လမင်းဟာ လရိပ်အဖြစ်နဲ့
ပင်လယ်ရဲ့ ရင်ခွင်မှာ
အိပ်စက်ခွင့်ရပေမဲ့
ပင်လယ်ကတော့
လမင်းကို မော်ကြည့်ယုံမှတပါး
အထီကျန်စွာနဲ့ပေါ့ ။
ပန်းကလေးရဲ့ ဘ၀ဟာပင်လယ်ရဲ့ ရင်ခွင်မှာ
အိပ်စက်ခွင့်ရပေမဲ့
ပင်လယ်ကတော့
လမင်းကို မော်ကြည့်ယုံမှတပါး
အထီကျန်စွာနဲ့ပေါ့ ။
လှပစွာနဲ့ ဖူးပွင့်ချိန်ပဲ
ပိတုန်းနဲ့ လူတွေကသုံးပြီး
ဝတ်ရည်ကုန်လို့ နွမ်းခြောက်သွားရင်တော့
မြေပြင်ပေါ်မှာ
နင်းချေမဲ့ ခြေးလှမ်းတစ်စုံ
စိုးထိတ်စွာ
စောင့်မျှော်ရင်းပေါ့ ။
သစ်ပင်ငယ်ရဲ့ ရင်ခွင်ရိပ်မှာ
တေးချော့သိပ်ပြီး အိပ်စေပေမဲ့လဲ
အဖော်တွေ့လို့
ရုတ်တရက် နှုတ်မဆက်ပဲ
ထပျံသွားတော့
ကျေးငှက်လေးရဲ့
ခြေခတ်ဒဏ်ကြောင့်
ကိုင်းခြောက်လေးလဲ ကျိုးကျရရှာ ။
လိုရာခရီးနဲ့
ခြေတော်တွေ မနာကျင်ရအောင်
အနင်းခံ ဘ၀နဲ့
လမ်းကလေးဟာလဲ
နင်းပြီးရင် နောက်ပြန်မကြည့်တတ်တဲ့ သူတွေကြားထဲ
လမ်းရဲ့ ရင်ပြင်မှာ ဒဏ်ရာတွေ
ဗလပွ
နောက်ထပ်အနင်းခံဖို့
ခံနိုင်ရည်တွေ စုစည်း
နာကျင်ခြင်း မျက်ရည်စတွေနဲ့ပေါ့ ။
မခုန်ဖူးတဲ့ ရင်တစ်စုံကို
နှစ်ချို့အချစ်ဝိုင် ချိုချိုလေးတိုက်ပြီး
အချစ်ကလပ်မှာ
ကြင်နာခြင်းတွေနဲ့ ကခုန်ရင်း
ယစ်မူးချိန် ကျဆုံးလို့
အသိတရားတွေ နိုးထ
ေ၀၀ါးဝါးနဲ့
နှလုံးသား တံခါးဖွင့်ကြည့်လိုက်တော့
အို့
တုံးလုံးပက်လက်နဲ့
ဘ၀စာပွဲမှာ ငါတစ်ယောက်တည်းပါလား ။
နဘယံ
ညီငယ်လေး နဘယံ (၀ဏ္ဏ) ရဲ့ ကဗျာလေးကို ပြန်လည် ခံစားတင်ပြပေးလိုက်တာပါ။
No comments:
Post a Comment