Saturday, August 10, 2013

မြတ်ဆရာအပေါင်းကို ပူဇော်ပါသည်


  

 မေး။        ။ဆရာဦးအောင်သင်းခင်ဗျား။ ယနေ့ ဟောပြောသွားသော ပညာနှင့်ပတ်သက်သည့်

               အကြောင်းအရာများတွင် ဆရာဆရာမ များအနေနှင့် အသိတစ်ခု ရရှိပါသည်ခင်ဗျား။

             
               အတိုချုပ်ပြောရလျှင် ဆရာဆိုသည်မှာ နာသုံးနာ အပြင် ယခုလို ဆရာ့လို ပညာများ
          
               ပေးနိုင်လျှင် နည်းနာကောင်းများ ထည့်သုံးပါက နာလေးနာလို့ ထည့်သုံးသင့်

                ပါသလားခင်ဗျား။

                 

                                                                                          ဦးမောင်မောင်နိုင်

                                                                                          မုံရွာဒီဂရီကောလိပ်

ဖြေ။

            ဟုတ်တယ်။ ဒါ ဆရာဆိုတဲ့ဟာ တကယ့်ဆရာကောင်းဖြစ်လျှင် ကြံဆနေရတာ။ ငါ ဒီဥစ္စာ

ကလေးတွေကို သင်ရင် ဘယ်လိုသဘောပေါက်မလဲဆိုတာ ကြံဆနေရတာ။ သွားရင်းလာရင်း ကြံဆ

နေရတာ။ ဦးနှောက် အလုပ်လုပ်နေရတာ။ ဆရာလည်း ဦးနှောက်ခါးတောင်းကျိုက်ရတယ်။ ငါ အဲဒါနဲ့

ပါတ်သက်လို့ ကြုံလိုက်လို့ ပြောလိုက်ရဦးမယ်။ ဟိုအရင်တုန်းက မဂ္ဂဇင်းတစ်စောင်ထဲမှာ ရေးခဲ့ဖူးတယ်။

အဲဒါလေးတောင် ပြန်ဖေါ်ထုတ်ရင်ကောင်းမလား မသိပါဘူး။ ကန့်ကူလက်လှည့် ဆိုတာပါ။

          ဆရာတစ်ယောက်စာသင်တာ ၀လုံးတန်းလေးစာသင်တာ။ သင်တဲ့ဥစ္စာ ကျုပ်သွားကြည့်နေတာ။

ကိုညဏ်စိန်တဲ့။ သူက မူလတန်းတုန်းက ပန်းချီနည်းပြဆရာ။ ပန်းချီနည်းပြဆရာကနေ Subject Teacher

လုပ်ရမယ်ဆိုတာနဲ့ အနုပညာနည်းပြဆရာတွေ ဘာသာပြောင်းခန့်လိုက်တာ။ သင်တာပေါ့။ သင်တော့

 ငါနဲ့သူနဲ့ အတော်ခင်တယ်။ ကျောင်းပိတ်တဲ့အခါ ငါ သူ့ဆီသွားလည်နေတာပေါ့။ သူတို့ကမပိတ်သေး

တော့ သွားထိုင်၊ သွားစောင့်ပေါ့။ စကားလေး ဘာလေးပြော၊ ကလေးတွေနဲ့ သူက အရုပ်တွေရေးနေတာ။

ဘာမှလည်း မသင်ဘူးဗျ။ အရုပ်တွေ ရေးပြတယ်။ သူက ပန်းချီလေး ဘာလေးတတ်တော့။ အဲဒီတုန်းက

 ဖိုးရွှေလိပ်လို အရုပ်ကြီးတွေပေါ့။ အဲဒီမှာ ဖိုးရွှေလိပ်က ရေးလိုက်တာ။ ကလေးတွေက ဟာ ....

ဖိုးရွှေလိပ် ဘာညာနဲ့......။ တစ်နေ့မှာ လမ်းလျှောက်သွားတယ်။ တုတ်ကောက်လေး တပ်လိုက်။

ဆေးလိပ်ကြီးတပ်လိုက်နဲ့ ကလေးတွေက ရယ်နေတာ။ ဥပမာ . .. ယုန်တစ်ကောင်က ဆိုပြီး ရေးလိုက်၊

ပုံတွေချည်းပဲ။ ခင်ဗျားဟာ တစ်ခုမှလည်း စာမသင်သေးပါလားဗျ ဆိုတော့၊ ဟာဗျာ ..... ဆရာကလည်း

စာသင်တာ အချိန်မရွေးသင်လို့ရပါတယ်။ ကလေးတွေ အတန်းပျော်ဖို့လိုတယ်။ ဟာ  အတန်းကလည်း

ပျော်လို့ဗျား။

       မင်းတို့ ငါ ဇီးသီးကျွေးမယ်၊ စားမလားဆိုတော့ ဟာ .... စားမယ်။ သူက ၀လုံးလေးကို ၀ိုင်းနေအောင်

ရေးပြီးတော့ ဇီးသီးလေးဆိုပြီး အညှာလေးကို ထစ်ခနဲ တပ်လိုက်တာ။ ဟောဒီမှာ ဇီးသီးတစ်လုံး စားစမ်း

ဆိုပြီး ပစ်ပေးယောင် လုပ်လိုက်တယ်။ ဟာ ... ဟိုကလည်း စားတယ် ....။ ကျွန်တော့လည်း ပေးဦး၊

ကျွန်တော့လည်းပေးဦး ဆိုတော့ ရေးလိုက်တယ်၊ တစ်လုံး။ အယ် ဇီးသီးတွေ ပေးနေတာ။ ဇီးသီးတွေ

ရေးနေတာ ဘာလုပ်နေမှန်း မသိဘူး။ ကိုယ့်လူ ဘာလုပ်နေတာတုန်း ဆိုတော့ အသာနေစမ်းပါ။ ခင်ဗျား

နားမလည်ပါဘူး။ ခင်ဗျား တက္ကသိုလ်ဆရာ။ ခင်ဗျား နားမလည်ပါဘူးဆို .....။

      အဲဒါ နောက် ပြီးလည်းပြီးရော ဒီနေ့တဲ့ မင်းတို့ ငါ ဇီးသီးမပေးတော့ဘူးတဲ့၊ မင်းတို့က ဇီးသီးပေးတဲ့၊

ငါ ၀ယ်မယ်တဲ့။ ဇီးသီး ငါးလုံးကို အမှတ်တစ်မှတ်ပေးမယ်တဲ့။ ဟိုကောင်တွေက ဘာလုပ်တုန်းဆို ....

ဒီမယ်နော် နားထောင် ဇီးသီးကို ပိန်နေလို့ရှိရင် ငါ မလိုချင်ဘူးတဲ့။ ၀ ၀ လေး လုံးလုံးလေးမှ ငါ ၀ယ်မယ်

တဲ့။ နောက်ပြီးတော့ ဒီလိုဒီလို လက်ယာရစ်ပေါ့။ ရေးတဲ့ ဇီးသီးက အပုပ်၊ ဒီလိုပေါ့ ပြောင်းပြန်မရေးရဘူးတဲ့။

 ဒီလိုဒီလို ရေးတဲ့ ဇီးသီးမှ ငါ ၀ယ်မယ်တဲ့။ ဒီလို ဒီလို ဆိုပြီး ကလေးလေးတွေကို ၀ိုင်းခိုင်းတာပေါ့ လက်နဲ့

 “ဘယ်လို ဘယ်လို ၀ိုင်းရမယ်၊ ဒီလို ဒီလို ၀ိုင်းရမယ် ” ....

                              (ရယ်သံများ)

            အဲဒါ ဒီလိုဒီလို ၀ိုင်းတဲ့ ဇီးသီးမှ ငါ ၀ယ်မှာ။ ဒီလိုဒီလို လက်ဝဲရစ်ဝိုင်းတဲ့ ဇီးသီး၊ အဲဒီ ဇီးသီး အပုပ်

ငါ လက်မခံဘူးတဲ့။ဟာ ကလေးတွေက ၀ိုင်းတယ် ဟာ .. ရေး ... သူတို့ချင်းက ဆရာ ဆရာ ဒီကောင်က

ဒီလိုကြီး ရေးတယ်တဲ့။ ဟာ မဟုတ်ဘူးဆရာ ဒီလို ဒီလိုနဲ့ သူတို့ချင်းလည်း ကြည့်တယ်။ ဒီလို ဒီလိုနဲ့။

အဲဒါ လုပ်ပြီးမှ ဇီးသီးလာရောင်းတယ်။ ဟာ ဒီဇီးသီးက ပိန်တယ်ကွာ၊ ပေးလိုက်မယ် တစ်မှတ်၊ တစ်မှတ်

ပေးလိုက်တယ်။ ဟာဇီးသီးတွေ လာရောင်းကြတယ်။ ဘာလုပ်တာလဲဆိုတော့ “၀” ၀လုံး သင်တာလေတဲ့။

                            (ရယ်သံများ)

      “၀” လုံးသင်တာတဲ့။ ကဲ ... ကြည့်စမ်း။ အဲဒီ ဇီးသီးရောင်းပြီးတော့ “၀” လုံးတွေချည်း ရေးနေတာ

အကြာကြီးဗျာ။ တစ်နေ့လာလည်း ဒီဇီးသီးတွေ၊ ဒီဝလုံးတွေကို အမှတ်ပေးလိုက်၊ ဘယ်လိုလုပ်လိုက်၊

ညာလိုလုပ်လိုက်နဲက ခင်ဗျားဟာ ၀လုံးသင်တာ ပြီးမပြီးနိုင်ဘူးဆိုတော့ .... ဟာဗျာ ကိုအောင်သင်းက

လည်း မသိဘဲနဲ့ နေစမ်းပါတဲ့။ မြန်မာ အက္ခရာ “၀” လုံးက အခြေခံတာတဲ့။ “၀” လုံးမ၀ိုင်းလို့ရှိရင် အဲဒီ

သူငယ်တန်း ဆရာမ၊ မူလတန်း ဆရာမ ပျင်းပြီဆိုရင်အဲဒီကလေး တစ်သက်လုံး လက်ရေးမလှတော့ဘူး

တဲ့။ ကဲ .... ။

                             (ရယ်သံများ)

          ကြည့်စမ်း၊ ဟုတ်လား။ ငါ လက်ရေးမလှတဲ့ ကလေးတွေ ကြည့်လိုက်ရင် အဲဒီ အတိုင်းပဲ။ မင်း

မူလတန်း ဘယ်သူနဲ့တွေ့၊ “၀” လုံးတန်း ဘယ်သူနဲ့တွေ့၊ အဲဒီ ဆရာမ ညံ့လို့နော်။ အဲဒါပြီးတော့မှ

တစ်နေ့ကျတော့ ကကြီး ကို ရေးလိုက်တယ်။ က၊ ခ၊ ဂ၊ ဃ၊ င လာစမ်း၊ မင်းနာမည် ဘယ်သူတုံး။

ကျွန်တော့နာမည် ဘယ်သူပါ။ ဟိုကောင် မင်းနာမည် ဘယ်သူတုံး ကျွန်တော့နာမည် ဘယ်သူပါ။

အဲဒီထဲမှာ နာမည်မရှိတဲ့သူ ပါသလားဟေ့။ မပါပါဘူး ခင်ဗျ။ အဲဒီ အခါကျတော့ အေးကွ ..... မင်းတို့မှာ

နာမည်ရှိသလိုပဲကွတဲ့။ သူတို့မှာလည်း နာမည်ရှိတယ်။ သူ့နာမည်က က..... ကကြီးလို့ ခေါ်တယ်ကွ။

 ဟာ .... ငါ ဘာလုပ်ပါလိမ့်လို့။

                           (ရယ်သံများ)

           အဲဒီလို လုပ်ပြီး သင်သွားတာ .... ကိုင်း။ နောက်တော့ တဖြည်းဖြည်းနဲ့ နောက်ကျတော့

စာလုံးပေါင်းတွေ သင်တဲ့အခါကျတော့ ဘာတွေ ရေးတယ်ထင်တုန်း။ “ခင်သန်းနု” ဆို ... ။ အမယ်

ဟိုကောင်တွေက ဒါ သူတို့ကြိုက်တဲ့ နာမည်တွေချည်းပဲ။ ရုပ်ရှင်ကား အာဠ၀ီမောင်ရွှီးတို့ ဘာတို့

အဲဒါမျိုးပေါ့။

                          (ရယ်သံများ)

           အဲဒီလိုဟာမျိုးတွေ ရေးသင်တာ။ အဲဒီလိုဟာမျိုးတွေ လျှောက်သင်သွားတာ။ သူတို့ခေတ်

သူတို့အခါတုန်းက ကားတွေပေါ့။ အဲဒီတုန်းက နာမည်တွေပေါ့။ ကလေးတွေက တ၀ုန်းဝုန်းနဲ့

စာဖတ်နေတာ။ သူတို့ ကြိုက်တဲ့ဟာမျိုးတွေပေါ့။ ကိုင်း.....ဟာ ဒီဆရာဟာ “၀” လုံးတန်း ဆရာပဲ။

ဒီဆရာဟာ ဒီပြင်ဆရာနဲ့ တူသလား။ နည်းနာဟာ လိုအပ်ပါတယ်။

                ပြောလိုက်ပါဦးမယ် ဆရာအချင်းချင်းဆိုတော့ နည်းနည်း လျှာရှည်လိုက်ဦးမှ။ ကျုပ်က

ကန့်ကူလက်လှည့်ဆိုပြီး ထည့်လိုက်တာ သိပ်ကြိုက်ကြတာ။ ဒီ ငါ့ကို မုန်းတဲ့ကောင်ကတောင် ချီးကျူး

တယ်။ ငါနဲ့ ရန်ဖြစ်နေတဲ့ကောင်။ ကောင်းလိုက်တာ ဦးအောင်သင်းရာ တကယ်ကို ကောင်းတာ။

 နောက်ကျတော့ ဆရာအတတ်သင်ပေါ့။ ကလေးမ တစ်ယောက်သွားတာ။ တောင်တွင်းကြီးကနေ

သွားတာ။ အဲဒီ ခုန သင်တဲ့ဆရာက ကိုညဏ်စိန်တဲ့။ သူက ကန့်ကူလက်လှည့်ဆိုတဲ့ ကျောင်းလေး

ဖွင့်ထားတာ။ မူလတန်းလေးပါပဲ။ ပင်စင်ယူပြီး ဖွင့်ထားတာ။ အဲဒီလိုပဲပေါ့။ တရုန်းရုန်းနဲ့။ ခုထက်ထိလည်း

တရုန်းရုန်းပဲနေတော့ ကန့်ကူလက်လှည့်ဆိုတဲ့ ဆောင်းပါးလေးက တစ်ပြည်လုံးပြန့်သွားပြီ။ ပြန့်တဲ့အခါ

အဲဒီမှာ ကလေးမလေးကို မေးတယ်တဲ့။ ညည်းက ဘယ်ကတုန်း ဆိုတော့ ကျောင်းအုပ်ကြီးက မေးတော့၊

ကျွန်မက တောင်တွင်းကြီးကပါတဲ့။ ဟ တောင်တွင်းကြီးကဆို ဒီဘာလာ တက်နေစရာ လိုသေးလဲတဲ့။

ညည်းတို့ဆီမှာ ကန့်ကူလက်လှည့်ဆိုတဲ့ ကျောင်းရှိသားပဲ။ သူ့ဆီသွား သိပ်ကောင်းတာပဲလို့ ဆိုတယ်။

နောက်ကျတော့ အဲဒီ ငါ့ ကန့်ကူလက်လှည့်ဆိုတဲ့ ဆောင်းပါးကို စာကူးစက်နဲ့လှည့်ပြီးတော့ ကျောင်းတွေ၊

ဆရာအတတ်သင်ကျောင်းတွေမှာ အကုန်လုံး ပေးထားတယ်။ အောင်သင်း ရေးလိုက်တာ ပေါ့တော့တော့

မထင်နဲ့။

                            (ရယ်သံများ + လက်ခုပ်သံများ)

           အဲဒီတော့ နာသုံးနာ ဆိုတာအပြင် နည်းနာရှာ ဆိုတဲ့ နာ လေးနာ အလွန်သင့်မြတ် လျော်ကန်တဲ့

အချက်ဖြစ်ပါတယ်ဆိုတာ ဆရာ ဦးမောင်မောင်နိုင်အား ကျွန်တော် ဖြေကြားလိုက်ပါတယ်။

           ကျန်းမာပါစေ. ...........

                           (ရယ်သံများ  + လက်ခုပ်သံများ)

    မှတ်ချက်။       ။ ယခုတင်ပြခဲ့တာကတော့ 18 . 11 . 1994  သောကြာနေ့ နံနက် 9 . 00 နာရီတွင်

                       မုံရွာမြို့၊ မုံရွာကောလိပ်တွင် ဆရာဦးအောင်သင်း “ပညာ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲမှ

                       ကောက်နှုတ် တင်ပြလိုက်ရပါတယ်။

              လက်ဦးဆရာ အမိအဖ၊ ငယ်စဉ် မူလတန်းမှစ ယခုတိုင် သင်ဆရာ၊ မြင်ဆရာ၊ကြားဆရာ

                                    အပေါင်းအား ရှိခိုးပူဇော် ဂုဏ်ပြုလိုက်ရပါသည်။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...