(၁) အောင်အောင်နဲ့ ဘိုဘို အရင်ဖြတ်ကူးပါမယ်။ ၂ မိနစ်။
(၂) အောင်အောင် ပြန်လာပါမယ်။ ၃ မိနစ်
(၃) ချစ်ထွေးနဲ့ ထွန်းထွန်းတို့ ဖြစ်ကူးပါမယ်။ ၁၃ မိနစ်။
(၄) ဘိုဘို ပြန်လာပါမယ်။ ၁၅ မိနစ်။
(၅) နောက်ဆုံးမှာ အောင်အောင်နဲ့ ဘိုဘိုတို့ ဖြတ်ကူးသွားရုံပါပဲ။ စုစုပေါင်း ၁၇ မိနစ်
သူငယ်ချင်းတို့ ပျော်ရွှင် ကျန်းမာကြပါစေ
Subscribe to:
Post Comments (Atom)
ကောင်းတယ်
ReplyDelete