Saturday, August 10, 2013
လွန်ဆွဲတဲ့အခါ ကိုယ့်ဘက်က နိုင်အောင် ဘယ်လိုဆွဲရမလဲ
တစ်ဖက်နဲ့တစ်ဖက် အားပြိုင်ပြီး လွန်ဆွဲတဲ့ပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်။ များသောအားဖြင့်တော့
ပြိုင်ပွဲလုပ်ပြီး ဆု ချီးမြှင့်လေ့ရှိကြတယ်။ မြန်မာ့အယူအဆအရ မိုးရွာအောင် လွန်ဆွဲပွဲတွေ လုပ်ကြ
တာလည်း ရှိတယ်။ ပြေးခုန်ပစ် အားကစား ပြိင်ပွဲတွေမှာလည်း ပွဲစဉ်တစ်ခု အနေနဲ့ ပါလာတတ်စမြဲပါ။
အဲဒီလို လွန်ဆွဲပွဲ ပြုလုပ်ကြတဲ့အခါမှာ တစ်ဖက်စီမှာ လူအရေအတွက် ညီတူညီမျှ ရှိကြရတယ်။
အားသန်တဲ့ဖက်က နိုင်တယ်လို့ အကြမ်းဖျင်း ပြောလေ့ရှိတယ်။ ဒါပေမယ့် အင်အားချင်း တူလာရင်
နည်းပရိယာယ် သုံးတဲ့သူက အနိုင်ရသွားတာ များပါတယ်။ကြိုးက ရေပြင်ညီမှာ ရှိနေရင် ကြိုးပေါ်
သက်ရောက်တဲ့အားက တစ်ဖက်စီမှာ ရှိတဲ့ ဆွဲအား သက်သက်ပဲ ရှိနေပါလိမ့်မယ်။
ရူပဗေဒ သဘောတရားအရ ကမ္ဘာမြေရဲ့ ဆွဲအားကို ထည့်သုံးနိုင်ရင် အားပိုရလာမှာ ဖြစ်ပါတယ်။
ရေပြင်ညီထက် နိမ့်ကျတဲ့ လားရာမျိုးနဲ့ အားဖြစ်လာရင် နိမ့်ကျလာတဲ့ အစောင်း ဒီဂရီအလိုက်
ကမ္ဘာမြေရဲ့ ဆွဲအား ပါဝင်လာစေပါတယ်။ ဥပမာ- ရေပြင်ညီအောင် စောင်းသွားတဲ့ထောင့် ဒီဂရီဟာ
a ရှိတယ် ဆိုပါစို့။ အပို ဆောင်းလာမယ့် အားဟာ g sin a ဖြစ်နေပါလိမ့်မယ်။( ဒီနေရာမှာ
g sin a ဟာ ကြိုးပေါ်မှာ သက်ရောက်နေတဲ့ အားရဲ့ ကမ္ဘာမြေဘက်က အားခွဲတစ်ခုပါပဲ )။ ဒါ့ကြောင့်မို့
a ဆိုတဲ့ ထောင့် ဒီဂရီကို လိုက်ပြီး ဆွဲအားပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။
ဒ့ါကြောင့် နောက်ဆုံးက ကြိုးကိုင်တဲ့သူကိုအတတ်နိုင်ဆုံးဝပ်ဆင်းပြီး တောင့်ထားခိုင်းလေ့
ရှိကြပါတယ်။ မြေပြင်ပေါ်မှာ ခြေထောက်နဲ့ တောင့်ယူထားတဲ့ ပွတ်အား၊ လက်က ဆွဲထားတဲ့ဆွဲအားနဲ့
ကမ္ဘာမြေကြီးရဲ့ဆွဲအား တစ်စိတ်တစ်ဒေသတို့ကို နည်းစနစ်ကျကျ ပေါင်းသုံးလိုက်ရင် အင်အားချင်း
မတိမ်းမယိမ်း ဖြစ်နေတဲ့အဖွဲ့ကို အသာလေး အနိုင်ရနိုင်ပါလိမ့်မယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment