ကျနော့မှာ တူလေး၊ တူမလေး စုစုပေါင်း (၃) ယောက်ရှိပါတယ်။
(၁) သူတို့ နာမည်တွေကတော့ မနီ၊ မညို နဲ့ မောင်ဖြူတို့ဖြစ်ပါတယ်။
(၂) သူတို့ရဲ့ ဖခင်များရဲ့ အမည်တွေကတော့ဦးဘ၊ ဦးမြ နဲ့ ဦးလှတို့ဖြစ်ကြပါတယ်။
(၃) ကလေး (၃)ယောက်ရဲ့ အသက်တွေကတော့ (၇) နှစ်၊ (၉) နှစ်၊ (၁၀) နှစ်တို့ဖြစ်ကြပါတယ်။
(၄) ဦးဘရဲ့ သမီးဟာ မညိုထက် (၃) နှစ်ကြီးပါတယ်။
(၅) ဦးမြရဲ့ ကလေးကတော့ အသက် (၉) နှစ်ရှိပါတယ်။
ကဲ... အထက်ပါ ပေးထားချက် (၅) ချက်ကို အခြေခံစဉ်းစားပြီးတော့ ကလေးတစ်ယောက်စီရဲ့
အသက်ရယ်၊ ဖခင်တွေရဲ့ အမည်တွေကို ရှာပေးရမှာဖြစ်ပါတယ်။ စဉ်းစားကြည့်ဦးနော်......
စဉ်းစားပြီးရင် အောက်မှာ အပြည့်အစုံဖတ်ရန် ဆိုတာလေးကိုနှိပ်ပြီး သူငယ်ချင်းတို့
စဉ်းစားထားတဲ့ အဖြေလေးနဲ့ မှန်မမှန် တိုက်ကြည့်လိုက်နော် .......
သူငယ်ချင်းတို့ ရွှင်လန်းချမ်းမြေ့ကြပါစေ
အဖြေ........
အမည် အသက် ဖခင်
မညို ၇ နှစ် ဦးလှ
မနီ ၁၀ နှစ် ဦးဘ
မောင်ဖြူ ၉ နှစ် ဦးမြ
No comments:
Post a Comment