ယင်ဖမ်းပင်လို့ ခေါ်ကြတဲ့ Venus FLy Trarp သည် အလွန်အံ့သြဖွယ်ကောင်းသော အင်ဂျင်နီယာ
လုပ်ငန်း တစ်ခုဖြစ်သည်။ တစ်စက္ကန့်၏ အစိတ်အပိုင်းလေး တစ်ခုအတွင်းမှာပင် ဤအသားစား
အပင်သည် နာ့ဗ်ကြေများသို့မဟုတ် ကြွက်သားများ၏ အကူအညီမပါဘဲ ပိုးမွှားတစ်ကောင်အား
ဖျတ်ခနဲပိတ်၍ အမိအရ ဖမ်းယူနိုင်စွမ်းရှိသည်။သို့ရာတွင် ၁၉ ရာစု၌ ချားလ်စ်ဒါဝင် (Charles Darwin) က
ထို ယင်ဖမ်းပင်အား စတင်မြင်တွေ့ခဲ့ချိန်မှစ၍ ထိုအပင်၏ အလုပ်လုပ်ပုံကို သိပ္ပံပညာရှင်များက
အဖြေရှာ၍ မရဘဲ ရှိခဲ့ကြသည်။
ဟားဗတ်တက္ကသိုလ် အသုံးချသင်္ချာနှင့် မက်ကင်းနစ် ပါမေက္ခ လက်ရှမီးနာရာယမ် မဟာဒီဗန်
(Lakshminarayanan Mahadevan) က ထိုပုစ္ဆာ၏ အဖြေမှာ အင်မတန် ရိုးစင်းသော ရူပဗေဒ ပညာ
ဖြစ်သည်ဟု ဆိုပါသည်။ ထိုအပင်၏ ထောင်ချောက် သစ်ရွက်များ ပွင့်ဟနေသည့်အခါ ၎င်းတို့သည်
တင်းနစ်ဘောလုံးတစ်လုံးအား အတွင်းဘက်မှ အပြင်သို့လှန်ထားသည့် ပုံစံမျိုးဖြစ်နေ၍ ၎င်းတို့အား
ရေဖိအားနှင့် ဆွဲလှန်ထားပုံရပြီး တင်းနစ်ဘောလုံး တစ်လုံးကဲ့သို့ပင် အလွန်ပြင်းထန်သော အင်အားနှင့်
မူလပုံစံသို့ လျှင်မြန်စွာ ပြန်ရောက်ရှိသွားမည် ဖြစ်၏။
ပိုးမွှားတစ်ကောင်သည် အဆိုပါ သစ်ပင်၏ ထောင်ချောက်ဇုန် နယ်မြေထဲသို့ ရောက်ရှိလာသောအခါ
အလွန်သေးငယ်သော အမွှေးအမျှင်များက ခလုပ်ကို ဆွဲလိုက်သကဲ့သို့ဖြစ်သွားပြီး အလွန်သေးငယ်သည့်
လျှပ်စစ်ဓာတ်အားနှင့် အချက်ပြမှု ဖြစ်ပေါ်လာစေလိမ့်မည်။ ဤတွင် ရေဖိအားကို နေရာရွေ့သွားစေ
လိမ့်မည်ဖြစ်ရာ ကေက်ကွေးနေသော သစ်ရွက်များမှ တင်းမာနေမှုများကို လျှော့ပေးလိုက်သောကြောင့်
ထိုသစ်ရွက်များသည် ချက်ချင်း ပြန်ပိတ်သွားတော့မည် ဖြစ်သည်။
ထိုကိစ္စကို သုတေသန ပြုလုပ်သောအဖွဲ့သည် ယင်ဖမ်းပင်၏ သစ်ရွက်များပေါ်၌ မီးစုံးဓာတ်ဖြင့်
သေးငယ်သောအစက်ကလေးများ ရေးဆွဲထားစေပြီး အလွန်လျှင်မြန်သော ဗီဒီယို ကင်မရာဖြင့် ထိုသစ်ပင်
အလုပ်လုပ်ပုံကို ရိုက်ယူထားလိုက်ကြသည်။ ထိုနည်းဖြင့် ၎င်းတို့သည် ထိုသစ်ရွက်၏ အလုပ်လုပ်ပုံကို
အစအဆုံး မှတ်တမ်းတင်နိုင်ခဲ့ကြသည်။
သို့ရာတွင် ယခုအချိန်ထိ မသိရသေးသည့် ကိစ္စမှာ ယင်ဖမ်းပင်သည် သစ်ရွက်အတွင်းမှ ရေဖိအားကို
မည်သည့်နည်းဖြင့် လျှင်မြန်စွာ လျှော့ချနိုင်ခဲ့သနည်းဆိုသော အချက်ပင်ဖြစ်သည်။ ပြီးတော့လည်း
ဤတွေ့ရှိရချက်အား လက်တွေ့တွင် ပြန်လည် အသုံးချနိုင်မည့် နေရာများကို ရှာမတွေ့ရသေးတာပါပဲ။
No comments:
Post a Comment