တစ်ခါက အဖိုးအို တစ်ယောက်ဟာ ရေတွင်းတစ်ခုမှာ ရေငင်နေတုန်း ခရီးသွား လူငယ်တစ်ယောက်
ရောက်လာပါတယ်။ လူငယ်က အမောပြေ နားနေရင်း အဖိုးအိုထံမှ ရေတောင်းသောက်ပြီး “အဖိုး ဒီတွင်း
က ဘယ်လောက် နစ်သလဲခင်ဗျာ” လို့ မေးပါတယ်။ ဒီတော့ အဖိုးအိုက ........
ဒီတွင်း ဘယ်လောက်နစ်သလဲတော့ အဖိုး မသိပါဘူးကွယ်။ ဒါပေမယ့် ဟောဒီရေငင်နေတဲ့ ကြိုးနဲ့
တိုင်းကြည့်လိုက်ရင် ကြိုးက ရေတွင်းအထက် တစ်တောင် ပိုတယ်ကွဲ့၊ အဲ.... ကြိုးကို တစ်ဝက်ခေါက်ပြီး
တိုင်းကြည့်လိုက်ရင်တော့ ကြိးက ရေတွင်းအောက် တစ်တောင်လျော့သွားတာ တွေ့ရတယ်ကွယ်” တဲ့။
ကဲ....... သူငယ်ချင်းတို့ရေ...... ရေတွင်းက ဘယ်နှစ်တောင် နစ်သလဲ၊ ကြိုးက ဘယ်နှစ်တောင်
ရှည်သလဲဆိုတာ ကြိုးစား ဖြေကြည့်ပါဦးနော်။
အဖြေကို သိချင်ရင် အောက်က အပြည့်အစုံဖတ်ရန် ဆိုတာလေးပေါ်မှာ ကလစ်လိုက်ပါ။
အရင် မကလစ်နဲ့ဦးနော် ကြိုးစားပြီး စဉ်းစားကြည့်ပါဦး
အဖြေကတော့ တွင်းက ၃ တောင် နက်ပြီး ကြိုးက ၄ တောင် ရှည်ပါတယ်။
အရှိအတိုင်း ကြိုးနဲ့ တွင်းကို တိုင်းရင် ကြိုးက တစ်တောင်ပိုနေပါတယ်။ ကြိုးကို တစ်ဝက်ခေါက်လိုက်ရင်
၂ တောင်ဖြစ်သွားတဲ့အတွက် တွင်းက တစ်တောင် ပိုနေပါမယ်။
No comments:
Post a Comment