မြန်မာပြည် အင်္ဂလိပ်မင်း လက်အောက် ကျရောက်စဉ်ကာလက ရေနံချောင်းမြို့ အရှေ့မြောက်ဘက်
၆ မိုင် အကွာ ပင်းချောင်း တစ်ဖက်ကမ်းက နတ်ကန်ဦးဆိုတဲ့ ရွာမှာပေါ့။
အဲဒီ နတ်ကန်ဦးသားတွေက
စကားလည်း အလွန်ကြွယ်တယ်၊ သတ္တိလည်း ကောင်းကြတယ်ဆိုပဲ။ တစ်နေ့ ရွာအပြင် ထန်းတောထဲကို
သူကြီးနဲ့ ပုလိပ်သား တစ်ယောက် ရောက်လာတယ်
ပုလိပ်သားက ထန်းတက်နေတဲ့ ထန်းသမားကို မော့ကြည့်ပြီး အာဏာသံနဲ့ '' ဟေ့ ထန်းရေ
တစ်အိုး လောက် ချပေးစမ်းကွာ'' လို့ အော်ပြောလိုက်တော့ ထန်းသမားကလည်း အောက်ကို ငုံ့ကြည့်ပြီး
''ခွေးသောက်လား၊ လူသောက်လား။ လူသောက်ဆိုရင်တော့ ခဏ စောင့်ရဦးမယ်ဟေ့'' တဲ့.....
No comments:
Post a Comment