Sunday, August 11, 2013
ခြေအိတ် ဘယ်နှစ်ခု ယူသွားရမလဲ
မောင်ဘ၏ ဘီရိုထဲတွင် ခြေအိတ်ထည့်သော အံဆွဲထဲ၌ ခြေအိပ် ၁၉ ခု ရှိပါတယ်။
အနက်ရောင် ခြေအိတ်က ၄ ခု၊ အဖြူရောင်က ၄ ခု၊ အညိုရောင်က ၄ ခု၊ အစိမ်းရောင်က ၄ ခု၊
အနီရောင်က ၃ ခုဖြစ်ပါတယ်။
ဧည့်ခံပွဲတစ်ခုကို သွားဖို့ ခြေအိတ်ဝတ်မယ်လို့ ပြင်ဆင်နေတုန်းမှာ ရုတ်တရက် မီးပျက်သွားပါတယ်။
အဲဒီ ဧည့်ခံပွဲကို သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားဖို့ချိန်းထားပါတယ်။ အခြား မီးခွက်၊ ဖယောင်းတိုင်
ဘာမျှ မရှိတော့ အမှောင်ထဲမှာပဲ ခြေအိတ်တွေကို ယူသွားပြီး သူငယ်ချင်းအိမ်ကျမှပဲ ၀တ်ဖို့ စီစဉ်လိုက်
ပါတော့တယ်။
ဒါပေမယ့် အရောင်မတူတဲ့ ခြေအိတ်တွေ ပါလာမှာလည်း စိုးရိမ်ရသေးတယ်လေ။ အဲဒီတော့
အရောင်တူ ခြေအိတ် အနည်းဆုံး ၂ ခုပါလာဖို့ ခြေအိတ် အပိုတွေယူသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီတော့ မောင်ဘ အနေနဲ့ ခြေအိတ် အနည်းဆုံး ဘယ်လောက်ယူသွားမှ အရောင်တူ ဖြစ်နိုင်မလဲဆိုတာ
စဉ်းစားပေးကြပါဦး။ (အကုန်လုံး ယူသွားမယ်လို့တော့ မပြောနဲ့နော် အနည်းဆုံး ယူသွားရမယ့်ခြေအိတ်
လို့ ပြောထားတယ်)။
သူငယ်ချင်းတို့ စဉ်းစားပြီးရင် အဖြေ မှန်၊ မမှန်ဆိုတာကို အောက်က အပြည့်အစုံဖတ်ရန်
ဆိုတာလေးကိုနှိပ်ပြီး တိုက်ကြည့်လိုက်နော်။
သူငယ်ချင်းတို့ ပျော်ရွှင်ကြပါစေ.......
အဖြေ = အနည်းဆုံး ခြေအိတ် ၆ ခုယူသွားမှ ရမှာပါ။
တကယ်တော့ ခြေအိတ် တစ်ခုချင်းစီရဲ့ အရေအတွက်က အဓိကမကျပါဘူး။ ခြေအိတ်
အမျိုးအစား အရေအတွက်ကပဲ အဓိက ကျတာပါ။ အမျိုးအစား အရေအတွက်ထက် တစ်ခု
ပိုယူသွားရင် အဖြေရတာပါပဲ၊ သိပ်စဉ်းစားနေစရာ မလိုပါဘူး။ ဒီပုစ္ဆာမှာ ခြေအိတ်အမျိုးအစား
အရေအတွက် (၅) မျိုးရှိလို့ ခြေအိတ် အရေအတွက် (၆) ခုယူသွားရင် အဖြေရတော့တာပေါ့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment