ဒီလိုပေါင်းရင် မရဘူးလား
သည် အချိန်အတော်ကြာအောင် ရောက်မလာခဲ့။ ထိုအခါ သူသည် မှတ်တိုင်သို့ ဆိုက်လာသော အမှတ်
(၄၇)ကားကို တက်စီးလိုက်၏။ လမ်းဆုံမှာဆင်းပြီး အမှတ်(၁) ကားကို ပြောင်းစီးလိုက်သည်။ “(၄၇) နှင့်
(၁) နဲ့ပေါင်းတော့ (၄၈) ဖြစ်သွားတာပေါ့..” ဟု သူကသတ်မှတ်သည်။ နောက်ဆုံးတော့ သူသည်
သွားလိုရာခရီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ရောက်သွားလေသည်။
၅၀ ရာခိုင်နှုန်းဆိုလို့
သင်္ချာသမားတစ်ယောက်သည် အပြင်သွားခါနီးတွင် သတင်းစာထဲက မိုးလေ၀သ သတင်းကို
ဖတ်ကြည့်သည်။ “ယနေ့ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၅၀)” ဟု ထင်မြင်ချက်ပေးထားသည်။
ထို့ကြောင့် သူသည် မိုးကာအင်္ကျီဝတ်ပြီး နေကာမျက်မှန်တပ်လျက် ထွက်သွားလေသည်။
မှားတာချင်း အတူတူ
ဟု ရှေ့နေတစ်ယောက်က ပြောသောအခါ ဆရာဝန်တစ်ယောက်က “မိန်းမတွေ အမှားကြီးမှားပြီဆိုရင်
အသက်တစ်ချောင်းကို မွေးထုတ်ပေးရတတ်တယ်ဗျ” ဟု ပြန်ပြောလိုက်သည်။
ဘာစားမှာလဲ
ရောက်သောအခါ မြို့ငယ်တစ်မြို့ရှိ ထမင်းဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီး ဒရိုင်ဘာက “ထမင်းစား
ကြရအောင် ဆရာ..ဒီဆိုင်ကဟင်းတွေ သိပ်ကောင်းတယ်...” ဟုပြောသည်။ စာပေသမားက ဆိုင်ကို
လှမ်းကြည့်ပြီးခေါင်းခါလိုက်သည်။ “ဆိုင်းဘုတ်ကိုကြည့်စမ်း..ထမင်းဆိုတဲ့စာလုံးကို “ထဆင်ထူး”နဲ့ “မ” ကို
နှစ်လုံးဆင့်ရေးထားတယ်။ သတ်ပုံမှားနေတယ်။” ဟု မနှစ်မြို့ဟန်ဖြင့်ပြောသည်။ ထိုအခါ ဒရိုင်ဘာက
“ဆရာက ထမင်းစားမှာလား.. သတ်ပုံစားမှာလား..”ဟုပြန်မေးလိုက်လေသည်။
ဖတ်ဖူးတာလေးတွေ ပြန်လည်မျှဝေပေးလိုက်တာပါ။
No comments:
Post a Comment