Tuesday, August 27, 2013
ဘရာစီယာများရဲ့ ရူပဗေဒ
အမေရိကန်တွင် ဖြစ်ပွားနေသော အ၀လွန် ကပ်ရောဂါ၏ ဘေးထွက် ဆိုးကျိုးတစ်ခုကို သတိပြုမိသူ
အလွန်ရှားသည်။ ထို ဘေးထွက်ဆိုးကျိုးမှာ အမျိုးသမီးများ၏ ရင်သားများသည် ၎င်းတို့၏ ၀မ်းဗိုက်များ
နီးပါး အဆမတန် ကြီးထွားလာကြခြင်း ဖြစ်သည်။ စားသောက်မှုဆိုင်ရာ အကျင့်ဆိုးများ ဖြစ်ပေါ်လာခြင်း၊
ရင်သားထဲတွင် ပြင်ပပစ္စည်းများကို ခွဲစိတ်မြှုပ်နှံထားကြခြင်းနှင့် သားသမီးတားသော ဆေးများထဲ၌
ပါဝင်သည့် အက်စ်ထရိုဂျင် (estrogens) ဟော်မုန်းများတို့က လွန်ခဲ့သော ၁၅ နှစ်တာ ကာကအတွင်း
အမေရိကန် အမျိုးသမီးတို့၏ ပျမ်းမျှ ဘရာစီယာ အရွယ်အစားကို ၃၄ ဘီမှ ၃၆ စီ အထိ ကြီးမားလာစေ
ခဲ့သည်။ အမျိုးသမီး အများစုအတွက်မူ ယခုလို ဖြစ်လာခြင်းသည် ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာစေသည့်
အလားအလာပင် ဖြစ်တော့သည်။
D - CUP အရွယ်အစား ရင်သားတစ်စုံသည် ၁၅ ပေါင်မှ ၂၃ ပေါင်အထိ အလေးချိန်ရှိသည်။
ကြက်ဆင်အငယ်စား နှစ်ကောင်ကို သယ်ပိုးပြီး သွားလာနေရသည်နှင့် တူညီသည်။ ရင်သားများက
ပို၍ ကြီးထွားလာလေလေ ၎င်းတို့က ပို၍ လှုပ်ရှား လေလေဖြစ်ပြီး ပို၍ အနေရအထိုင်ရ ခက်လေလေပင်
ဖြစ်တော့သည်။ လေ့လာ သုတေသနပြုမှုတစ်ရပ်၌ ရွရွကလေးပြေး(jogging) သော လေ့ကျင့်ခန်း
ပြုလုပ်သူ အမျိုးသမီးများအနက် ၅၆ ရာခိုင်နှုန်းသည် ရင်သား နာကျင်မှု ဝေဒနာကို ခံစားကြရ
သည်ဟု ဆိုသည်။
အားကစား ရူပကုထုံး ပညာရှင်နှင့် သြစတြေးလျနိုင်ငံ (Wollongong) တက္ကသိုလ်မှ
(S Biomechanis) ဘာသာရပ်တွင် ဘွဲ့ယူမည့် ကျောင်းသူ Deirdre Mc Ghee က “အမျိုးသမီးတွေဟာ
ရင်သားကြီးထွားနေမှုကြောင့် လေ့ကျင့်ခန်းလုပ်တာကို ကန့်သတ်လာကြလိမ့်မယ်” ဟု ဆိုလေသည်။
ထို့ကြောင့် လေ့ကျင့်ခန်း ပြုလုပ်မှုနည်းလာလေလေ ပိုဝ လာပြီး ရင်သားပို ကြီးမားလာလေလေ
ဖြစ်လိမ့်မည်။ အမျိုးသမီး အများစုအတွက် ကောင်းမွန်သော ဘရာစီယာတစ်ခုသည် ၎င်းတို့အတွက်
အကောင်းဆုံး ကုထုံးပင် ဖြစ်သည်။ အမေရိကန် အ၀တ်အထည်နှင့် ဖိနပ်အသင်းကြီး၏ အဆိုအရ
၂၀၀၁ ခုနှစ်က အမေရိကန်နိုင်ငံတွင် ဘရာစီယာပေါင်း သန်း ၅၀၀ ခန့် ရောင်းချခဲ့ရပြီး ယမန်နှစ်ကမူ
သန်း ၅၀၀၀ ကျော်အထိ ရောင်းချခဲ့ရသည်ဟု ဆိုသည်။ ရင်သားများ ကြီးထွား လာသည်နှင့်အမျှ
ဘရာစီယာများ အ၀ယ် ပိုလိုက်လာသည်။ ဒီဇိုင်း ပုံစံများကလည်း သိပ္ပံနည်းအရ ပို၍ ခေတ်မီလာသလို
ဘရာစီယာ ထုတ်လုပ်သူများအတွင်း အပြိုင်အဆိုင်လည်း ပိုများပြားလာသည်။
“အမျိုးသမီးတွေက သူတို့ရဲ့ ဘရာစီယာတွေကို ညှို့ဓာတ်ကောင်းစေချင်တယ်။ သက်တောင့်
သက်သာ ဖြစ်စေချင်တယ်။ ပင့်မ ထားရာမှာ အထောက်အကူလည်း ဖြစ်စေချင်တယ်။ ဒါပေမယ့်
အဲဒီအချက်တွေ ရနိုင်ဖို့ဆိုတာ အလွန်ရှားပါးပါတယ်” ဟု မက်ဂီးက ဆိုလေသည်။ သို့တိုင်အောင်
ဆယ်စုနှစ် တစ်ခုနီးပါး လေ့လာ စမ်းသပ်ခဲ့မှုများကြောင့် ခြောက်ပစ်ကင်း သဲလဲစင် ဘရာစီယာကို
ဖန်တီးရယူနိုင်ရန် နီးစပ်လာပြီ ဖြစ်သည်။
ဘရာစီယာကို ပုံစံထုတ်သူများသည် ထူးခြားသော အနှောက်အယှက်တစ်ခုနှင့် ရင်ဆိုင်ခဲ့ကြရသည်။
ရင်သားများ၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ယနေ့အထိ လျှို့ဝှက် ဆန်းကျယ်နေဆဲဖြစ်သည်။
ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒ ပညာရှင်များက ရင်သားများက အဘယ့်ကြောင့် ဤပုံစံနှင့် တိုးတက်
ဖြစ်ပေါ်လာခဲ့သည်ကို ယတိပြတ် မပြောနိုင်ကြသေးချေ။ ချင်ပန်ဇီ မျောက်ဝံ များနှင့် အခြား နို့တိုက်
သတ္တ၀ါများတွင် နို့ရည် လိုက်လာသည့်အခါကျမှသာ ကြီးထွားလာလေ့ရှိကြသည်။ ထို့အပြင်
တွဲကျမသွားအောင် မည်ကဲ့သို့ ဖန်တီးထားသည်ကိုလည်း မည်သူမျှ မသိကြသေးချေ။ ရင်သား
တစ်ခုသည် (Lobes) ဟု ခေါ်သော အဖုပေါင်း ၁၅ ခုမှ ၂၀ ခုအထိဖြင့် ဖွဲ့စည်းထားသည်။ ထိုအဖုများတွင်
Lobules ဟုခေါ်သော ဖုလုံးငယ်များ ပါဝင်ပြီး နို့ရည် ထုတ်ပေးသော အဖုများတွင် အဆုံးသတ်လေ့
ရှိသည်။ ၎င်းအပြင် ၎င်းတို့အချင်းချင်း Ducts ခေါ် ပြွန်ငယ်များနှင့် ဆက်သွယ် ထားကြသည်။
အရွယ်ပမာဏကို အဆီပါဝင်မှုက အဆုံးအဖြတ်ပေးသည်။
ခန္ဓာဗေဒ ပညာရှင်များက ရင်သားတွဲမကျအောင် Lobules များအကြား၌ ရက်ရှယ်နေသော Cooper's
Ligaments ကူးပါး၏ အရွတ်များက ပင့်မ ပေးထားကြသည်ဟု ယူဆကြသည်။ အချို့ကအရေပြား
ကြောင့်ဟု ဆိုကြသည်။ ရင်သားများကို ပင့်မ ထားစေနိုင်ရေးအတွက် ဒီဇိုင်းထုတ်မည့်သူ တစ်ယောက်
သည် ရင်သားတို့၏ လှုပ်ရှားမှုကို သိရှိထားရန် လိုအပ်သည်။ သြစတြေးလျရှိ biomechamist ဂျူလီစတီး
ခေါင်းဆောင်သော မက်ဂီး၏ အဖွဲ့က အမျိုးသမီးများအား အလင်းရောင် ထုတ်ပေးသော ဒွိလျှပ်ခေါင်း
ကလေးများနှင့် တပ်ဆင်ပေးထားပြီး ပြေးစက်ပေါ်၌ ပြေးခိုင်းလိုက်သည်။ ကွန်ပျူတာ စနစ်က ရင်သား
လှုပ်ရှား မှုများကို လှုပ်ရှားနေသော အလင်းရောင်များအား အခြေခံပြီးသုံးဖက်မြင်စနစ်နှင့် လေ့လာ
ခဲ့ကြသည်။ သေးငယ်သော ရင်သားများသည် ရွရွကလေး ပြေးနေစဉ် အပေါ်ဘက်သို့ သုံးလက်မ
ကျော်ကျော်အထိ ခပ်မတ်မတ် ထောင်တက်ပြီး လှုပ်ရှား လေ့ရှိသည်။ ကြီးမားသော ရင်သားများကမူ
ဘရာစီယာထဲမှ တစ်ခုလုံး ခုန်ထွက်သွားကြလေသည်။
ရင်သားက ကြီးမားလေလေ ပို၍ လှုပ်ရှားလေလေ၊ အရှိန်အဟုန်က ပိုများလေလေပင် ဖြစ်သည်။
အဆိုပါ အရှိန်အဟုန်အား ဟန့်တားရန် အများအားဖြင့် ဘရာစီယာ ဆိုင်းကြိုးများမှတဆင့် အလွန်
ကြီးမားသော အင်အားကို ရယူအသုံးပြုရသည်။ အဆိုပါ ဆိုင်းကြိုးများသည် အပြား သေးငယ်နေပါက
ဖိအားများလွန်းသောကြောင့် ပခုံးပေါ်၌ အစင်းကြောင်းများ ထင်ကျန်ရစ်ခဲ့ ကြသည်။ ဆိုင်းကြိုးများက
လက်မောင်းများပေါ်တွင်ရှိသော နာဗ်ကြောအုပ်စုဖြစ်သည့် (brachial plexus) နာဗ်ကြောကွန်ယက်ကို
အရမ်းဖိအားပေးထားသောကြောင့် လက်သန်းလေးများ ထုံကျင်နေတတ်သည်။အချို့သော ဖြစ်ရပ်များတွင်
ရင်သားကို အရှိန်နှင့် ပြန်ရိုက်သော ရင်သားက ညှပ်ရိုးကို ကျိုးသွားစေသည်အထိ ဖြစ်နိုင်လေသည်။
နယူတန်၏ ဒုတိယ ဥပဒေသအရ ဒြပ်ထုက ကြီးမားပြီး လျှင်မြန်စွာ လှုပ်ရှားနေပါက ကြီးမားသော
အင်အားကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ ဖြစ်သင့်သည်ထက် ပို၍ ရင်သားများ ခုန်ပေါက် လှုပ်ရှားနေ
မှုကြောင့် ရေရှည်တွင် မည်သို့သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ကို အတိအကျ မသိကြသေး
သော်လည်း နာကျင်မှုဝေဒနာကို ဖြစ်ပေါ်လာစေနိုင်သည့်အပြင် အိတွဲပြီး ကျလာနိုင်ပေသေးသည်။
ရင်သားများ မလှုပ်ရှားနိုင်အောင် ဆောင်ရွက်နိုင်သည့် နည်းလမ်း နှစ်မျိုးရှိပါသည်။ တစ်မျိုးမှာ
ရင်သားကို ပြည့်ပြည့်၀၀ ငုံထားသော ဘရာစီယာကို ၀တ်ဆင်အသုံးပြုခြင်းဖြစ်ပါသည်။ နောက်တစ်မျိုး
ကမူ ရင်သားကို အတင်းဖိထားသော ဘရာစီယာကို အသုံးပြုခြင်း ဖြစ်ပါသည်။ ဤအမျိုးအစားက
ပထမအမျိုးအစားထက် ပို၍ အနေရကျပ်စေမည် ဖြစ်ပါသည်။ ၁၈၀၀ ပြည့်နှစ်များက စ၍ ဘရာစီယာ
ဒီဇိုင်းထုတ်သူများသည် ပစ္စည်းမျိုးစုံနှင့် ဖွဲ့စည်းတည်ဆောက်ပုံ အမျိုးမျိုးတို့ကို တွေ့ကြုံခဲ့ကြရသည်။
ထိုစဉ်က အမျိုးသမီးများသည် ရင်သားများကို ပင့်မ ထားရန်အတွက် ဝေလငါးအရိုးများနှင့် ပြုလုပ်
ထားသော ကော့ဆတ် (corsets) များကို ၀တ်ဆင်ခဲ့ကြသည်။ Mai နည်းပညာကုမ္ပဏီမှ ဒီဇိုင်းထုတ်ခြင်း၊
ရောင်းချခြင်း၊ သုတေသန ပြုခြင်းနှင့် တီထွင် ထုတ်လုပ်မှုဆိုင်ရာ စီနီယာ ဒုတိယဥက္ကဌ Manette
Scheininger က“ဘရာစီယာတစ်ခု ပြုလုပ်ရတာဟာ တံတားတစ်စင်း ဆောက်ရတာနဲ့ တူပါ တယ်။
အပေါ်ကို မတင် ထားရမယ့် အလေးချိန်ရှိတယ်။ ဘေးဘက်တွေကိုလည်း ထောက်ကူ မ တင် ထားဖို့
လည်း လိုပါတယ်” ဟု ဆိုလေသည်။ အားကစားမယ်များအတွက် ဘရာစီယာကို ၁၉၇၇ ခုနှစ်က
စတင် တီထွင်ခဲ့သည်။ ထိုစဉ်က အမေရိကန် အမျိုးသမီးနှစ်ယောက်သည် အတွင်းခံ ဘောင်းဘီ
အောက်က ခံ၍ ၀တ်ရသော Jockstraps ကိုယူ၍ အလယ်မှ ခွဲပစ်လိုက်ပြီး ထိုနှစ်ဖက်ကို အပ်နှင့်ပြန်၍
တွဲချုပ်လိုက်သည်။ ၎င်းတို့ တီထွင်သော ဘရာစီယာကို Jogbra ဟု အမည်ပေးခဲ့ကြသည်။
ထိုအချိန်မှစ၍ အခြား ဘရာစီယာ ဒီဇိုင်းပုံစံ ထုတ်သူများက ဂျယ်လီနှင့်ရေကို အတွင်းဘက်က
ခံ၍ ချုပ်ထားခြင်း၊ အသားအရေကို အေးမြစေပြီး ဗက်တီးရီးယားပိုးများနှင့် အနံ့ဆိုးများ ထွက်ပေါ်
မလာအောင် ငွေသားအမျှင်များကို အသုံးပြုခြင်း၊ လေအိတ်များကို အသုံးပြု၍ ရင်သားပုံစံကို
ပိုကြည့်ကောင်းလာအောင် ပြုလုပ်ခြင်း စသည်တို့ကို တီထွင်ခဲ့ကြသည်။ ယခုနှစ် နွေရာသီတွင်
ဘရာစီယာများကို ဦးဆောင် ထုတ်လုပ်နေသော Wacoal ကုမ္ပဏီက ချုပ်ရိုးလုံးဝ မပါသော
ဘရာစီယာတစ်ခုကို ထုတ်လုပ်လိုက်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment