Saturday, August 10, 2013
သရဲခြောက်ရအောင်
  သူငယ်ချင်းတို့ရေ......
    ပျော်ရွှင်စရာ သရဲခြောက်တဲ့နည်းကလေးကို ပြောပြလိုက်ပါတယ်။ ဒီနည်းလေးက ငယ်ငယ်က
ကျွန်တော်တို့ခံခဲ့ရတဲ့ နည်းကလေးပါ။
        ဒီနည်းလေးကို စဖို့ဆိုရင် အရင်ဆုံး ပုံပြင်လေး တစ်ပုဒ်ကို ပြောပြရပါတယ်။ ပြောပြရမယ့်
ပုံပြင်လေးကတော့....
       တစ်ခါက ဖဲသမားတစ်ယောက်ဟာ တစ်ခြား ရွာတစ်ရွာမှာရှိတဲ့ အဘွားကြီးတစ်ယောက်ရဲ့
အသုဘဖဲဝိုင်းမှာဖဲသွားရိုက်သတဲ့။ ဖဲကလည်း ရှုံးလိုက်တာ ညနေစောင်းတော့ ပါလာသမျှပိုက်ဆံ
လည်း ကုန်လုနီးပါးဖြစ်လာတော့တယ်။ဒါနဲ့ သူက သေတဲ့ မသာဆီက လက်ညှိုးကိုဖြတ်ယူထားပြီး
ကျွန်တော့ကိုဖဲနိုင်အောင် လုပ်ပေးပါ။ ဖဲနိုင်ရင်လက်ညှိုးကို ပြန်ပေးပါမယ်ဆိုပြီး ဖဲရိုက်ရင် နိုင်တယ်
လို့ ကြားဖူးထားတယ်တဲ့။ဒါနဲ့ ဟုတ်မဟုတ် စမ်းကြည့်ဦးမယ်ဆိုပြီး ဖဲဝိုင်းကနေ ခဏနားပြီး
အဘွားကြီးရဲ့ အလောင်းနားကို မယောင်မလည်နဲ့ ကပ်လာခဲ့တယ်။ ပြီးတော့အိမ်ရှင်နဲ့ တခြားသူ
တွေအလစ်မှာ အဘွားကြီးရဲ့ လက်ညှိုးကိုဖြတ်ပြီး “ကျနော့ကို ဖဲနိုင်အောင်လုပ်ပေးပါ၊ကျွန်တော်
ဖဲနိုင်ရင် အဘွားရဲ့ လက်ညှိုးကို ပြန်ပေးပါမယ်” လို့ပြောပြီး ဖဲဝိုင်းကို ပြန်ထိုင်ပြီး ရိုက်သတဲ့။
အဲဒီမှာ သူရှုံးထားတဲ့ ပိုက်ဆံတွေ အကုန်ပြန်ရတဲ့အပြင် တစ်ဝိုင်းလုံးမှာရှိတဲ့ ငွေတွေလည်း
နိုင်လိုက်သတဲ့။
ခဲ့တော့တယ်။ ညဉ့်ကလည်းနက်၊ ဆောင်းရာသီမို့ ချမ်းကလည်း ချမ်းနဲ့ ခပ်သုတ်သုတ်ရွာကို
ပြန်ချင်ဇောနဲ့ဆိုတော့လက်ညှိုးပြတ်ကလေးကို ပြန်ထားခဲ့ဖို့ သတိမရခဲ့ဘူး။ ဒီလိုနဲ့လမ်းခရီး
ရောက်တော့ တဲကလေးတစ်လုံးမှာမီးလင်းနေတာတွေ့လို့ သေသေခြာခြာကြည့်လိုက်တော့
လူတစ်ယောက် မီးလှုံနေတာ တွေ့လို့ သူလည်းအချမ်းပြေ မီးဝင်လှုံဦးမယ် ဆိုပြီးတဲအတွင်းကို
ဝင်သွားခဲ့တယ်။တဲထဲမှာ အဘွားကြီးတစ်ယောက် စောင်ခြုံပြီးမီးလှုံနေတာတွေ့တော့သူလည်း
ခွင့်တောင်းပြီး မီးလှုံနေလိုက်တယ်။ အဲဒီမှာ အဖွားကြီးရဲ့ လက်ကလေးတစ်ချောင်းဟာ တိုနေတာ
တွေ့လို့ဘာဖြစ်လို့ တိုနေတာလဲလို့ မေးတော့ အဘွားကြီးက “မပြောချင်ပါဘူးကွယ်၊လူတွေက
သစ္စာမရှိ ကတိမတည်ကြဘူး” လို့ပြောတော့ ဘယ်လို သစ္စာမရှိ ကတိမတည်တာလည်းဗျာ ဆိုတော့
“ငါအိပ်နေတုန်း လူတစ်ယောက်က လက်ညှိုးကို ဖြတ်သွားတယ် ခုထိ ပြန်မပေးသေးဘူး” လို့
ပြောတော့ဖဲသမားက ဘယ်သူလဲဟင် လို့ မေးလိုက်တော့ အဘွားကြီးက........
                  “ မင်းဘဲ” လို့ပြောလိုက်သတဲ့။
    အဲဒီလို “မင်းဘဲ” လို့ပြောတဲ့နေရာမှာ ကိုယ်ခြောက်လှန့်မယ့်သူရဲ့ မျက်နှာနားကို ရုတ်တရက်
တိုးကပ်၊ လက်ညှိုးထိုးလိုက်ပြီး အသံသြသြ တုန်တုန်ရီရီနဲ့ ခပ်ကျယ်ကျယ် မျက်လုံးပြူးပြီး
အော်ပြောလိုက်ပါ။ နေ့ခင်းဘက် တစ်ခြားလူများ ရှိနေရင်တောင် အခြောက်လှန့်ခံရတဲ့သူဟာ
“အောင်မယ်လေးဗျ”လို့ အော်ပြီး ကြောက်လန့်သွားပါမယ်။ လူ ၄၊ ၅ ယောက်လောက်ကို
ဝိုင်းထိုင်ပြီးပြောရင်လည်းကိုယ်ခြောက်လှန့်မယ့်သူကို စောစောကတည်းက ရွေးချယ်ထားပြီး၊
အဲဒီလူ စိတ်ဝင်စားအောင်ပုံပြင် ပြောစဉ်မှာ သူ့မျက်နှာကို ခဏခဏ ကြည့်ပြီး ပြောရပါမယ်။
ပုံပြင်ကို ပြောရာမှာလည်း  စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖြေးဖြေးနဲ့ အမူအရာနဲ့ ပြောပြပါ။
             သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ......
     တစ်ခုတော့ ရှိတယ်နော် နှလုံးရောဂါ ရှိတတ်သူများကို သွားပြီး မခြောက်လှန့်မိပါစေနဲ့..။
1 comment:
  1. ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
    ReplyDelete
Related Posts Plugin for WordPress, Blogger...