Thursday, August 8, 2013

(၂) ဘရိတ်ပေါက်သွားတဲ့ ကားကို ဘယ်လိုရပ်မလဲ

     မော်တော်ကားတစ်စီးကို အရှိန်နဲ့ မောင်းနှင်နေစဉ်အတွင်း အရှိန်ကို ထိန်းနိုင်ရန် ဘရိတ်ကို

 မှေးကြည့်လိုက်တဲ့အခါ ဘရိတ်ခြေနင်း အောက်သို့ ကပ်သွားတဲ့အထိ နင်းပေမယ့်လည်း

မရတော့တဲ့အခြေအနေမျိုး ဒါမှမဟုတ် ဘရိတ်ပေါက်သွားပြီလို့ ပြောလို့ရတဲ့ အခြေအနေမျိုးမှာ

ဘာတွေ လုပ်ရမလဲ။
    

ပထမဦးစွာ ဘရိတ်ခြေနင်း လျော့ကျသွားတယ်ဆိုပေမယ့်လည်း မူလက အတော်အသင့် ဖိအား

တစ်ခုနဲ့ မာစတာ ဆလင်ဒါထဲမှာအောင်းနေသေးတာကြောင့် ခြေနင်းကို ဆက်နင်းထားပါ။ ထိုက်သင့်

သလောက်တော့ အရှိန်လျော့သွားနိုင်ပါသေးတယ်။

   ဒီအချိန်မှာ ခေါင်းနားပန်းကြီးပြီး သိပ်ပြီး ထိတ်လန့်သွားတဲ့ အနေအထားမျိုး မထားပါနဲ့။ စိတ်ကို

တတ်နိုင်သလောက် လုပ်ကြည့်ရင်ရမှာပဲလို့ သဘောထားရပါ့မယ်။ မိမိ နိုင်နင်းသလောက်သာ

 မောင်းနှင်တဲ့ အရှိန်မျိုးဆိုရင် ဘာမျှ ကြောက်စရာမလိုပါ။ ဘရိတ်ကောင်းနေလို့ရုတ်တရက်ကြီး

ရပ်စရာပေါ်လာတာမို့ တအားဆောင့်နင်းလိုက်ရင်တောင် ကားကို ထိမ်းမနိုင်သိမ်းမရ ဖင်ရမ်းသွားတာမျိုး

 ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အတတ်နိုင်ဆုံး စိတ်ကို အေးအေးထား လုပ်ကိုင်ပါ။

     တစ်ချိန်မှာပဲ အနှေးဆုံး ဂီယာတစ်ခုကို ထည့်လိုက်ပါ။ အနှေးဆုံး ဂီယာကို ပြောင်းပေးလိုက်တာနဲ့

အင်ဂျင်နဲ့ ဂီယာ အရှိန်တွေကို အတတ်နိုင်ဆုံး လျှော့ချပြီး ဖြစ်သွားပါလိမ့်မယ်။

      ဟန်းဘရိတ်လို့ခေါ်တဲ့ အရေးပေါ် ဘရိတ်ကိုလည်း တအား အပြည့်မဆွဲမိရန် အရေးကြီးပါသည်။

ဟန်းဘရိတ်ကို ဖြည်းဖြည်းညင်းညင်းလေး ဆွဲပေးလိုက်ပါ။ တအား ဆောင့်ဆွဲမိပါက ဖင်ရမ်းသွားနိုင်

ပါတယ်။ အဲဒီလို တစ်ဆင့်ခြင်းလုပ်ပြီး ကားကို ရပ်ယူပါ။ တစ်ချို့က ကားလမ်းဘေးတစ်ခုခုကို ထိစေကာ

ရပ်တန့်ယူတတ်သည်။ တချို့က ကျောက်ခဲ ဒါမှမဟုတ် ဂျမ်းတုံး သုံးပြီး ရပ်ယူတတ်ကြပါတယ်။

အရှိန်နှေးတဲ့အခါမှာသာ အဲဒီနည်းတွေက ရမှာပါ။

       နောက် တချို့က ရှေ့က ကားတစ်စီးရဲ့ ဘန်ဘာကို ကိုယ့်ကား ဘန်ဘာနဲ့ ထိတိုက်စေပြီး

ရပ်ယူတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီ နည်းကတော့ အလွန်အန္တရာယ် များပါတယ် တကယ်လို့

 ရှေ့ကား နောက်ကား အနိမ့်အမြင့် မညီရင် ပိုဆိုးပါတယ်။ နောက်ပြီး ရှေ့က ကားကအရှိန်ပိုများနေပြန်

ရင်လည်း ဒီနည်းက မဖြစ်နိုင်ပြန်ပါ။

      ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံး တင်ပြခဲ့တဲ့ အဆင့်ဆင့် အရှိန်လျှော့ယူတဲ့ နည်းကတော့ အကောင်းဆုံးပဲ

 ဖြစ်ပါလိမ့်မယ်။

                                                                        လေးစားစွာဖြင့်

                                                                           ကိုသန်းဇော်
   

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...