Friday, August 23, 2013

လှေကားလေး ဘယ်အချိန်မှာ မြုပ်မှာလဲ


          ပုံမှာ ပြထားတဲ့ သင်္ဘောလေးရဲ့ ဘေးမှာ လှေကားလေး ရှိပါတယ်။ အဲဒီ လှေကားလေးမှာ

 လှေကားဆံ ၁၀ ခု ရှိပါတယ်။ အပေါ်မှာ မြင်နေရတာက ၈ ခုနဲ့ ရေထဲမှာ မြုပ်နေတာက ၂ ခုပါ။

 လှေကားဆံလေးတွေရဲ့ တစ်ခုနဲ့ တစ်ခုအကွာအဝေးဟာ ၁၂ လက်မ ကွာဝေးပါတယ်။ ပင်လယ်

ဒီရေဟာ တစ်နာရီကို ၆ လက်မနှုန်းနဲ့ တက်လာနေတယ်ဆိုရင် နောက်ထပ် အချိန် ၈ နာရီ

 ကြာတဲ့ အခါမျာ လှေကားဆံလေးတွေ ဘယ်နှစ်ဆံ မြုပ်သွားမလဲဆိုတာ

တွက်ပေးရမှာပါနော်။

       စဉ်းစားပြီးတဲ့ အဖြေ ဟုတ် မဟုတ်ကို အောက်က အပြည့်အစုံ ဖတ်ရန် ဆိုတာမှာ နှိပ်ပြီး

တိုက်ကြည့်လိုက်ပါနော်။


                               

          အဖြေကတော့ မြုပ်သွားမယ့် လှေကားဆံလေးတွေကတော့ ၂ ဆံပါတဲ့။

         စဉ်းစားကြည့်လေ ဒီရေတက်လာလေ သင်္ဘောက မြင့်လာလေ လှေကားလေးကလည်း

လိုက်မြင့်လာလေဆိုတော့ အချိန်ဘယ်လောက်ကြာကြာ နောက်ထပ်လှေကားဆံလေးတွေ

 မြုပ်စရာ မရှိတော့ပါဘူး။ ဒီတော့ အရင်အတိုင်း ၂ ဆံပဲပေါ့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...