Tuesday, August 27, 2013

ယင်ကောင်များ မျက်နှာကျက်ပေါ်မှာ ဘယ်လို လမ်းလျှောက်ကြသလဲ




         အွန်တေးရီးယိုးပြည်နယ် ဆားနီးယားမှ အင်ဒရူးဖုရိမ်း (Andrew Frame) က မေးသည်ကို


ဘာကလေ ရှိ ကာလီဖိုးနီးယား တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် Anne Peattie က ဖြေသည်။


         ယင်ကောင်များ၏ ခြေဖ၀ါးများပေါ်၌ အလွန်သေးငယ်သည့် လက်သည်းကလေးများအပြင်

pulvilli ဟုခေါ်သည့် အထူးစပါယ်ရှယ် စေးကပ်မှုရှိသော ချပ်ပြားကလေးများပေါ်တွင် အလွန့်အလွန်

 သေးငယ်ပြီး တစ်လက်မ ၏ ၁၀၀၀၀ ပုံ ၂ ပုံမှ ၁၀၀၀ ပုံ ၂ ပုံအထိ ရှည်လျားသော အမွှေးအမှင်ကလေး

များရှိကြ၏။ ၎င်းအပြင် ထိုအမွှေးအမှင်များ၏ ထိပ်ဖျားတိုင်းသည်  ပြားချပ်နေကြ၏။ ထိုအမွှေးအမှင်

များသည် ကွေးနေကြသောကြောင့် ယင်ကောင် ခြေထောက်မှ အမွှေး အမှင်များသည် မျက်နှာ

ပြင်များ၏ အလွန်သေးငယ်စွာ မညီမညွတ် ဖြစ်နေမှုများကို ကုတ်တွယ်ထားနိုင်သည့် ချိတ်များ ဖြစ်ရမည်

ဟု သိပ္ပံပညာရှင်များက တွေးတော ယူဆကြည့်ခဲ့ကြ၏။ ချေးပိုးထိုးများ၊ ပင့်ကူများနှင့် တောက်တဲ့

စသည့် သတ္တ၀ါများတွင် ရှိနေ ကြသော စေးကပ်သည့် အမွှေးအမှင်များသည် ထိုနည်းအတိုင်းပင်

အလုပ်လုပ်ခဲ့ကြသည်ဟု ယူဆခဲ့ကြ၏။

          နောက်ပိုင်း သုတေသနပြုချက်များအရ ထိုအမွှေးအမှင်များသည် ပျော့ပျော့ပျောင်းပျောင်း

 ရှိနေကြပြီး ချိတ်များကဲ့သို့ အလုပ် မလုပ်ကြောင်း တွေ့ရှိလာရသည်။ တိရစ္ဆာန်အများစုသည်

 ချောမွေ့သော မျက်နှာပြင်၌ဖြစ်စေ၊  ကြမ်းတမ်းသော မျက်နှာ ပြင်၌ဖြစ်စေ ခိုင်မြဲစွာ ကပ်နိုင်လေ့

ရှိကြသည်။ ယင်ကောင်များနှင့် ချေးပိုးထိုးများသည် ၎င်း၏ ခြေဖ၀ါးများ ပေါ်သို့ ကပ်စေးစေး

 အရည်တစ်မျိုးကို ထုတ်လွှတ်တတ်ကြကြောင်း၊ ထိုအရည်များသည် ကော်နှင့်တူကြောင်း သိပ္ပံပညာ

ရှင်များက တွေ့ရှိလာကြရ သည်။

         သို့ရာတွင် ပင့်ကူများနှင့် တောက်တဲ့များ၏ ခြေဖ၀ါးများကမူ လုံးဝ ခြောက်သွေ့နေကြ၏။

ဤတိရစ္ဆာန်များကမူ အခြား မျက်နှာပြင်များပေါ်၌ တွယ်ကပ်နေနိုင်ရန် Intermolecular Force ကို

အသုံးပြုကြသည်ဟု ယူဆရသည်။

       အဆိုပါ တွေ့ရှိချက်များကြောင့် မေးစရာ မေးခွန်းများ ထပ်မံ ထွက်ပေါ်လာသည်။ ဥပမာ - 

ကိုယ်အလေးချိန် အလွန်နည်းသော ယင်ကောင်များက မျက်နှာကြက်၌ တွယ်ကပ်နေနိုင်ရန်

 ကော်ကို အသုံးပြုဖို့ လိုအပ်သော်လည်း ပို၍ အလေးချိန်များသော တောက်တဲ့လို သတ္တ၀ါမျိုးက

အဘယ့်ကြောင့် ကော် မလိုအပ်ရလေသနည်း။ ပြီးတော့လည်း မျက်နှာကြက်၌ ကော်နှင့်

ကပ်ထားသော ယင်ကောင်သည် ထိုခြေထောက်ကို  မည်သည့်နည်းနှင့် ပြန်ခွာပါ သနည်း။

ဤမေးခွန်းများကို မဖြေနိုင်သေးသ၍ ယင်ကောင်များသည် မျက်နှာကြက်ပေါ်၌ မည်သို့မည်ပုံ

 လမ်းလျှောက်ခဲ့ကြသည် ဆိုခြင်းကို ရေရေလည်လည် နားလည် သဘောပေါက်နိုင်မည် မဟုတ်သေးချေ။


 မူရင်း -

http://www.todayifoundout.com/index.php/2011/03/how-flies-land-on-the-ceiling/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...