Friday, August 23, 2013

ဥတွေ ဘာလို့ မ၀ိုင်းရတာလဲ




      အံ့သြစရာကောင်းတဲ့ သဘာဝအစီအမံတစ်ခုလို့ ပြောရင်ရမှာပါ။ သေးငယ်တဲ့ သတ္တ၀ါလေးတွေက

အစ လူအထိ သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်စေတဲ့ အစီအမံတွေ ရှိကြစမြဲ မဟုတ်လား။

   
     ဥက ပေါက်ဖွားတဲ့ သတ္တ၀ါဆိုတာ အတောင်ပံပါတဲ့ ကြက်၊ ငှက်တွေနဲ့တွားသွားသတ္တ၀ါတွေပဲ

ဖြစ်တယ်။ ကြက်၊ ငှက်တွေကြတော့ အသိုက်တွေ လုပ်နေတတ်ကြတယ်။ တွားသွားသတ္တ၀ါတွေ

ကျတော့ ၀ပ်ကျင်းလေးတွေ ရှိနေတတ်တယ်။ အဲဒီလို အသိုက်တွေ၊ ၀ပ်ကျင်းတွေထဲမှာ ဥပုံသဏ္ဍာန်

ပေါက်နေတာမို့ ပိုပြီး ဆံ့တယ်။ ဒုတိယအချက်ကတော့ အလုံးအ၀န်းမညီတဲ့ ကြားထဲမှာ လေ၀င်

လေထွက် ရှိစေတယ်။ တတိယအချက်ကတော့ လုံးဝန်းတဲ့အပိုင်းသာ လိမ့်သွားနိုင်ပြီး မညီညာတဲ့ဘက်က

မလိမ့်နိုင်ဘူး။ ဒ့ါကြောင့် ပြင်ညီမှာပဲဖြစ်ဖြစ်၊ အသိုက်ထဲမှာပဲဖြစ်ဖြစ် အပြင်ကို လိမ့်ထွက်မသွားနိုင်တဲ့

အတွက် ဥကို  ထိခိုက်စေမယ့် အန္တရာယ် ကင်းနိုင်တယ်။ နောက်ဆုံးတစ်ချက်ကတော့ မိခင်ဖြစ်သူ

ဥပေါ်မှာ အနွေးဓါတ်လေးပေးဖို့ ၀ပ်ယူတဲ့ နေရာမှာ ဥပုံသဏ္ဍာန်မှ ပိုပြီး အဆင်ပြေတယ်။

       တစ်ခုတော့ရှိပါတယ် အသိုက် ဒါမှမဟုတ် ၀ပ်ကျင်း သဘာဝကိုလိုက်ပြီး ဥပုံသဏ္ဍာန်တွေ

ကွာခြားချက် ရှိတတ်ပါတယ်။ ကြက်ဥ၊ ဘဲဥနဲ့ ငှက်ဥ  ကွာခြားသလို တောင်ကမ်းပါးယံတွေမှာ

နေထိုင်တဲ့ ငှက်တွေဥတဲ့ဥ ပုံသဏ္ဍာန်တွေကို သေခြာလေ့လာကြည့်မယ်ဆိုရင် သူ့သဘာဝ

အစီအမံနဲ့သူ ရှိနေတာ  တွေ့ရမှာ ဖြစ်တယ်။

    မိခင်ဖြစ်သူက ဥတစ်လုံးကို ဥယူတယ် ဆိုတဲ့ အနေအထားကိုကြည့်ရင် အူလိုင်းတွေထစေပြီး

 ရှေ့ကို တွန်းကာတွန်းကာနဲ့ ဥပြွန်ကနေ ထွက်လာရတာပါ။ ဥပြွန်ထဲအထိ ဥရဲ့ အခွံဟာ သိပ်

မာသေးတာ မဟုတ်ပါဘူး။ လေနဲ့ထိတွေ့လိုက်တော့မှသာ မာသွားတာပါ။ ဥပြွန်ရဲ့ ကြွက်သားတွေက

အပိုင်းလိုက်၊ အပိုင်းလိုက် အားပြုရင်း ညှစ်ထုတ်ယူရတယ်။ အဲဒီအခါမှာ ကြွက်သားအင်အား

ကျဲကျဲချဲ့နိုင်တဲ့ အချိန်မှာ လုံးဝိုင်းပြီး ကြီးနေတယ်။ ညှစ်ရင်း ညှစ်ရင်းနဲ့ အားနည်းသွားတဲ့အခါ

 ကြွက်သားချဲ့နိုင်တဲ့အား နည်းသွားတာကြောင့် အပြင်ရောက်တဲ့အခါ ၀ိုင်းစက်နေတဲ့ ပုံသဏ္ဍာန်

မဟုတ်တော့ဘဲ ဥပုံ ပေါက်သွားရတာပါပဲ။


               

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...