သူမအမည်က မမိုးမိုးလို့ခေါ်ပါတယ်၊သူမကအကျဉ်းဦးစီးဌာနကအရာရှိတစ်ဦးရဲ့ ဇနီးလည်း
ဖြစ်ပါတယ်။ သူမ အသက်က (၄၈) နှစ်ဖြစ်ပါတယ်။ (စာဖတ်သူခင်ဗျား ဆေးပညာအရထည့်သွင်း
ပြောရသောစကားလုံးများတွင် ရိုင်းဆိုင်းသည်ဟု ထင်ရသောစကားလုံးများပါဝင်သွားပါက စာရေးသူကို
နားလည်ပေးစေချင်ပါတယ်၊ဘာဖြစ် လို့လဲဆိုရင် ဆေးပညာအရ အချို့အကြောင်းရာများသည်
အတိအကျပြောမှဖြစ်သောကြောင့်ဖြစ်ပါသည်။ အခုဖော်ပြပါအကြောင်းအရာများကို စာရေးသူရေးသော
ဓါတ်စာအကြောင်းများကို ဖတ်ပြီး၊ သူမ၏ကိုယ်တွေ့ သူမ၏ လက်တွေ့ ပျောက်ကင်းခဲ့ပုံလေးများကို
တင်ပြပေးပါဟု အကူညီတောင်းလာသောကြောင့် အမျိုးသမီးတိုင်းအတွက် သိထားသင့်သည့်
အကြောင်းရာလေးဖြစ်သောကြောင့်စာရေးသူမှတဆင့်ပြန်၍ မျှဝေပေးခြင်းဖြစ်ပါတယ်။
လေးစားစွာဖြင့် - စာရေးသူ ) ။
မမိုးမိုးသည် နေ့လေးတစ်နေ့မှာ သူမ၏ညာဘက်ရင်သားဘက်ကနာသလို အောင့်သလို
တင်းလာပြီး အကြိတ်တစ်ခုလို စမ်းသပ်မိပါတယ်တဲ့၊ အဲဒါနဲ့  အမျိုးသမီးများနှင့်သက်ဆိုင်သော
ဆရာဝန်မကြီးသွားပြတော့ ဆရာဝန်မကြီးက ရန်ကုန်ကို ချက်ချင်းလွတ်ပါတယ်တဲ့ အရေးကြီးတယ်ပေါ့
မပေါ့ဆနဲ့ လို့ ပြောပြီး ရန်ကုန်ကိုစာရေးလွတ်လိုက်ပါတယ်။မှတ်မိတာက ၂၀၀၅ ခုနှစ် ၃ လပိုင်းလောက်
မှာပါတဲ့ ၊ သူမလည်း ကြောက်ကြောက်နဲ့ ရန်ကုန်အထူးကုဆေးရုံကြီးတစ်ခုမှာသွားရောက်ပြသ စမ်းသပ်မှု့ 
လုပ်ပါတယ်တဲ့ ၊ သူမရဲ့  ရင်သားနှစ်ဘက်စလုံး ကို ဓါတ်မှန် အမျိုးမျိုးရိုက်စစ်ဆေးခြင်း။ နောက်ဆုံး
ညာဘက်ရင်သားထဲမှ အရည်တစ်ချို့ ကို ဆေးထိုး အပ်နဲ့စုပ်ယူပြီး ဓါတ်ခွဲခန်းတင်လိုက်တဲ့ အဖြေ ဟာ
ရင်သားကင်ဆာဆိုပြီး အဖြေထွက်လာပါတယ်တဲ့ ၊ ခွဲစိတ်ဆရာဝန်ကြီးက ခွဲစိတ်ကုသပါ ပြီးရင်
ဓါတ်ကင်ပါလို့ ပြောလာတော့ သူမလဲ ကြောက်တဲ့စိတ်နဲ့ ဘာလုပ်ရမှန်းမသိတော့ ၀န်ထမ်းမိသားစု
ဆိုတော့ ငွေကြေးလည်းမပြည့်စုံတော့ တစ်လလောက်အချိန်ပေးပါ ငွေပြန်ရှာချင်ပါတယ် ပါလာတဲ့ငွေက
မလောက်လို့ပါဆိုတော့ ဆရာဝန်ကြီးက မြန်မြန်ခွဲ စိတ်ကုသရင်တော့ကောင်းပါတယ်၊ အခက်အခဲရှိရင်
တစ်လခွဲလောက်အချိန်ရသေးတယ်လို့ သူမကိုပြောလိုက်တာနဲ့ ပုသိမ်ကိုသူမပြန်လာပါတယ်၊
အကိုက်အခဲ အနာအကျင်သက်သာအောင်ဆိုပြီး အနောက်တိုင်းဆေးများလည်း တစ်လခွဲစာပေးလိုက်
ပါတယ်တဲ့ ၊ ခရီးသွားလို့ လား စမ်းသပ်တဲ့ဒဏ်တွေကြောင့်လား ညာဘက်ရင်သားအထဲက အကြိတ်က
ကြီးပြီးတင်လာပါတယ်၊ သူမလည်းပုသိမ်ပြန်ရောက်တော့ အမျိုးသားကိုအကျိုးအကြောင်းပြောပြီး
ထမင်းတောင်မစားနိုင်အောင် ကြောက်စိတ် အားငယ်စိတ်နဲ့ ငိုရပါတယ်၊ ဆရာဝန်ကြီးရဲ့ နောက်ဆုံး
စကားက သူမ့ နားထဲကို အခုတိုင်ခြောက်လှန့်နေပါသေးတယ်တဲ့ရင်သားတစ်ဘက်ကတော့လုံးဝ
လှီးပစ်ရမယ်ဆိုတဲ့စကားပါတဲ့ ၊နောက်ဆုံး သူတို့လည်းကြံရာမရဖြစ်နေတုန်း မြန်မာ့တိုင်းရင်း
ဆေးဆရာ လူငယ်သမားတော် လေးကိုအိမ်ပင့်ပြီး အကူညီတောင်းခံတော့ လူငယ်သမားတော်လေးက
ပေးလိုက်သောအနောက်တိုင်းဆေးဝါးများကိုလည်းသောက်ပါ၊ ဓါတ်စာလည်း ၀င်အောင်စားပါဆိုပြီး
နေ့တိုင်း ရင်သားကင်ဆာပျောက်စေတဲ့ဓါတ်စာ တစ်ခုပေးပါတယ်။ ထိုဓါတ်စာက ဘာလဲဆိုတော့
ခရမ်းချဉ်သီး (ပုသိမ်အခေါ် မြေပုံသီး )ကို ငါး ရံ ၊ငါးခူ၊ ငါးကျည်း၊ ငါးကြင်းသား၊ ငါးမြင်းချင်း တို့ နှင့်
ဆီပျံရေကျန်ချက်စားခြင်း၊ ငါးရံခြောက် ၊ငါးတံခွန်ခြောက်၊ငါးမြီးတန်သွယ်ခြောက်၊ ငါးတစ်ခြမ်းခြမ်းခြောက်
(ငါးခွေးလျှာ)တို့နှင့်လည်းခရမ်းချဉ်သီးကိုချက်စားစေသည်။ခရမ်းချဉ်သီးကိုငါးပိချက်သဘော အချို
ချက်စားခြင်း၊ ခရမ်းချဉ်သီးများများစားစေပါတယ်၊။ သူမကလည်းပျောက်ချင်တဲ့စိတ်နဲ့ ခရမ်းချဉ်သီးအစေ့
တွေပါထည့်ချက်စားပါတယ်တဲ့။ နောက်ညဘက်အိပ်ရာဝင်ရင် ခရမ်းချဉ်သီးယိုထိုးထားတာလည်း
စားပေးပါတယ်တဲ့ ၊ အဲသလို ဓါတ်စာစားပြီး (၁၅) ရက်လောက်မှာ ရင်သားတင်းတာကိုက်သလိုခံစားရတာ
မရှိသလောက်ဖြစ်လာပြီး၊ တစ်လခွဲပြည့်တော့ လက်ဝတ်လက်စားစုထားတာလေးရောင်းချခြင်း၊ အမျိုးများ
သူငယ်ချင်းများ ၀ိုင်းဝန်းစုပေးသောငွေနှင့် ရန်ကုန်ကိုခွဲစိတ်ဖို့ တက်လာခဲ့ပါတယ်။ ရန်ကုန်မှာဆရာဝန်ကြီး
ကိုပြန်ပြတော့ နောက်ကျလို့ ဆူများဆူလေမလားလို့ လည်းစိုးရိမ်နေခဲ့ပါတယ်တဲ့။ ဒါပေမယ့် ပြန်ပြတဲ့
အချိန်မှာပြန်စမ်းသပ်တော့ ဆရာဝန်ကြီးက အထူးအဆန်း ဖြစ်သွားဟန်နဲ့ အားလုံးပြန်လည်စမ်းသပ်တော့
ကင်ဆာရောဂါဟာလေးပုံပုံရင်တစ်ပုံသာသာပဲ ကျန်တော့တယ်တဲ့ အရမ်းအံ့သြသွားပါတယ်၊ သူမလည်း
ဝမ်းသာလိုက်တဲ့ဖြစ်ခြင်းပါ၊ အဲဒါနဲ့ ဆရာဝန်ကြီးကလည်း ဒါဆိုရင် စောင့်ကြည့်ရင်း ဆက်ကုမယ်ဆိုပြီး
ဆေးဝါးများပေးကာပြန်လွတ်ပါတယ် ၊လက်ရှိစားသောက်တဲ့အစားအသောက်ကိုလည်းမေးမြန်းပါတယ်၊
သူမလည်းအမှန်အတိုင်းပြောပြလိုက်ပါတယ်၊ မြန်မာသမားတော်လေးညွန်တဲ့ ဓါတ်စာကို စားတဲ့အကြောင်း
ပေါ့၊ ဒီတော့ဆရာဝန်ကြီးက အရမ်းကောင်းတယ် အစာလည်းဆေး ဆေးလည်းအစာဆိုတာ စားတတ်ရင်
ရောဂါပျောက်တာပါပဲ၊ မြန်မာ့ဆေးပညာရဲ့ အစွမ်းထက်မှု့ပေါ့ဆိုပြီး ဓါတ်စာဆက်စားရင်း ဆေး နောက်ထပ်
နှစ်လသောက်ပြီး ရန်ကုန်မှာ ဆရာဝန်ကြီးကိုယ်တိုင်ပြန်လည်စစ်ဆေး တဲ့အခါ လုံးဝရင်သားကင်ဆာ
ရောဂါမရှိတော့ဘူးလို့  မှတ်ချက်ရေးပေးလိုက်ပါတယ်။သူမလည်း ၀မ်းသာလွန်းစွာဖြင့်ပုသိမ်ကိုပြန်လာခဲ့
ပါတယ်၊အဲဒီနှစ်ကစပြီး တစ်နှစ်တစ်ခါ ရန်ကုန်မှာရင်သားကင်ဆာသွားရောက်စစ်ဆေးခဲ့ပေမယ့် ၊ အခုချိန်
၂၀၁၂ အထိ လုံးဝပျောက်ကင်းသွားတာကိုတွေ့ ရပြီး၊ကင်ဆာရောဂါလက္ခဏာကိုလည်းမတွေ့ ရခြင်း၊
ညာဘက်ရင်သားမှလည်း ဘာခံစားမှု့မှမရှိတော့ခြင်းကိုတွေ့ ရပါတယ်တဲ့။သူမရဲ့ ကိုယ်တွေ့ ဓါတ်စာ
စားနည်းကို ဝေဒနာတူသူတွေကို ဝေမျှတော့လည်း သူမလိုပဲပျောက်ကင်းသွားတာကိုတွေ့ ရလို့  စာရေးသူ
ကိုလည်း ဝေမျှပေးပါဆိုပြီးဆိုလာပါသဖြင့်။ ဖူးစာရှင်လေးမှမိတ်ဆွေသူငယ်ချင်းများလည်း ကုသိုလ်
ရအောင် ဆက်လက်ဝေမျှပေးလိုက်ပါလို့ ဆိုပြီး စေတနာရှေ့ ထားရေးသားတင်ပြလိုက်ပါတယ်။
ခရမ်းချဉ်သီး(ပုသိမ်အခေါ် မြေပုံသီး)ကိုစားတဲ့အခါ အခြားအသီးအနှံများလည်းတွဲဘက်စားလို့ ရပါသည်။
ငရုပ်သီးစားချင်လျင် အစိမ်းတောင့်ငရုပ်သီး(ငရုပ်သီးစိမ်း)တစ်မျိုးစားလို့ ရပါသည်။ ကြက်သား၊ ၀က်သား၊
ဘဲသား။ ပုဇွန်၊ အမဲသား၊ ပဲအမျိုးမျိုး ၊ လက်ဘက် ၊ နို့နဲ့ ပတ်သက်သောအစာများတော့ ရှောင်ရပါသည်။
ငါးနှင့် အခြားသီးနှံများစားရပါသည်။ အဓိကအစားအစာမှာ ခရမ်းချဉ်သီး(ပုသိမ်အခေါ် မြေပုံသီး)
ဖြစ်ပါသည်။အာဝါးသီးခေါ်ကုလားအော် ငရုပ်သီးအစိမ်းတော့စားလို့ မရပါ။ရိုးရိုးငရုပ်သီးစိမ်းကိုစားပါဟု
ဆိုလိုခြင်းဖြစ်ပါသည်။ဖူးစာရှင်လေးထဲမှမိတ်ဆွေသူငယ်ချင်းများကိုခင်မင်လေးစားစွာဖြင့် -
မောင်နေထွန်းလှိုင်(ပုသိမ်)
မှတ်ချက် ။ ။ အသက် (၄၈) နှစ်သည် သူမ ရင်သားကင်ဆာစတင်ဖြစ်သောနှစ်ဖြစ်ပါသည်၊
အခုသူမအသက် (၅၅) နှစ်ဖြစ်ပါသည်။ သူမသည် ယခုအခါ မိသားစုနှင့်ပျော်ပျော်ရွင်
ရွင်ရောဂါကင်းစွာနေထိုင်လျက်ရှိပါသည်။
အကိုနေထွန်းလှိုင်ရေးတဲ့ ဆေးနည်းကလေးကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။
No comments:
Post a Comment