Monday, September 16, 2013

မှတ်ဥာဏ် ကောင်းလိုသလား





         တစ်နေ့မှာ မိနစ် ၃၀ လမ်းလျှောက်တာလိုပဲ အောက်ပါ နည်းလမ်း ခြောက်သွယ်ဟာလည်း

ဦးနှောက်ကို ကျန်းမာ ထက်မြက်နေစေပါတယ်။

(၁) အိန္ဒိယ အစားအသောက် စားပါ။

     သီတင်းပတ်တိုင်းမှာ နနွင်း၊ မုန့်ညင်းနဲ့ တခြား ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ အစားအသောက်တွေ

ကို အနည်းဆုံး ခြောက်ကြိမ်ခန့်စားပေးပါ။ နနွင်းထဲမှာ ပါတဲ့ ကာကူမင်း (Crurumin) ဓာတ်ဟာ

အယ်လ်ဇိုင်းမားရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။

(၂) သူတစ်ပါးကို သင်ကြားပေးပါ။

    ဘ၀တစ်လျှောက်လုံး သင်ယူသူအဖြစ် နေထိုင်ရင်း သူတစ်ပါးကို ပညာဝေမျှပေးပါ။ သင့်အနေနဲ့

တခြားတစ်ယောက်ကို ပညာတွေ မျှဝေပေးတာက သင့်အနေနဲ့ သတင်းအချက်အလက်နဲ့

ဗဟုသုတတွေကိုစုဆောင်း ထိန်းသိမ်းပေးရာ ရောက်ပါတယ်။

(၃) ခရမ်းချဉ်သီးစားပါ။

    တစ်ပတ်မှာ အနည်းဆုံး ခရမ်းချဉ်သီး စားမြိန်ရည် (Tomato Sauce) ၁၀ ဇွန်းကို သံလွင်ဆီ၊ သကြား

မပါဘဲ စားပေးတာက ဦးနှောက်စွမ်းအားကို ကောင်းမွန်စေပါတယ်။

(၄) များများရယ်ပါ

    ရယ်တာက မှတ်ဥာဏ်ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် များများရယ်ပါ။ မရယ်ဖြစ်တဲ့ နေ့တွေမှာ

ဟာသဇတ်လမ်းတွေ ကြည့်တာမျိုး၊ ဟာသ ကာတွန်းတွေ ဖတ်တာမျိုး ပြုလုပ်ပြီး ရယ်ပါ။

(၅) ကော်ဖီသောက်ပါ။

    ခရင်မ် မပါ၊ သကြားမပါတဲ့ ကော်ဖီကို သောက်ပေးတာက အယ်လ်ဇိုင်းမား ရောဂါ အန္တရာယ်ကို

လျော့ကျစေပါတယ်။

(၆) ငါးစားပါ။

    တစ်ပတ်မှာ ၃ - ၄ ကြိမ်ခန့် ငါးစားပေးပါ။ တကယ်လို့ ငါး မစားဖြစ်ပါက ငါးကြီးဆီ (Omega 3

Fatty Acid) အားဖြည့်ဆေးကို နေ့စဉ် စားပေးပါ။



                                           ကြယ်စင်


Ref;  Good Health Journal (11.9.2013)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...