Sunday, August 11, 2013

ဝိတ်ချနည်း

           လူဝကြီးတစ်ယောက်ဟာ ဝိတ်ချချင်တာကြောင့် ကုမ္ပဏီကို ဖုန်းဆက်လိုက်တယ်။ ကုမ္ပဏီရဲ့

အစီအစဉ်တွေကို မေးပြီး (၅) ရက်ကို (၁၀) ပေါင် ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်းကိုယူမယ်လို့ ပြောလိုက်

တယ်။

 နောက်နေ့မနက်မှာတော့...

            အိမ်တခါးခေါက်သံကြားလို့ သွားဖွင့်ပေးလိုက်တယ်။ ၁၉ နှစ်အရွယ် ချစ်စရာကောင်းတဲ့

အား ကစားမယ်လေး တစ်ယောက် ရပ်နေတာ တွေ့တယ်။ ကလေးတစ်ယောက်လို ဝတ်ဆင်ထား ပြီး

Nike အပြေးလေ့ကျင့်တဲ့ ဖိနပ်တစ်ရံ ဝတ်ဆင်ထားပြီး လည်ပင်းမှာချိတ်ဆွဲထားတဲ့ စာတစ် ကြောင်းလည်း

ရှိပါတယ်။ မိန်းမငယ်လေးက သူ့ကိုယ်သူ ကုမ္ပဏီက လွှတ်လိုက်တဲ့ ကိုယ်စား လှယ် ဖြစ်ကြောင်း

မိတ်ဆက်ပြီး လည်ပင်းက စာကို ဖတ်ပြလိုက်တယ်။


               """ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""

           လူဝကြီး သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ မှီအောင် အတင်းပြေးလိုက် တော့တယ်။

မိုင်အတော်လေး ပြေးပြီးတဲ့နောက် မောဟိုက်လွန်းတာကြောင့် စိတ်မတင်မကျနဲ့ပဲ အရှုံးပေး လိုက်တယ်။

မိန်းမငယ်လေးက နောက်ထပ် လေးရက်စလုံးလည်း ဒီလိုပဲ ရောက်လာပြီး ပြေး ကြတယ်။ ၅ ရက်

မြောက်နေ့မှာတော့ ကုမ္ပဏီက ကတိပေးထားတဲ့အတိုင်း (၁၀) ပေါင် ဝိတ် ကျသွားမှန်းသိလိုက်တယ်။

           ကျေနပ်စွာပဲ နောက်တစ်နေ့မှာတော့ ကုမ္ပဏီကို ထပ်ဖုန်းဆက်ပြီး (၅) ရက်ကို ပေါင် (၂၀)

ကျတဲ့ လေ့ကျင့်ခန်း ထပ်ယူမယ်လို့ မှာလိုက်တယ်။

            နောက်နေ့မနက်မှာ အိမ်တခါးခေါက်လို့ သွားဖွင့်ပေးလိုက်တော့...

သူ့ဘဝမှာ သူတွေ့ဖူးသမျှ၊ ကြုံဖူးလာသမျှ အချောဆုံး၊ အလှဆုံးလို့ ထင်ရလောက်တဲ့ အချိုး အစားကျကျ

မိန်းမပျိုလေး တစ်ယောက် ရပ်နေတာ တွေ့ပြန်တယ်။ Reebok လေ့ကျင့်ဖိနပ် တစ်ရံကလွဲလို့ ဘာမှ

ဝတ်ဆင် မထားဘူး။ လည်ပင်းမှာ စာတန်း တစ်ခုပဲရှိတယ်။ အဲ့ဒါက...

              """ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""

            မိန်းမပျိုလေးက ခန္ဓာကိုယ့် အချိုး၊ အစားကအစ ချောမောပြေပြစ်၊ လှလွန်းတာကြောင့် ပိုပြီး

ကြိုးစားပန်းစား ပြေးလိုက်တာပေါ့။ ဒါပေမယ် ကံမကောင်းစွာပဲ မှီအောင်မလိုက် နိုင်ပြန်ဘူး။ နောက်ထပ်

လေးရက်လည်း ဒီလိုပဲ လိုက်ကြ၊ ပြေးကြတာပေါ့ဗျာ။ သူ့ခန္ဓာကိုယ်က ပိုပြီးကြည့် ကောင်းလာတာကလွဲပြီး

မှီအောင်တော့ မလိုက်နိုင်ခဲ့ပါဘူး။ (၅) ရက်မြောက်နေ့မှာတော့ သူ့ ကိုယ်သူ ပေါင် (၂၀) လျော့ကျသွားမှန်း

 သိလိုက်တော့ ဝမ်းမြောက်သွားတယ်။

          မကျေနပ်သေးဘဲ ကုမ္ပဏီကို နောက်တစ်ခါ ဖုန်းထပ်ဆက်ပြီး (၇) ရက်ကို ပေါင် (၅၀) ကျ စေတဲ့

 လေ့ကျင့်ခန်းကို မှာလိုက်တယ်။ ကုမ္ပဏီက သေချာအောင် ပြန်မေးတယ်။
   
                 """ခင်ဗျား တစ်ကယ်ပဲ ဒီလေ့ကျင့်ခန်းကို လုပ်ချင်ပါသလား။ ဒီလေ့ကျင့်ခန်းက ကုမ္ပဏီရဲ့

အရမ်းတင်းကြပ်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ပါ"""

                  """အသေအချာပါပဲ။ ဒီနှစ်တွေမှာ အဲ့ဒီလိုအရသာ မခံစားရတာ ကြာပြီမို့ စမ်းသပ်ကြည့်ချင်

ပါသေးတယ်""" လို့ သူပြန်ပြောလိုက်တယ်။

        နောက်တစ်နေ့ မနက်မှာတော့ တခါးခေါက်သံ ကြားတာနဲ့ အပြေးလေး သွားဖွင့်ပေးလိုက်ပါ တယ်။

ခန္ဓာကိုယ်က တောင့်တင်း ခိုင်မာပြီး ကြွက်သားတွေနဲ့ ဖုထစ်ထွက်နေတဲ့ လူသန်ကြီး တစ်ယောက်

ရပ်နေတာကို တွေ့လိုက်တယ်။ ပန်းရောင်ဖိနပ်တစ်ရံကလွဲပြီး ဘာမှဝတ်မထား ဘူး။ လည်ပင်းမှာတော့

စာတစ်ကြောင်း ရေးဆွဲထားတယ်။

                                  """မင်းကို ငါမှီရင် မင်းဟာ ငါ့အတွက်ပဲ"""

                         အဲ့ဒီအပတ်မှာတော့ သူ့ကိုယ်သူ ( ၆၃ ) ပေါင် ကျသွားမှန်း သိလိုက်တယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...