Saturday, August 10, 2013

မင်းသမီး

  မင်းသမီး။   ။ တရားသူကြီးရှင့် ဒီစာရေးဆရာဟာ သူ့ရဲ့ ဝေဖန်ရေး ဆောင်းပါးထဲမှာ

                      ကျွန်မကို  ၀က်မ  လို့ သုံးနှုံးပြီး ရေးထားပါတယ်။ အဲဒီ အတွက်သူ့ကို

                      တရားစွဲဆိုပါတယ်။ ဟောဒီမှာ သက်သေအဖြစ် သူရေးထားတဲ့ ဝေဖန်ရေး

                      ဆောင်းပါးပါ။



  တရားသူကြီး။   ။ သက်သေ အထောက်အထား ခိုင်လုံတဲ့အတွက် မောင်မင်း

                      မင်းသမီးကို အများရှေ့မှာ လူသိရှင်ကြား တောင်းပန်ပါ။ အဲလိုမှ

                      မဟုတ်ရင် မောင်မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်။



  စာရေးဆရာ။   ။ ကောင်းပါပြီ တစ်ခုမေးပါရစေ တရားသူကြီးမင်း ခင်ဗျား

                     မင်းသမီးကို ၀က်မ လို့ ခေါ်တာ ကျွန်တော့မှာ အပြစ်ရှိတယ်ပေါ့။



  တရားသူကြီး။   ။ ဟုတ်တယ်။ မခေါ်နိုင်ဘူး ထပ်ခေါ်ရင် ထပ်တရားစွဲခံရလိမ့်မယ်။

   စာရေးဆရာ။   ။ ဟုတ်ပါပြီ ဒါဆို ၀က်မ ကိုရော မင်းသမီးလို့ ခေါ်ရင် တရားဥပဒေနဲ့

                       ငြိစွန်းပါသလားခင်ဗျာ

  တရားသူကြီး။   ။ မငြိစွန်းပါဘူး

   စာရေးဆရာ။   ။ ဒါဆို ၀က်မကို မင်းသမီးလို့ခေါ်ရင် ကျွန်တော့မှာ အပြစ်မရှိဘူးပေါ့နော်

  တရားသူကြီး။   ။ ဟုတ်တယ် မရှိဘူး

   စာရေးဆရာ။   ။ ကောင်းပါပြီဗျာ အများရှေ့မှာပဲ ကျွန်တော် တောင်းပန်ပါ့မယ်

                       ကဲ .. ဒီအမှုမှာ အနိုင်ရသွားတဲ့ ခင်ဗျားကို ကျွန်တော် တောင်းပန်ပါတယ်

                       မင်းသမီး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...