Thursday, September 19, 2013

သစ်သီးအသုံးပြုပြီး မျက်နှာပေါင်းတင်နည်းများ



     ရာသီပေါ် သီးနှံတွေကို အသုံးပြုပြီး သင့်အိမ်မှာပဲ အလွယ်တကူ ပေါင်းတင်နိုင်တဲ့ သဘာဝ

နည်းတွေကို ရေးသားလိုက်ပါတယ်။

 
  (၁) လိမ္မော်သီးနှင့် မျက်နှာ ပေါင်းတင်နည်း
       လိမ္မော်သီးအခွံမှာ အသားအရေအတွက် လိုအပ်တဲ့ AHA နဲ့ ဗီတာမင် များစွာ ပါဝင်ပါတယ်။

လိမ္မော်သီးက အရေးအကြောင်းဖြစ်တာကို ကာကွယ်နိုင်ကြောင်း သိထားပြီး ဖြစ်ပါလိမ့်မယ်။

လိမ္မော်သီးမှာ ပါဝင်တဲ့စစ်ထရစ်အက်ဆစ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်

 ဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

    ပြုလုပ်နည်း

    - ကြက်ဥတစ်လုံး

    - ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း

    - လိမ္မော်ရည် တစ်ခွက်ရဲ့ ရှစ်ပုံတစ်ပုံ
   
    အားလုံးကိုရောမွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ မျက်နှာသစ်ပါ။


    (၂) သရက်သီးနှင့် ဆံပင် ပေါင်းတင်နည်း

    သရက်သီးက မျက်နှာအသားအရေကို ကြည်လင်စေပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်။ သရက်သီး

မှာ အင်ဇိုင်းတွေပါဝင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ သရက်သီးက မျက်နှာအတွက်သာ

 မကဘဲဆံသားအတွက်လည်း ကောင်းကျိုးရရှိစေပါတယ်။ ဆံပင်ကို အရင်းထိ ခိုင်ခံ့စေပြီး ပျော့ပျောင်း

နူးညံ့စေပါတယ်။

    ပြုလုပ်နည်း

    - သရက်သီးမှည့်တစ်လုံး

    - ပျားရည် လက်ဖက်စားဇွန်းတစ်ဝက်

      သရက်သီးမှည့်ကို အခွံနွှာပြီး အသားတွေကို ကြေအောင်ချေပါ။ ပျားရည်နှင့်ရောပြီး ဆံသားအနှံ့

သေချာစွာ လိမ်းပါ။ တစ်နာရီကြာ ထားပြီးနောက် လျှော်နေကျ ခေါင်းလျှော်ရည်နှင့် လျှော်ပြီး ကွန်ဒီရှင်နာ

သုံးပါ။

    (၃) ဖရဲသီးနှင့် ချွေးပေါက် ကျဉ်းအောင် ပြုလုပ်နည်း

    ဖရဲသီးက အသားအရေကို တောက်ပစေပြီး အေးမြ လန်းဆန်းစေပါတယ်။ အသားအရေကို ရေဓာတ်

ဖြည့်ပေးပြီး ချွေးပေါက်ကို ကျဉ်းစေပါတယ်။

    ပြုလုပ်နည်း

    - ဖရဲသီးတစ်စိတ်

    ဖရဲသီးရဲ့ အတွင်းသားတွေကို ဇွန်းနဲ့ချေပြီး မျက်နှာအနှံ့ သုတ်လိမ်းပေးပါ။ ခြောက်အောင်ထားပြီးမှ

ရေနှင့် မျက်နှာသစ်ပါ။


    (၄) နာနတ်သီးနှင့် မျက်နှာပေါင်းတင်နည်း

         နာနတ်သီးရဲ့ ပါဝင်ပစ္စည်းတွေက အသားအရေအတွက် များစွာ အထောက်အကူပြုပါတယ်။

သဘာဝချေးချွတ် အာနိသင်ရှိပြီး အမည်းစက်နဲ့ မှည့်ခြောက်တွေကို ကင်းစင်စေပါတယ်။

    ပြုလုပ်နည်း

    - နာနတ်သီးတစ်စိတ်

    - သံလွင်ဆီ လက်ဖက်စားဇွန်း ၂ ဇွန်း

    နာနတ်သီးကို ကြိတ်ချေပြီး သံလွင်ဆီ ရောထည့်မွှေပါ။ မျက်နှာပေါ် သုတ်လိမ်းပြီး လက်ချောင်း

ထိပ်လေးတွေနဲ့ ညင်သာစွာ နှိပ်နယ်ပေးပါ။

     
                                                             ပန်းနွယ်လေး (ဆေးဝါး တက္ကသိုလ်)


Ref; Good Health Journal ( 11. 9 . 2013)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...