အခု တင်ပြမှာကတော့ အရင်တစ်ခေါက်က ကျန်ခဲ့တဲ့ အစား အမြန်ချိန်ကိုက်နည်းလေးကိုတင်ပြ
လိုက်ပါတယ်။
ခုဆိုရင် "တစ်လုံးတည်း ဂဏန်း" ရှာနည်းနဲ့ အမြှောက် အမြန် ချိန်ကိုက်နည်းကို သူငယ်ချင်းတို့
ကျွမ်းကျင်သွားပြီလို့ ယူဆလိုက်တော့မယ်နော်။ Assume ပေါ့ဗျာ။
ဒီနေရာမှာတော့ "တစ်လုံးတည်း ဂဏန်း" ရှာနည်းကို ပြန်ရှင်းမပြတော့ဘူးနော်။ အရင်တစ်ခေါက်က
ပြည့်ပြည့်စုံစုံရှင်းပြပြီးခဲ့ပြီမို့လား။ မဖတ်ရသေးသူတွေလည်း အရင်ပို့စ်လေးကိုပဲ ပြန်ဖတ်လိုက်
ကြပါတော့။
ကဲစလိုက်ရအောင်-
အစား အမြန်ချိန်ကိုက်နည်းမှာတော့ (၂) မျိုးရှိပါတယ်...
(၁) စားလို့ပြတ်တဲ့ ပုစ္ဆာ အတွက် နဲ့
(၂) စားလို့ မပြတ်တဲ့ ပုစ္ဆာ အတွက်ပါ။
အခု (၁) စားလို့ပြတ်တဲ့ ပုစ္ဆာကို အရင်ကြည့်ရအောင်
ဥပမာ- 13946 ကို 38 နဲ့ စားပါမယ်။
13946 / 38 = 367 ပါ
တည်ကိန်း = 13946 ၊ စားကိန်း = 38 ၊ စားလဒ် = 367 ၊ အကြွင်း မရှိပါ။
ဒီနေရာမှာလည်း တည်ကိန်း၊ စားကိန်း၊ စားလဒ် တို့ရဲ့ တစ်လုံးတည်း ဂဏန်းတွေကို ရှာထားရပါမယ်။
တည်ကိန်း 13946 ရဲ့ တစ်လုံတည်းဂဏန်း = 5
စားကိန်း 38 ရဲ့ တစ်လုံးတည်း ဂဏန်း = 2
စားလဒ် 367 ရဲ့ တစ်လုံးတည်း ဂဏန်း = 7 ပါ။
ပုစ္ဆာအရ ညီမျှခြင်းရေးရင်-
စားကိန်း x စားလဒ် = တည်ကိန်း ဒီလိုဖြစ်ရမယ် နော်
ဒီနေရာမှာ ရှာထားတဲ့ တစ်လုံးတည်းဂဏန်းတွေကို အစားသွင်းလိုက်ရင်
စားကိန်း x စားလဒ် = တည်ကိန်း
တစ်လုံးတည်းဂဏန်း တစ်လုံးတည်းဂဏန်း တစ်လုံးတည်းဂဏန်း
2 x 7 = 5
14 = 5
1 နဲ့ 4 ပြန်ပေါင်း 5 = 5
ရလာတဲ့ ပုံစံဟာ ဒီလို ညီမျှခြင်း ဘယ်ဘက်နဲ့ ညာဘက် တန်ဖိုးချင်း တူသွားရင် သင့်ရဲ့ အစားပုစ္ဆာ
အဖြေမှန်ပါပြီ။
ကဲ (၂) စားလို့ မပြတ်တဲ့ ပုစ္ဆာအတွက် ဆက်ကြည့်လိုက်ပါဦး-
ဥပမာ- 13946 ကို 49 နဲ့ စားမယ်။
ဒီနေရာမှာ စားလို့ မပြတ်ပါဘူး အကြွင်းရှိနေပါတယ်
တည်ကိန်း = 13946 ၊ စားကိန်း = 49 ၊ စားလဒ် = 284 ၊ အကြွင်း = 30 ပါ
ဒီမှာလည်း တည်ကိန်း၊ စားကိန်း၊ စားလဒ်၊ အကြွင်းတို့ရဲ့ တစ်လုံးတည်း ဂဏန်းတွေရှာထားပါ။
တည်ကိန်း တစ်လုံးတည်း ဂဏန်း = 5
စားကိန်း တစ်လုံးတည်း ဂဏန်း = 4
စားလဒ် တစ်လုံးတည်း ဂဏန်း = 5
အကြွင်း တစ်လုံးတည်း ဂဏန်း = 3 အသီးသီး ရှိကြပါတယ်
ပုစ္ဆာအရ ညီမျှခြင်းရေးရင် -
(စားကိန်း x စားလဒ်) + အကြွင်း = တည်ကိန်း ဒီလိုဖြစ်ရမယ်နော်
ဒီညီမျှခြင်းမှာ တစ်လုံးတည်း ဂဏန်းတွေကို အစားသွင်းလိုက်ရင်
စားကိန်း x စားလဒ် + အကြွင်း = တည်ကိန်း
တစ်လုံးတည်းဂဏန်း တစ်လုံးတည်းဂဏန်း တစ်လုံးတည်းဂဏန်း တစ်လုံးတည်းဂဏန်း
( 4 x 5 ) + 3 = 5
20 + 3 = 5
23 = 5
2 နဲ့ 3 ပြန်ပေါင်းရင် 5 = 5
ကဲ ဘယ်နဲ့ညာ တန်ဖိုးခြင်း တူသွားလို့ သင်တွက်ခဲ့တဲ့ ပုစ္ဆာ အဖြေမှန်ပြီ ဆိုတာ သိနိုင်ပါပြီ။
သူငယ်ချင်းတို့လည်း သေသေချာချာ တွက်ကြည့်လိုက်ရင် လွယ်မှာပါ။ အလေ့အကျင့်များသွားရင်
သိပ်လွယ်သွားမှာပါ။ နောက်လည်း ကောင်းနိုးရာရာလေးတွေ တင်ဆက်ပေးပါဦးမယ်။
No comments:
Post a Comment