Friday, August 9, 2013

အားနာလိုက်ပုံက

     အထည်ဆိုင်တစ်ခုရှေ့တွင် အမျိုးသားတစ်ဦးကပုဆိုးတစ်ထည်ကို ကိုင်ကာ

    ''ဒီပုဆိုး ဘယ်လောက်လဲ'' ဟု မေးရာ ဆိုင်ရှင် အမျိုးသမီးက      

   
   
''ဘယ်လောက်ရယ်လို့ မဟုတ်ပါဘူး အစ်ကိုကြီးရယ် အစ်ကိုကြီး ပေးနိုင်သလောက်ပဲ ကြည့်ပေးပါ။

ကျွန်မလည်း ရောင်းနိုင်တော့ ရောင်းတာပေါ့''

           ထိုအခါ အမျိုးသားက ''အဲလိုတော့ မလုပ်ပါနဲ့ဗျာ ကျွန်တော်က  အရမ်း အားနာတတ်လို့ပါ


ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် ငွေတစ်သောင်း ချေးသွားတာ အားနာတာနဲ့ အခုထိကို

ပြန်မတောင်းဖြစ်ဘူး။ သူကလည်း လာမပေးဘူး။ မနေ့ကလည်း မိတ်ဆွေတစ်ယောက် လာလိမ်တာ 

သိသိကြီးနဲ့ ငွေနှစ်သောင်း အားနာတာနဲ့ပါသွားပြီဗျ။ ဒီတော့ အစ်မကြီးပဲ ရောင်းနိုင်တဲ့ ဈေးပြောပါ''

 လို့ ပြန်ပြောလိုက်ရင်ပဲ ဆိုင်ရှင် အမျိုးသမီးက

        ''အစ်ကိုကြီးရယ် အစ်ကိုကြီး အားနာတာက ငွေပဲ ဆုံးရှုံးတာပါ ကျွန်မ အားနာတာမှ အခု အိမ်က 


ကလေး ငါးယောက်က ဘယ်သူ့ အဖေခေါ်ရမှန်း မသိဘူး''

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...