Saturday, September 28, 2013
ဦးနှောက် မျက်နှာပြင်ပေါ်က အတွန့်အခေါက်တွေအကြောင်း
ဦးခွံအတွင်းမှ အပေါ်ယံမျက်နှာပြင်ဧရိယာ ပိုတိုးလာစေရန်အတွက် အဲဒီလို အတွန့်အခေါက်တွေ၊
အက်ကြောင်းတွေ ပုံသဏ္ဍန် ရှိနေရတာပါ။ ကြွက်လို သတ္တ၀ါ သေးသေးလေးတွေရဲ့ ဦးနှောက်ကတော့
ပြောင်ချောနေတတ်ပါတယ်။
အလုပ်အများဆုံး အလုပ်လုပ်တာကတော့ ဦးနှောက်အပေါ်ပိုင်းမှာရှိတဲ့ ဆဲလ် အထပ်တွေကပဲ
အများဆုံး ဆောင်ရွက်ပေးတာပါ။ ဦးနှောက်အတွင်းမှာ တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်ထားတဲ့
ဝိုင်ယာကြိုးမျိုးတွေက ပိုပြီး ထုထည်ကြီးနေပါတယ်။
ဒါ့ကြောင့် ဦးနှောက်ကို အလုပ်များများ လုပ်ခိုင်းလိုက်စေတဲ့အခါ အက်ကြောင်းတွေကို ပိုပြီး
ချဲထုတ်လိုက်တာကြောင့် မျက်နှာပြင် ဧရိယာ ပိုကျယ်သွားရတယ်။ မျက်နှာပြင်ဧရိယာ ပိုကျယ်သွား
တာနဲ့အမျှ ဦးခေါင်းခွံကိုပါ ဦးနှောက်က တွန်းထိုးလာတတ်တယ်။ ဒါ့ကြောင့် သိပ်စဉ်းစားရတာများရင်
ခေါင်းကို ကျပ်ခဲနေတာပဲလို့ ပြောလေ့ပြောထ ရှိကြတာပေါ့။
တစ်နေရာကနေ တစ်နေရာကို ဆက်သွယ်ထားတာတွေဆိုတာမှာ အနီးကပ် ဆက်သွယ်တာမျိုးနဲ့
ခပ်ဝေးဝေးကို ဆက်သွယ်တာမျိုး တွေ ရှိနေတယ်။ တိတိကျကျ ပြေရရင် လျှပ်စီးပတ်လမ်းကြောင်း
ပုံစံမျိုး၊ အပြားလိုက်ချထားတဲ့ ပုံစံမျိုးက အနီးကပ် ဆက်သွယ်တာဖြစ်ပြီး၊ အဝေး ဆက်သွယ်တာ
မျိုးအတွက် ဦးနှောက်က ကြွတက်လာရတယ်။ 2D မြင်ကွင်းနဲ့ 3D မြင်ကွင်းပုံစံမျိုးတွေပေါ့။
ဦးနှောက်ရဲ့ တစ်သျှူးတွေက စွမ်းအင်ပမာဏ အများကြီး သုံးရတယ်။ လူသားတွေရဲ့ ဦးနှောက်က
တိရစ္ဆာန်တွေရဲ့ ဦးနှောက်ထက် အများကြီး ပိုအလုပ်လုပ်ရတယ်။ အလုပ်များများလုပ်နိုင်အောင်
မျက်နှာပြင် ဧရိယာကျယ်ကျယ် လိုအပ်ပါတယ်။ တစ်ခါ ဦးခွံထဲမှာလည်း ၀န်ဆံ့ဖို့ လိုတယ်။ ဒါ့ကြောင့်
ခေါက်တွန့်ပုံစံတွေနဲ့ နေရာယူထားရတယ်ဖြစ်တယ်။ ဒါ့ကြောင့် ဦးခွံကြီးတဲ့လူများ ဦးခွံသေးတဲ့
သူတွေထက် ပိုပြီး ဦးနှောက်ကို အလုပ် လုပ်ပေးနိုင်တယ်။ ဒါ့ကြောင့် မြန်မာ ရှေးလူကြီးများက
ခေါင်းကြီးရင် ဥာဏ်ကောင်းတယ်လို့တောင် ပြောလေ့ပြောထ ရှိကြပါတယ်။
တိရစ္ဆာန်တွေကို နှိုင်းယှဉ်ကြည့်ရင်လည်း ဥပမာ ဝေလငါးနဲ့ ငါးမန်းကိုကြည့်ကြည့်၊ ကြွက်နဲ့
ကြောင်ကိုပဲ ကြည့်ကြည့် ခွဲခွဲခြားခြား တွေ့မြင်နိုင်ပါလိမ့်မယ်။ ဝေလငါးရဲ့ ဦးနှောက်က ငါးမန်း
ဦးနှောက်ထက် ခေါက်တွန့်မှု ပိုများတယ်။ ကြောင်ရဲ့ ဦးနှောက်ကလည်း ကြွက်ရဲ့ ဦးနှောက်ထက်
ခေါက်တွန့်မှု ပိုများတာ တွေ့ရတယ်။ ဒီနေရာမှာတကယ်တော့ ခေါင်းအရွယ်အစားထက်
ခေါက်တွန့်မှုအနည်းအများက အသိဥာဏ်နဲ့ စဉ်းစားမှုတွေအတွက် ပိုပြီး ထိရောက်စေတာကို
တွေ့နိုင်ပါတယ်။ ခေါင်းကြီးတိုင်းသာ အသိဥာဏ်ပိုမယ်ဆိုရင် ဆင်နဲ့ဝေလငါးတွေက လူထက်
စဉ်းစားဥာဏ် ပိုနိုင်တာပေါ့။ ဒါပေမယ့် ခေါက်တွန့်အနေအထား၊ ပတ်ကြားအက် ပါဝင်ဖွဲ့စည်းတဲ့
အနေအထားတွေက မတူတော့ အများကြီး ကွာခြားနေရပါတယ်။ လူလူချင်း နှိုင်းယှဉ်တဲ့အခါ
ခေါင်းကြီးရင် ဆွဲဖြန့်နိုင်တဲ့နေရာ ပိုကျယ်တာမို့ ပိုဥာဏ်ကောင်းတယ်လို့ ယူဆကြတာပဲ
ဖြစ်ပါတယ်။
သိပ္ပံနှင့် နည်းပညာဂျာနယ် အမှတ် (၂၄) မှ ကူးယူဖေါ်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment